ျမန္မာ့လယ္ယာဖြံ႕ျဖိဳးေရးဘဏ္တြင္ ေခ်းေငြရယူႏိုင္ၿပီ - Property News in Myanmar from iMyanmarHouse.com
2564 Views

ျမန္မာ့လယ္ယာဖြံ႕ျဖိဳးေရးဘဏ္တြင္ ေခ်းေငြရယူႏိုင္ၿပီ

### Zawgyi Version ###

ေတာင္သူလယ္သမားမ်ား ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္တြင္ ေခ်းေငြရယူႏိုင္ၿပီျဖစ္ေၾကာင္းစီမံကိန္း ႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ သိရသည္။

စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ျမန္မာ့လယ္ယာဖြံ႕ျဖိဳးေရးဘဏ္ အေနျဖင့္ လုပ္ကြက္ငယ္ေတာင္သူ လယ္သမားမ်ားသို႔ ႏွစ္စဥ္ စိုက္ပ်ိဳး စရိတ္ေခ်းေငြမ်ားကို ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း၊ ေတာင္သူတစ္ဦးခ်င္းက မိမိတို႔ပိုင္ဆိုင္ေသာ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ (၇) မူရင္းကို ဘဏ္တြင္ အေပါင္အျဖစ္ထား၍ ေတာင္သူတစ္ဦးခ်င္း ကိုယ္တိုင္ အာမခံေသာစနစ္ျဖင့္ ေခ်းေငြမ်ားရယူနိုင္ေၾကာင္းသိရသည္။ယခုအခါ သီးႏွံအမ်ိဳးအစားအလိုက္ စပါး ၁ ဧက က်ပ္ ၁၅၀ဝ၀ဝ ႏႈန္း၊ အျခားသီးႏွံမ်ားႏွင့္ခ်က္ႀကံကို ၁ ဧက က်ပ္ ၁၀ဝ၀ဝ၀ ႏႈန္းျဖင့္ ေခ်းေငြေပးလ်က္ရွိေၾကာင္းသိရသည္။

လက္ရွိ အစိုးရကာလ ၂၀၁၆-၂၀၁၇ ခုႏွစ္တြင္ စပါးေခ်းေငြ ႏႈန္းထားကို တစ္ဧကက်ပ္ (၁) သိန္းမွ (၁) သိန္းခြဲ၊အျခားသီးႏွံကို ၂၀၁၇-၂၀၁၈ ခုႏွစ္တြင္ က်ပ္ (၂) ေသာင္းမွ (၅) ေသာင္း၊၂၀၁၈-၂၀၁၉ ခုႏွစ္တြင္ က်ပ္ (၅) ေသာင္းမွ (၁) သိန္းသို႔လည္းေကာင္း ေခ်းေငြ ႏႈန္းထား (၃) ႀကိမ္ တိုးျမႇင့္ခဲ့ၿပီးျဖစ္ပါသည္။

၂၀၁၉-၂၀၂၀ ခုႏွစ္တြင္ လက္ရွိထုတ္ေခ်းေပးလ်က္ရွိေသာ သီးႏွံ ၁၄ မ်ိဳးအျပင္ ထပ္မံတိုးခ်ဲ႕၍ ပဲမ်ိဳးစုံ ၄ မ်ိဳး (ေထာပတ္ပဲ၊ ပဲႀကီး၊ ပဲယဥ္း၊ စားေတာ္ပဲ)၊ ဆီထြက္သီးႏွံ ၂ မ်ိဳး (ပန္းႏွမ္း၊ ေနၾကာ)၊ စားဖိုေဆာင္သီးႏွံ ၂ မ်ိဳး (ၾကက္သြန္နီ၊ င႐ုတ္) စသည့္ ျပည္ပပို႔ကုန္ႏွင့္ ျပည္တြင္းတြင္ စားသုံးမႈမ်ားျပားေသာ အျခားသီးႏွံ ၈ မ်ိဳးကို ေဆာင္းေခ်းေငြမွစတင္ၿပီး ယခင္ႏွစ္ႏႈန္းထားအတိုင္း ထုတ္ေခ်းသြားမည္ျဖစ္ေၾကာင္းသိရသည္။

