အခြန္အေကာက္ဥပေဒႏွင့္ အေရာင္းအ၀ယ္ သြက္လက္လာႏုိင္သည့္ အိမ္ ၿခံ ေျမ - Property Knowledge in Myanmar from iMyanmarHouse.com
2015 Views

အခြန္အေကာက္ဥပေဒႏွင့္ အေရာင္းအ၀ယ္ သြက္လက္လာႏုိင္သည့္ အိမ္ ၿခံ ေျမ

Knowledge | Posted by Zarni Kyaw

### Zawgyi Version ###

“ ျပည္ေထာင္စုလႊတ္ေတာ္က ၂၀၁၉ ခုႏွစ္ ျပည္ေထာင္စုအခြန္ အေကာက္ဥပေဒအၾကမ္းကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၁၉ ရက္မွာ အတည္ျပဳလုိက္တယ္လုိ႔ သိရတယ္”

စာေရးသူသည္ ႐ုံးခန္းရွိ စာေရးစားပြဲေရွ႕တြင္ ထုိင္ေနေသာ ဦးသက္ႏုိင္ကုိ စကားစတင္ေျပာလုိက္ျခင္းျဖစ္သည္။ ဦးသက္ႏိုင္မွာ အိမ္ ၿခံ ေျမ အက်ဳိးေဆာင္လုပ္ငန္းကုိ လုပ္ကိုင္ေနသူျဖစ္၏။

“ဟုတ္ကဲ့ ဆရာ။ ဒီႏွစ္ေတာ့ အခြန္အေကာက္ဥပေဒၾကမ္းကို ျပင္ဆင္ျခင္းမရွိေတာ့ဘဲ အတည္ျပဳခဲ့တာ ျဖစ္တယ္”

“အိမ္ၿခံေျမ၀ယ္တဲ့အခါ ၀င္ေငြရလမ္းမတင္ျပႏုိင္တဲ့ ကိစၥရပ္ေတြမွာ အခြန္ႏႈန္းထားေလွ်ာ့လုိက္တဲ့အတြက္ အိမ္ေျမေစ်းကြက္လည္း လႈပ္ရွားလာႏုိင္တယ္မဟုတ္လား။ က်ပ္သိန္း တစ္ေထာင္ထိကုိ ၀င္ေငြရဲ႕ ၃ ရာခုိင္ႏႈန္းပဲ ေဆာင္ရမွာ”

“ေမွ်ာ္လင့္ေနရတာပဲ ဆရာ။ ခက္တာက အ၀ယ္နည္းၿပီး အငွားေတြက မ်ားေနတယ္။ ေစာင့္ၾကည့္ရမွာေပါ့ ဆရာ”

“ရန္ကုန္တုိင္းအတြင္းမွာ တန္ဖုိးနည္းအိမ္ရာ၊ တန္ဖုိးသင့္အိမ္ရာ၊ ၀န္ထမ္းအိမ္ရာေတြ ထပ္မံေဆာက္လုပ္ ေရာင္းခ်ေပးမယ္ဆုိတာေတြကလည္း ရွိတယ္မဟုတ္လား”

“ဟုတ္ပါတယ္။ ဒါေၾကာင့္ အေရာင္းအ၀ယ္အေျပာင္းအလဲခ်က္ခ်င္းေတာ့ သြက္လက္လာမယ္ မထင္ဘူး။ အနည္းဆုံး ႏွစ္ႏွစ္ႏွစ္ေလာက္မွ အသားက်သြားမွာ ဆရာ၊ ၀ယ္ေရာင္းကိစၥလည္း လည္ပတ္သြားႏုိင္တယ္လုိ႔ ထင္တယ္”

“ဦးသက္ႏုိင္ကေတာ့ စီးပြားေရးသမားပီပီ အခြန္ေကာက္ဥပေဒကို ေနာက္ႏွစ္ဘ႑ာေရးႏွစ္မွာလည္း ဆက္ လက္အတည္ျပဳျပ႒ာန္းေပးဖုိ႔ စကားဦးသန္းေနၿပီ”

“ဒါကေတာ့ ဆႏၵကုိေျပာတာပါဆရာ။ ဘာလုိ႔လဲဆုိေတာ့ အခြန္အေကာက္ဥပေဒကုိ ႏွစ္စဥ္အသစ္ ျပ႒ာန္း ေပးတာ မဟုတ္လား”

“အခြန္ေဆာင္သူေတြမ်ားျပား တုိးတက္လာရင္ေတာ့ အဆင္ေျပသြားမွာပါ။ ရည္ရြယ္ခ်က္ေအာင္ျမင္တယ္ေပါ့။ ေနာက္ႏွစ္အတြက္လည္း ၂၀၂၀ ခုႏွစ္ စက္တင္ဘာလမကုန္မီ အသစ္ျပ႒ာန္းရမွာဆုိေတာ့ အခြန္ႏႈန္းထားေတြ တက္မယ္ေတာ့ မထင္ပါဘူး”

