မီဒီယာေကာ္နာမ်ား ေအာက္တိုဘာ ၁၄ ရက္ေနာက္ဆုံးထားဖ်က္သိမ္းရန္ၿမိဳ႕ေတာ္ဝန္ေျပာၾကား - Property News in Myanmar from iMyanmarHouse.com
1118 Views

မီဒီယာေကာ္နာမ်ား ေအာက္တိုဘာ ၁၄ ရက္ေနာက္ဆုံးထားဖ်က္သိမ္းရန္ၿမိဳ႕ေတာ္ဝန္ေျပာၾကား

### Zawgyi Version ###

မီဒီယာေကာ္နာမ်ား ေအာက္တိုဘာ ၁၄ ရက္ေနာက္ဆုံးထားဖ်က္သိမ္းရန္ၿမိဳ႕ေတာ္ဝန္က စက္တင္ဘာ ၂ ရက္ကက်င္းပေသာ ရန္ကုန္တိုင္း ေဒသႀကီးလႊတ္ေတာ္အစည္းအေဝးတြင္ စမ္းေခ်ာင္းၿမိဳ႕နယ္မဲဆႏၵနယ္ အမွတ္ (၂) လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေသာ္တာေအာင္၏ ေမးျမန္းမႈအေပၚ အထက္ပါအတိုင္း ေျဖၾကားခဲ့ျခင္းျဖစ္သည္။

စုစုေပါင္း ၿမိဳ႕နယ္ (၅) ခုမွ ဖ်က္သိမ္းရမည့္ မီဒီယာေကာ္နာ (၁၀) ခုရွိၿပီး ေက်ာက္တံတားၿမိဳ့နယ္တြင္ (၂) ဆိုင္၊ပန္းဘဲတန္းၿမိဳ့နယ္တြင္ (၂)ဆိုင္၊ လသာၿမိဳ႕နယ္တြင္(၂) ဆိုင္၊ လမ္းမေတာ္ၿမိဳ႕နယ္တြင္ (၂) ဆိုင္၊ ဗိုလ္တေထာင္ၿမိဳ႕နယ္တြင္ (၃) ဆိုင္ ျဖစ္ေၾကာင္းသိရသည္။

မီဒီယာေကာ္နာမ်ားကို ျမန္မာႏိုင္ငံစာေရးဆရာအသင္းအေနျဖင့္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း၊ ဆိုင္ခန္းငွားခမ်ားကိုလည္း မီဒီယာေကာ္နာကေကာက္ခံၿပီးရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ စီမံေရးရာဌာနကတစ္ဆင့္လုပ္ငန္းလိုင္စင္မ်ားခြင့္ျပဳျခင္းႏွင့္တျခားေသာ အခြန္ေငြေကာက္ခံမွဳမ်ားမရွိေၾကာင္း ယင္းကေျပာသည္။

ယာဥ္အႏၱရာယ္ကင္းရွင္းေရးအတြက္ အဆိုပါၿမိဳ႕နယ္မ်ားမွာရွိသည့္ မီဒီယာေကာ္နာမ်ားကို ျမန္မာႏိုင္ငံစာေပႏွင့္စာနယ္ဇင္းအဖြဲ႔ ဥကၠ႒ဆီကိုလိပ္မႈၿပီး မီဒီယာေကာ္နာမ်ားအား ေဆာက္လုပ္ခြင့္ျပဳခဲဲ့သည့္ ခြင့္ျပဳခ်က္ကို ႐ုပ္သိမ္းခြင့္ျပဳဖို႔ႏွင့္ ၾသဂုတ္လ ၁၆ ရက္တြင္ ေနာက္ဆံုးထားၿပီးေတာ့ ဖ်က္သိမ္းေပးရန္ အေၾကာင္းၾကားေပးပို႔ခဲ့ေၾကာင္း၊ျမန္မာႏိုင္ငံစာေရးဆရာအသင္းက မီဒီယာေကာ္နာတစ္ခုျခင္းအလိုက္ ၆ လတစ္ႀကိမ္ စာခ်ဳပ္ခ်ဳပ္ဆိုငွားရမ္းထားဆဲျဖစ္၍ ဒီဇင္ဘာလ ၃၁ ရက္ထိ အခ်ိန္တိုးျမွင့္ေပးဖို႔ ၾသဂုတ္လ ၁၉ ရက္ ေန႔စြဲႏွင့္ ေမတၱာရပ္ခံညိွႏိႈင္း ေၾကာင္း၊ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ဝါတြင္းကာလ ၿပီးဆံုးသည့္အခ်ိန္ အထိခြင့္ျပဳေၾကာင္း ျမန္မာႏိုင္ငံစာေရးဆရာမ်ားအသင္းဥကၠ႒ဆီကို ျပန္လည္အေၾကာင္းၾကားခဲ့ေၾကာင္း ၿမိဳ႕ေတာ္ဝန္ကေျပာသည္။

