ဘုရင့်နောင်တံတားအမှတ် (၁) ပြင်ဆင်ချိန်တွင် ခရီးသည်တင်ယာဉ်လိုင်းများ လမ်ကြောင်းပြောင်း ပြေးဆွဲမည် - Property News in Myanmar from iMyanmarHouse.com
5012 Views

ဘုရင့်နောင်တံတားအမှတ် (၁) ပြင်ဆင်ချိန်တွင် ခရီးသည်တင်ယာဉ်လိုင်းများ လမ်ကြောင်းပြောင်း ပြေးဆွဲမည်

### Zawgyi Version ###





Credit: iMyanmarHouse.com ### Unicode Version ###

ဘုရင့်နောင်တံတားအမှတ် (၁) ပြင်ဆင်ချိန်တွင် ခရီးသည်တင်ယာဉ်လိုင်းများ လမ်ကြောင်းပြေးဆွဲမည် ဖြစ်ကြောင်း စက်တင်ဘာလ(၂)ရက်နေ့ကပြုလုပ်တဲ့ YRTAသတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က သတင်းမီဒီယာနှင့် တွေ့ဆုံပွဲတွင်ပြောသည်။

အမှတ်(၁)တံတားကို ယခုအောက်တိုဘာလ(၅)ရက်နေ့မှစတင်၍ တစ်လကြာ ပြင်ရေးပြုလုပ်မည်ဖြစ်ရာ တံတား ပြုပြင်နေစဉ်အတွင်း တံတားအမှတ်(၂)ကို အသုံးပြုရမှာဖြစ်၍ အမှတ်(၂)တံတားကို အဝင်(၂)လမ်းနဲ့ အထွက် (၂)လမ်းပေးသွားမှာဖြစ်ကြောင်းသိရသည်။ အမှတ်(၁)တံတားပေါ်တွင်ဖြတ်သန်းပြေးဆွဲနေသည့် YBS (၂၀)၊ (၂၃)နှင့်(၈၅)ယာဉ်များအား တံတားပြု ပြင်စဉ်အတွင်း အမှတ်(၂)တံတားသို့ ပြောင်းလဲပြေးဆွဲရမှာဖြစ်ပြီး အမှတ်(၂)တံတားပေါ်တွင် ပြေးဆွဲနေသော YBS(၁၆)၊(၆၈)နှင့် ၈၃ ယာဉ်လိုင်းများမှာ ပြောင်းလဲမှုမရှိကြောင်းသိရသည်။ YRTA အနေဖြင့် အမှတ်(၁)တံတားပြင်ဆင်နေစဉ်အတွင်း YBS ယာဉ်လိုင်းများအား ပြေးဆွဲမှုအပိုင်း နှင့် ကြပ်မတ်ထိန်းသိမ်းမှုအပိုင်းဟူ၍စီမံထားပြီး နှစ်ပိုင်းခွဲဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရသည်။ တံတားတစ်စင်းတည်းကိုသာ အသုံးပြုမည်ဆိုလျှင်ယာဉ်ကြောကြပ်တည်းမှု အထိုက်အလောက်ရှိနိုင် ကြောင်း၊YRTA အနေဖြင့် ယာဉ်ကြောကြပ်တည်းမှုဖြစ်ပေါ်လာလျှင် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service