“ျပည္ေထာင္စု ေရြးေကာက္ပြဲနီး ေနၿပီလုိ႔ ေျပာခ်င္တာမဟုတ္လား”

“ဒါလည္း အခ်က္တစ္ခ်က္ေပါ့ဗ်ာ။ အဓိကအေနနဲ႔ ျပည္ေထာင္စု လႊတ္ေတာ္က အတည္ျပဳျပ႒ာန္းလုိက္တဲ့အ တြက္ ျပည္သူေတြအေပၚထားတဲ့ ေစတနာကုိေလးစားခံယူၾကဖုိ႔လုိပါတယ္။ အမွန္တကယ္၀ယ္သူ၊ ေရာင္းသူ၊ အိမ္ငွားထားသူတုိ႔အေနနဲ႔ ေပးေဆာင္ရမယ့္အခြန္အခကို တိမ္းေရွာင္မေနဘဲ ေပးေဆာင္ၾကဖုိ႔လုိပါတယ္”

“ဟုတ္ပါတယ္ ဆရာ။ မ်ားေသာအားျဖင့္ အေရာင္းေတြကသာ ေျမအမည္ေျပာင္းဖုိ႔ ရည္ရြယ္ၿပီး အခြန္ေဆာင္ မွတ္ပုံတင္စာခ်ဳပ္စာ တမ္းျပဳလုပ္ေရာင္း၀ယ္ၾကတာ ဆရာ။ ၀ယ္သူေတြက အခြန္ေဆာင္တာ နည္းတယ္”

“ဒါလည္း ယူဆခ်က္မွားေနတာ။ ေရာင္းသူကမိမိရတဲ့ အျမတ္အစြန္းေငြေပၚမွာသာ အခြန္ႏႈန္း ၁၀ ရာခုိင္ႏႈန္း (တစ္ဆယ္ရာခုိင္ႏႈန္း) ေကာက္ခံတာျဖစ္တယ္။ ေရာင္းဖုိးေငြ အေပၚေကာက္ခံတာမဟုတ္လုိ႔ အမ်ားႀကီးသက္သာပါတယ္။ ၿပီးေတာ့ ေရာင္းဖုိးေငြဟာေငြျဖဴျဖစ္သြား ၿပီမုိ႔ ေနာက္ထပ္ပစၥည္းတစ္စုံတစ္ခုကုိ၀ယ္ရင္ (ဥပမာ ကား၊ ေျမ၊ အိမ္ ၿခံ) စသည္တုိ႔အတြက္၀ယ္ေငြကို ခုႏွိမ္ခြင့္ရသြားမွာပဲ ျဖစ္တယ္”

“ဟုတ္ပါတယ္ ဆရာ။ တစ္ခါ တစ္ရံမွာ ပစၥည္းေရာင္းဖုိးေငြကမ်ား ၿပီး ထပ္မံ၀ယ္လုိက္တဲ့ အိမ္ေျမ ပစၥည္း၀ယ္ ေစ်းကနည္းရင္ ထပ္မံ၀ယ္ခြန္ေဆာင္ရတာမ်ဳိးမရွိဘဲ ကင္းလြတ္သြားပါတယ္”

“ဒါေၾကာင့္ အိမ္ေျမေရာင္းသူမ်ားအေနနဲ႔လည္း အျခားပစၥည္း၀ယ္ရာမွာ အခြန္ကင္းလြတ္ႏုိင္တဲ့အတြက္ ေရာင္းဖိုးေငြအေပၚ အခြန္ေပး ေဆာင္သင့္တယ္လုိ႔ ႀကံဳႀကိဳက္တုန္း အႀကံေပးခ်င္ပါတယ္”

“အခြန္ေပးေဆာင္ျခင္းမရွိဘဲ အေရာင္းအ၀ယ္ျဖစ္ေနတာကေတာ့ တုိက္ခန္းအေရာင္းအ၀ယ္ကိစၥပဲ”

“ဟုတ္ပါတယ္ ဆရာ။ ၀ယ္ခြန္ေရာင္းခြန္ေဆာင္ၾကျခင္းမရွိဘဲ အေရာင္းအ၀ယ္ျဖစ္ေနၾကပါတယ္။ အခ်ဳိ႕ေျမငွား ၿပီး B.O.T စနစ္နဲ႔ႏွစ္ခ်ဳပ္ေဆာက္လုပ္ခြင့္ေပးတဲ့ကိစၥေတြလည္း ရွိတယ္ ဆရာ”

“မွန္ပါတယ္။ တိတိက်က် ေဆာင္ရြက္ရင္ေတာ့ ႏုိင္ငံေတာ္ ဘ႑ာေတြရဖုိ႔ ကိစၥေတြအမ်ားႀကီးရွိ ပါတယ္။ ႏုိင္ငံျခားသားေတြကုိ ေဒၚလာနဲ႔ အိမ္လုံးခ်င္းငွားထားတာေတြလည္း ရွိတယ္”