စိုက္ပ်ိဳးစရိတ္ေခ်းေငြ ရယူေသာေတာင္သူမ်ားအေနျဖင့္ ေဆာင္းေခ်းေငြမွာ ၂၀၁၉ ေအာက္တိုဘာမွ ဒီဇင္ဘာလကုန္အထိထုတ္ေခ်းမည္ျဖစ္ၿပီး ၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာလ ၁၅ ရက္ေန႔တြင္ ေနာက္ဆုံးျပန္လည္ေပး ဆပ္ရမည္ျဖစ္သည္။

မိုးႀကိဳေခ်းေငြအေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္ဇန္နဝါရီလဆန္းမွမတ္လအထိျဖစ္ၿပီး ျပန္ဆပ္ကာလမွာ ၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလကုန္အထိေနာက္ဆုံးသတ္မွတ္ထားသည္။

မိုးေခ်းေငြအေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္ ေမလဆန္းမွစက္တင္ဘာလကုန္အထိျဖစ္ၿပီး ျပန္ဆပ္ကာလမွာ ၂၀၂၁ ခုႏွစ္ ဧၿပီလ ၁၅ ရက္ေန႔ေနာက္ဆုံးထားျပန္ဆပ္ရမည္ျဖစ္ေကာင္းသိရသည္။

ယခင္က ေဆာင္းေခ်းေငြကို ေအာက္တိုဘာလဆန္းမွ ဒီဇင္ဘာလကုန္အထိ ထုတ္ေခ်းေပးခဲ့ၿပီး ေနာက္ႏွစ္ ဇြန္လကုန္တြင္ ေနာက္ဆုံးေပးဆပ္ရန္ သတ္မွတ္ခဲ့ရာမွ ယခုႏွစ္တြင္ ေတာင္သူမ်ားအဆင္ျပေစရန္ ေနာက္ဆုံး ေပးဆပ္ရန္ရက္ကို စက္တင္ဘာ ၁၅ ရက္ေန႔အထိ သတ္မွတ္ေပးထားသည္။

ေတာင္သူမ်ားအေနျဖင့္ ေခ်းေငြရယူႏိုင္ေရးအတြက္ မိမိတို႔ ရပ္ကြက္/ ေက်းရြာအုပ္စုအလိုက္ ေခ်းေငြစိစစ္ေရး အဖြဲ႕မ်ား၊ သက္ဆိုင္ရာၿမိဳ႕နယ္ဘဏ္ခြဲမ်ားႏွင့္ ဆက္သြယ္ေဆာင္ရြက္ၾကပါရန္ စီမံကိန္းႏွင့္ဘ႑ာေရး ဝန္ႀကီးဌာန ျမန္မာ့လယ္ယာဖြံ႕ျဖိဳးေရးဘဏ္က တိုက္တြန္းႏိႈး ေဆာ္ထားေၾကာင္း MOI မွသိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

တောင်သူလယ်သမားများ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ချေးငွေရယူနိုင်ပြီဖြစ်ကြောင်းစီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် လုပ်ကွက်ငယ်တောင်သူ လယ်သမားများသို့ နှစ်စဉ် စိုက်ပျိုး စရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း၊ တောင်သူတစ်ဦးချင်းက မိမိတို့ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) မူရင်းကို ဘဏ်တွင် အပေါင်အဖြစ်ထား၍ တောင်သူတစ်ဦးချင်း ကိုယ်တိုင် အာမခံသောစနစ်ဖြင့် ချေးငွေများရယူနိုင်ကြောင်းသိရသည်။ယခုအခါ သီးနှံအမျိုးအစားအလိုက် စပါး ၁ ဧက ကျပ် ၁၅၀ဝဝဝ နှုန်း၊ အခြားသီးနှံများနှင့်ချက်ကြံကို ၁ ဧက ကျပ် ၁၀ဝဝဝ၀ နှုန်းဖြင့် ချေးငွေပေးလျက်ရှိကြောင်းသိရသည်။

