တရားဝင္လမ္းေၾကာင္းမွ ေငြလႊဲပို႔ျခင္းအား အေလးထားေဆာင္ရြက္ၾကရန္လို - Property News in Myanmar from iMyanmarHouse.com
985 Views

တရားဝင္လမ္းေၾကာင္းမွ ေငြလႊဲပို႔ျခင္းအား အေလးထားေဆာင္ရြက္ၾကရန္လို

### Zawgyi Version ###

တရားဝင္လမ္းေၾကာင္းမွ ေငြလႊဲပို႔ျခင္းအား အေလးထားေဆာင္ရြက္ၾကရန္ ျပည္ပႏိုင္ငံမ်ားသို႔သြားေရာက္ အလုပ္လုပ္ကိုင္ေနၾကေသာ ျမန္မာႏိုင္ငံသားမ်ားအားအလုပ္သမားညႊန္ၾကားေရးဦးစီးဌာနမွတိုက္တြန္းထားသည္။

ျပည္ပႏိုင္ငံမ်ားသို႔ ၁၉၉၀ ခုႏွစ္မွစ၍ ျမန္မာအလုပ္သမားမ်ား စတင္သြားေရာက္ခဲ့၍ စနစ္တက်သြားေရာက္ လုပ္ကိုင္ႏိုင္ရန္ ၁၉၉၉ ခုႏွစ္ျပည္ပအလုပ္အကိုင္ဆိုင္ရာ ဥပေဒႏွင့္အညီ အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန၌တရားဝင္မွတ္ပုံတင္ထားေသာ ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္လိုင္စင္ရ ေအဂ်င္စီ ၂၉၈ ခုမွတစ္ဆင့္ ျပည္ပႏိုင္ငံမ်ားသို႔ အလုပ္သမားမ်ားေစလႊတ္လွ်က္ရွိၿပီး ၁၉၉၀ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္ ဇြန္လအထိ အလုပ္သမားဦးေရ ၁.၀၆ သန္းကို တရားဝင္ေစလႊတ္ခဲ့ေၾကာင္းသိရသည္။

ႏိုင္ငံလူဦးေရ၏ ၁၀ ရာခိုင္ႏႈန္းခန္႔သည္ ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္လုပ္ကိုင္လ်က္ရွိွိၿပီး ထိုင္းႏိုင္ငံႏွင့္မေလးရွားႏိုင္ငံရွိအေထာက္အထားမဲ့ အလုပ္သမားမ်ားအားအေထာက္အထားျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္စာရင္းအရ ၂၀၁၄ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္ ဇြန္အထိ မွတ္ပုံတင္ထားေသာ ျပည္ပ အလုပ္အကိုင္ အက်ိဳးေဆာင္လိုင္စင္ရ ေအဂ်င္စီမ်ားမွတစ္ဆင့္ ျပည္ပႏိုင္ငံမ်ားသို႔သြားေရာက္လုပ္ကိုင္လွ်က္ရွိသည့္ အလုပ္သမားမ်ားႏွင့္ျပည္ပႏိုင္ငံမ်ားတြင္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေရာက္ရွိေနသူမ်ားမွ ျမန္မာႏိုင္ငံရွိ ၎တို႔၏မိသားစုမ်ားထံ ေငြျပန္လည္လႊဲပို႔လ်က္ရွိေၾကာင္းသိရသည္။

လႊဲပို႔ေငြအေျခအေနမွာ ၂၀၁၄ ခုႏွစ္တြင္ လူဦးေရ ၁၃၇၉၅၉ ဦး မွ လႊဲပို႔ေငြ အေမရိကန္ေဒၚလာ ၁၀၁. ၇၉၃ သန္း၊၂၀၁၅ ခုႏွစ္တြင္ လူဦးေရ ၃၄၀၉၆၈ ဦးမွ အေမရိကန္ေဒၚလာ ၂၇၁.၂၉၃ သန္း၊၂၀၁၆ ခုႏွစ္တြင္ ၅၀၁၉၀၁ ဦးမွ အေမရိကန္ေဒၚလာ ၄၆၁.၁၈၅ သန္း၊ ၂၀၁၇ ခုႏွစ္တြင္ လူဦးေရ ၆၄၇၇၄၃ ဦးမွ အေမရိကန္ေဒၚ လာ ၆၃၂.၁၄၄ သန္း၊၂၀၁၈ ခုႏွစ္တြင္ လူဦးေရ ၉၁၀၇၀၅ ဦးမွ အေမရိကန္ ေဒၚလာ ၉၀၉.၈၁၄ သန္းႏွင့္ ၂၀၁၉ ဇန္နဝါရီလမွဇြန္လ အထိ လူဦးေရ ၅၅၆၁၄၈ ဦးမွ အေမရိကန္ေဒၚလာ ၅၂၆.၆၈၅ သန္း လႊဲပို႔ခဲ့ၾကသည္။