အဆိုပါမီဒီယာေကာ္နာမ်ားကို၂ဝ၁၁ ခုႏွစ္ ေမလ ၂ ရက္က ရန္ကုန္ၿမိဳ႕၊ ကုန္သည္လမ္းႏွင့္ ၃၇ လမ္း ေထာင့္ရွိ ျမန္မာႏိုင္ငံစာေပႏွင့္ စာနယ္ဇင္းအဖြဲ႔႐ံုး အစည္းအေဝး ခန္းမတြင္ ဖြင့္ပြဲက်င္းပခဲ့ေၾကာင္းသိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မီဒီယာကော်နာများ အောက်တိုဘာ ၁၄ ရက်နောက်ဆုံးထားဖျက်သိမ်းရန်မြို့တော်ဝန်က စက်တင်ဘာ ၂ ရက်ကကျင်းပသော ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေးတွင် စမ်းချောင်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်၏ မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

စုစုပေါင်း မြို့နယ် (၅) ခုမှ ဖျက်သိမ်းရမည့် မီဒီယာကော်နာ (၁၀) ခုရှိပြီး ကျောက်တံတားမြို့နယ်တွင် (၂) ဆိုင်၊ပန်းဘဲတန်းမြို့နယ်တွင် (၂)ဆိုင်၊ လသာမြို့နယ်တွင်(၂) ဆိုင်၊ လမ်းမတော်မြို့နယ်တွင် (၂) ဆိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် (၃) ဆိုင် ဖြစ်ကြောင်းသိရသည်။

မီဒီယာကော်နာများကို မြန်မာနိုင်ငံစာရေးဆရာအသင်းအနေဖြင့်စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ဆိုင်ခန်းငှားခများကိုလည်း မီဒီယာကော်နာကကောက်ခံပြီးရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနကတစ်ဆင့်လုပ်ငန်းလိုင်စင်များခွင့်ပြုခြင်းနှင့်တခြားသော အခွန်ငွေကောက်ခံမှုများမရှိကြောင်း ယင်းကပြောသည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အဆိုပါမြို့နယ်များမှာရှိသည့် မီဒီယာကော်နာများကို မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌဆီကိုလိပ်မှုပြီး မီဒီယာကော်နာများအား ဆောက်လုပ်ခွင့်ပြုခဲ့သည့် ခွင့်ပြုချက်ကို ရုပ်သိမ်းခွင့်ပြုဖို့နှင့် သြဂုတ်လ ၁၆ ရက်တွင် နောက်ဆုံးထားပြီးတော့ ဖျက်သိမ်းပေးရန် အကြောင်းကြားပေးပို့ခဲ့ကြောင်း၊မြန်မာနိုင်ငံစာရေးဆရာအသင်းက မီဒီယာကော်နာတစ်ခုခြင်းအလိုက် ၆ လတစ်ကြိမ် စာချုပ်ချုပ်ဆိုငှားရမ်းထား ဆဲဖြစ်၍ ဒီဇင်ဘာလ ၃၁ ရက်ထိ အချိန်တိုးမြှင့်ပေးဖို့ သြဂုတ်လ ၁၉ ရက် နေ့စွဲနှင့် မေတ္တာရပ်ခံညှိနှိုင်း ကြောင်း၊ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဝါတွင်းကာလ ပြီးဆုံးသည့်အချိန် အထိခွင့်ပြုကြောင်း မြန်မာနိုင်ငံစာရေးဆရာများအသင်းဥက္ကဋ္ဌဆီကို ပြန်လည်အကြောင်းကြားခဲ့ကြောင်း မြို့တော်ဝန်ကပြောသည်။

အဆိုပါမီဒီယာကော်နာများကို၂ဝ၁၁ ခုနှစ် မေလ ၂ ရက်က ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် ၃၇ လမ်း ထောင့်ရှိ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ဖွင့်ပွဲကျင်းပခဲ့ကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service