iMyanmarHouse.com မှကြီးမှူး၍ Emerald Bay အဆင့်မြင့်အိမ်ရာအရောင်းပြပွဲ အောင်မြင်စွာကျင်းပခဲ့ - Property News in Myanmar from iMyanmarHouse.com
859 Views
iMyanmarHouse.com မှကြီးမှူး၍ Emerald Bay အဆင့်မြင့်အိမ်ရာအရောင်းပြပွဲ အောင်မြင်စွာကျင်းပခဲ့
### Zawgyi Version ###
iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ Emerald Bay အဆင့်မြင့်အိမ်ရာအရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ ( ၂၈ ၊ ၂၉ ) နေ့များတွင် နံနက် (၉) နာရီ မှ ညနေ (၅) နာရီအထိ စီမံကိန်းတည်ရှိရာ Emerald Bay Sales Gallery ရှုခင်းသာမြို့ပတ်လမ်း ၊ သာကေတမြို့နယ်တွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ပြပွဲ (၂) ရက်အတွင်းတွင် အထူး Discount များ ၊ ဗလာမပါကံစမ်းမဲများ အပြင် (၅) နှစ်အထိ အရစ်ကျပေးချေခွင့်စနစ်များဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
Emerald Bay အဆင့်မြင့်အိမ်ရာကို သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းမကြီးပေါ်တွင် စင်္ကာပူအခြေစိုက် Golden Paragon Investment Company နှင့် Tet Lan Construction တို့ ပူးပေါင်းဖော်ဆောင်လျှက်ရှိပါသည်။ အဆိုပါစီမံကိန်းသည် (၂၇) ဧက ကျယ်ဝန်းသည့် ဂရန်မြေပေါ်တွင် Tower (၁၁) လုံး ပါဝင်မည်ဖြစ်သည်။ ဥယျာဉ် ၊ ပန်းခြံ ၊ ရေကူးကန် ၊ ဈေးဝယ်စင်တာ ၊ အားကစားရုံး ၊ ကျောင်း ၊ ကောလိပ် တို့ အပြင် ရုပ်ရှင်ရုံများ စားသောက်ဆိုင်များ ဖွင့်လှစ်သွားမည်ဖြစ်သည်။
Interior Decoration များပြင်ဆင်၍ အခန်းအပ်မည်ဖြစ်ပြီး Video Inter Com ၊ Kitchen Cabinet နှင့် ကြမ်းခင်းများ ပါဝင်သည့်အပြင် နိုင်ငံတကာ ပထမတန်းစား တံဆိပ်များဖြင့် အိမ်အလှဆင်ပစ္စည်းများ အသုံးပြုထားကြောင်းသိရသည်။ မြစ်ကမ်းနံဘေးတွင်တည်ရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ နှစ် (၁၀၀) စစ်တမ်းကို ဝယ်ယူလေ့လာပြီး အမြင့်ဆုံး ရေတက်မှတ်ထက် (၁၅) ပေ ထပ်မြင့်သည့် ရေကာတာထားရှိပေးမည်ဖြစ်သည်။
“ ဒီကနေ့ ကျင်းပနေတဲ့အရောင်းပွဲဟာ သာကေတမြို့နယ် Waterboom အနီး ရှုခင်းသာမြို့ပတ် လမ်းမကြီးပေါ်မှာတည်ရှိတဲ့ Emerlad Bay အဆင့်မြင့်အိမ်ရာစီမံကိန်းက အခန်းတွေကို ရောင်းချပေးနေတဲ့ပွဲပါ။ အခန်းအကျယ်အဝန်းအနေနဲ့ 520 sqft မှ 1600 sqft အထိရွေးချယ်ဝယ်ယူနိုင်မှာပါ။ အိမ်ရာစီမံကိန်းတစ်ခုမှာ ရှိသင့်တဲ့ Facilities တွေ ပြည့်စုံများပြားစွာ ပါဝင်တာကြောင့် အဆင့်မြင့်တဲ့ လူနေမှုဘဝပုံစံကို ရရှိစေမှာပါ။ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက် ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဉာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်နဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၃.၈) သန်းကျော်ရှိပါတယ်။ iMyanmarHouse.com ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၇၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ်။ ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Upcoming Property Events
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 30 Aug To 31 Aug
Magical World Apartment
From 27 Sep To 28 Sep
18th Property and Car Expo
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service