လက်ရှိ အစိုးရကာလ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စပါးချေးငွေ နှုန်းထားကို တစ်ဧကကျပ် (၁) သိန်းမှ (၁) သိန်းခွဲ၊အခြားသီးနှံကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျပ် (၂) သောင်းမှ (၅) သောင်း၊၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျပ် (၅) သောင်းမှ (၁) သိန်း သို့လည်းကောင်း ချေးငွေ နှုန်းထား (၃) ကြိမ် တိုးမြှင့်ခဲ့ပြီးဖြစ်ပါသည်။

၂၀၁၉-၂၀၂၀ ခုနှစ်တွင် လက်ရှိထုတ်ချေးပေးလျက်ရှိသော သီးနှံ ၁၄ မျိုးအပြင် ထပ်မံတိုးချဲ့၍ ပဲမျိုးစုံ ၄ မျိုး (ထောပတ်ပဲ၊ ပဲကြီး၊ ပဲယဉ်း၊ စားတော်ပဲ)၊ ဆီထွက်သီးနှံ ၂ မျိုး (ပန်းနှမ်း၊ နေကြာ)၊ စားဖိုဆောင်သီးနှံ ၂ မျိုး (ကြက်သွန်နီ၊ ငရုတ်) စသည့် ပြည်ပပို့ကုန်နှင့် ပြည်တွင်းတွင် စားသုံးမှုများပြားသော အခြားသီးနှံ ၈ မျိုးကို ဆောင်းချေးငွေမှစတင်ပြီး ယခင်နှစ်နှုန်းထားအတိုင်း ထုတ်ချေးသွားမည်ဖြစ်ကြောင်းသိရသည်။

စိုက်ပျိုးစရိတ်ချေးငွေ ရယူသောတောင်သူများအနေဖြင့် ဆောင်းချေးငွေမှာ ၂၀၁၉ အောက်တိုဘာမှ ဒီဇင်ဘာလကုန်အထိထုတ်ချေးမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် နောက်ဆုံးပြန်လည်ပေး ဆပ်ရမည်ဖြစ်သည်။

မိုးကြိုချေးငွေအနေဖြင့် ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီလဆန်းမှမတ်လအထိဖြစ်ပြီး ပြန်ဆပ်ကာလမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကုန်အထိနောက်ဆုံးသတ်မှတ်ထားသည်။

မိုးချေးငွေအနေဖြင့် ၂၀၂၀ ပြည့်နှစ် မေလဆန်းမှစက်တင်ဘာလကုန်အထိဖြစ်ပြီး ပြန်ဆပ်ကာလမှာ ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့နောက်ဆုံးထားပြန်ဆပ်ရမည်ဖြစ်ကောင်းသိရသည်။

ယခင်က ဆောင်းချေးငွေကို အောက်တိုဘာလဆန်းမှ ဒီဇင်ဘာလကုန်အထိ ထုတ်ချေးပေးခဲ့ပြီး နောက်နှစ် ဇွန်လကုန်တွင် နောက်ဆုံးပေးဆပ်ရန် သတ်မှတ်ခဲ့ရာမှ ယခုနှစ်တွင် တောင်သူများအဆင်ပြစေရန် နောက်ဆုံး ပေးဆပ်ရန်ရက်ကို စက်တင်ဘာ ၁၅ ရက်နေ့အထိ သတ်မှတ်ပေးထားသည်။

တောင်သူများအနေဖြင့် ချေးငွေရယူနိုင်ရေးအတွက် မိမိတို့ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ချေးငွေစိစစ်ရေး အဖွဲ့များ၊ သက်ဆိုင်ရာမြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ကြပါရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တိုက်တွန်းနှိုး ဆော်ထားကြောင်း MOI မှသိရသည်။

 

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service