စည်ပင်တိုက်ခန်းဌားရမ်းခ တစ်လနှစ်သောင်းကျော်သာရှိ - Property News in Myanmar from iMyanmarHouse.com
1023 Views

စည်ပင်တိုက်ခန်းဌားရမ်းခ တစ်လနှစ်သောင်းကျော်သာရှိ

### Zawgyi Version ###











 

### Unicode Version ###

စည်ပင်ကပိုင်ရှင်အဖြစ် ယာယီထိန်းသိမ်းထားတဲ့ တိုက်ခန်းတစ်ခန်းဌားရမ်းခနှုန်းထားက တစ်လကို ငွေကျပ် နှစ်သောင်းကျော်ပဲ ရှိတယ်လို့ သတင်းရရှိပါတယ်။

ရန်ကုန်မှာ မြို့နယ်အလိုက် စည်ပင်ကနေ ယာယီထိန်းသိမ်းထားတဲ့ တိုက်ခန်းအရေအတွက် လေးရာကျော်ရှိပြီး နှစ်ရာကျော်ကိုတော့ ဌားရမ်းထားတယ်လို့ မြို့တော်ဝန်ကပြောခဲ့တာပါ။

ဒီနှုန်းထားဟာ မြေပြင်က ဌားရမ်းခနှုန်းထားတွေနဲ့ ကွာခြားမှုရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။

စည်ပင်ကတော့ ဒီအခန်းတွေကို ဌားရမ်းတဲ့အခါမှာ ဝန်ထမ်းတွေကိုသာ ဌားရမ်းထားတာလို့ မြို့တော်ဝန်ကပြောပါတယ်။ ဝန်ထမ်းတွေကနေ တစ်ဆင့်ပြန်ဌားတာတွေရှိနေတဲ့အတွက် အဲဒါကိုဘယ်လိုစီမံနေပါသလဲလို့လည်း ဒေါ်ကြည်ပြာကမေးခဲ့ပါတယ်။

အဲဒီ့တိုက်ခန်းတွေကို ၂၀၁၆-၂၀၁၇ မှာ တစ်စတုရန်းပေးကို ပျမ်းမျှ လေးကျပ်ဝန်းကျင်နဲ့ ဌားရမ်းခဲ့ပြီး ၂၀၁၇-၂၀၁၈ မှာတော့ ဌားရမ်းခကို ဆယ်ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံခဲ့တယ်လို့ သိရပါတယ်။

အခုဘဏ္ဍာနှစ်မှာလည်း နောက်ထပ်ဆယ်ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမယ်လို့ မြို့တော်ဝန်ကပြောပါတယ်။

ဌားရမ်းထားတဲ့ တိုက်ခန်းတွေကနေ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ငွေကျပ် ခြောက်ရာ့ရှစ်ဆယ့်ငါးသိန်းရရှိခဲ့ပြီး ၂၀၁၈ ဧပြီကနေ စက်တင်ဘာလအထိတော့ ငွေကျပ် သိန်းသုံးရာ့ငါးဆယ်ကျော် ရရှိထားတယ်လို့သိရပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

myat-ingyin
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service