ျပည္ပသြားေရာက္အလုပ္လုပ္ကိုင္သည့္ အလုပ္သမားမ်ားအပါအဝင္ ျပည္ပေရာက္ႏိုင္ငံသားမ်ားအေနျဖင့္ မိမိတို႔၏ဝင္ေငြမ်ားကို မိသားစုထံလႊဲပို႔ရာတြင္သက္ဆုိင္ရာႏိုင္ငံရွိ ဘဏ္မ်ားမွတစ္ဆင့္ တရားဝင္လမ္းေၾကာင္းမွ လႊဲပို႔ျခင္းျဖင့္လုံျခံဳစိတ္ခ်စြာလႊဲပို႔ႏိုင္သကဲ့သို႔ ႏိုင္ငံ၏ ျပည္တြင္းအသားတင္ထုတ္လုပ္မႈတန္ဖိုး (GDP) ကို အေထာက္အကူျပဳႏိုင္မည္ျဖစ္သျဖင့္ တရားဝင္လမ္းေၾကာင္းမွ ေငြလႊဲပို႔ျခင္းအား အေလးထားေဆာင္ရြက္ၾက ရန္လိုအပ္ပါသည္ဟုအလုပ္သမားညႊန္ၾကားေရးဦးစီးဌာနကႏိုင္ငံပိုင္သတင္းစာမွတိုက္တြန္းထားသည္။

 

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

တရားဝင်လမ်းကြောင်းမှ ငွေလွှဲပို့ခြင်းအား အလေးထားဆောင်ရွက်ကြရန် ပြည်ပနိုင်ငံများသို့သွားရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှတိုက်တွန်းထားသည်။

ပြည်ပနိုင်ငံများသို့ ၁၉၉၀ ခုနှစ်မှစ၍ မြန်မာအလုပ်သမားများ စတင်သွားရောက်ခဲ့၍ စနစ်တကျသွားရောက် လုပ်ကိုင်နိုင်ရန် ၁၉၉၉ ခုနှစ်ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့်အညီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၌တရားဝင်မှတ်ပုံတင်ထားသော ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၂၉၈ ခုမှတစ် ဆင့် ပြည်ပနိုင်ငံများသို့ အလုပ်သမားများစေလွှတ်လျှက်ရှိပြီး ၁၉၉၀ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လအထိ အလုပ် သမားဦးရေ ၁.၀၆ သန်းကို တရားဝင်စေလွှတ်ခဲ့ကြောင်းသိရသည်။

နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်လျက်ရှှိပြီး ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ အလုပ်သမားများအား အထောက်အထား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာရင်းအရ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်အထိ မှတ်ပုံတင်ထားသော ပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့သွားရောက် လုပ်ကိုင်လျှက်ရှိသည့် အလုပ်သမားများနှင့်ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူများမှ မြန်မာနိုင်ငံရှိ ၎င်းတို့၏မိသားစုများထံ ငွေပြန်လည်လွှဲပို့လျက်ရှိကြောင်းသိရသည်။

လွှဲပို့ငွေအခြေအနေမှာ ၂၀၁၄ ခုနှစ်တွင် လူဦးရေ ၁၃၇၉၅၉ ဦး မှ လွှဲပို့ငွေ အမေရိကန်ဒေါ်လာ ၁၀၁. ၇၉၃ သန်း၊၂၀၁၅ ခုနှစ်တွင် လူဦးရေ ၃၄၀၉၆၈ ဦးမှ အမေရိကန်ဒေါ်လာ ၂၇၁.၂၉၃ သန်း၊၂၀၁၆ ခုနှစ်တွင် ၅၀၁၉၀၁ ဦးမှ အမေရိကန်ဒေါ်လာ ၄၆၁.၁၈၅ သန်း၊ ၂၀၁၇ ခုနှစ်တွင် လူဦးရေ ၆၄၇၇၄၃ ဦးမှ အမေရိကန်ဒေါ် လာ ၆၃၂.၁၄၄ သန်း၊၂၀၁၈ ခုနှစ်တွင် လူဦးရေ ၉၁၀၇၀၅ ဦးမှ အမေရိကန် ဒေါ်လာ ၉၀၉.၈၁၄ သန်းနှင့် ၂၀၁၉ ဇန်နဝါရီလမှဇွန်လ အထိ လူဦးရေ ၅၅၆၁၄၈ ဦးမှ အမေရိကန်ဒေါ်လာ ၅၂၆.၆၈၅ သန်း လွှဲပို့ခဲ့ကြသည်။

ပြည်ပသွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားများအပါအဝင် ပြည်ပရောက်နိုင်ငံသားများအနေ ဖြင့် မိမိတို့၏ဝင်ငွေများကို မိသားစုထံလွှဲပို့ရာတွင်သက်ဆိုင်ရာနိုင်ငံရှိ ဘဏ်များမှတစ်ဆင့် တရားဝင်လမ်းကြောင်းမှ လွှဲပို့ခြင်းဖြင့်လုံခြုံစိတ်ချစွာလွှဲပို့နိုင်သကဲ့သို့ နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ကို အထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် တရားဝင်လမ်းကြောင်းမှ ငွေလွှဲပို့ခြင်းအား အလေးထားဆောင်ရွက်ကြ ရန်လိုအပ်ပါသည်ဟုအလုပ်သမားညွှန်ကြားရေးဦးစီးဌာနကနိုင်ငံပိုင်သတင်းစာမှတိုက်တွန်းထားသည်။

 

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service