“အိမ္ ေျမ ငွားရမ္းခရေငြအေပၚမွာ ဘယ္လုိအခြန္ေဆာင္ရပါသလဲ ဆရာ”

အိမ္ ေျမ ငွားရမ္းခကေတာ့ မိသားစု၀င္ေငြ သေဘာျဖစ္တဲ့အတြက္ တစ္ႏွစ္၀င္ေငြ ၄၈ သိန္းထက္ ေက်ာ္လြန္ရင္ မိသားစုအတြက္ ခံစားခြင့္ျပဳထားတဲ့ သက္သာခြင့္ကိုႏုတ္ၿပီး က်န္ေငြအေပၚ တစ္ဆယ္ရာခုိင္ႏႈန္း ေပးေဆာင္ရမွာ ျဖစ္ပါတယ္”

“အခြန္ေပးေဆာင္ထားတဲ့ ၀င္ေငြက ေငြျဖဴျဖစ္သြားၿပီး အျခားအိမ္ၿခံပစၥည္း၀ယ္တဲ့အခါ ၀င္ေငြရလမ္းတင္ျပႏုိင္တာေပါ့ ဆရာ”

“ဟုတ္ပါတယ္။ ဒါေၾကာင့္မုိ႔ အခြန္ေပးေဆာင္ရမွာကုိ မေၾကာက္ၾကဖုိ႔လုိပါတယ္။ မိမိ၀င္ေငြေလ်ာ့သြားတယ္လုိ႔ ယူဆၾကေပမယ့္ ရရွိလာတဲ့ အက်ဳိးအျမတ္က အခြန္ေဆာင္တဲ့ အခြန္ခထက္ အဆေပါင္းမ်ားစြာ ခံစားခြင့္ရရွိမွာ ျဖစ္တယ္”

“အခ်ဳိ႕က လာေမးၾကတယ္ ဆရာ။ ယခင္ႏွစ္ႏွစ္သုံးႏွစ္ခန္႔က ၀ယ္ထားတဲ့ အိမ္ေျမေတြကုိ အခုမွ အခြန္ေဆာင္ ၿပီး စာခ်ဳပ္စာတမ္းမွတ္ ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆုိလုိ႔ရပါသလား ဆုိတာပဲ ဆရာ”

“ဒါကလည္း ျဖတ္လမ္းနည္း စဥ္းစားလာၾကတာျဖစ္တယ္။ အခြန္ဦးစီးဌာနကုိ အိမ္ေျမတန္ဖုိးစစ္ ေလွ်ာက္တဲ့ အခါ အိမ္ေျမအေရာင္း အ၀ယ္ျပဳသည့္ေနမွ ရက္ေပါင္း ၃၀ အတြင္း တင္ျပေလွ်ာက္ထားရမယ္လုိ႔ လုပ္ထုံးလုပ္နည္း ၫႊန္ၾကားခ်က္ရွိတယ္ မဟုတ္လား။ ဦးသက္ႏုိင္လည္း သိပါတယ္”

“အေရာင္းအ၀ယ္ ကတိစာခ်ဳပ္နဲ႔ ေျမပုံေျမရာဇ၀င္တင္ျပရတာဆုိေတာ့ အခုကာလမွာ အိမ္ ေျမအေရာင္းအ၀ယ္ ကတိစာခ်ဳပ္ျပဳလုပ္တင္ ျပရင္ရပါသလားဆရာ”

“ပဋိညာဥ္ဥပေဒအရေတာ့ ေရာင္းသူ၊ ၀ယ္သူ ႏွစ္ဦးႏွစ္ဖက္ သေဘာတူ အဖုိးစားနားတစ္ခုနဲ႔ ေရာင္းခ်တာ ေၾကာင့္ ကတိျပဳခ်ဳပ္ဆုိ ႏုိင္ပါတယ္။ ေျမအမည္ေပါက္ သက္ရွိ ထင္ရွားရွိဖုိ႔ေတာ့ လုိမွာေပါ့။ တစ္ခါတစ္ရံမွာ ကုိယ္စားလွယ္လႊဲစာကို ေျမရွင္ထံကယူထားေပမယ့္ ဆက္သြယ္မရတာရယ္၊ ကြယ္လြန္သြားတာေၾကာင့္ အခက္အခဲေတြ႔တတ္ၾကတယ္။ ၿပီးေတာ့ သက္ဆုိင္ရာ အခြန္ ဦးစီးဌာနက လက္ရွိသတ္မွတ္ထားတဲ့ အိမ္ ေျမ တန္ဖုိးစံႏႈန္းမွာလည္း ယခင္ႏွစ္မ်ားက မိမိအမွန္တကယ္ ၀ယ္ေစ်းႏႈန္းထက္ ျမင့္တက္ေနတာလည္း ျဖစ္တတ္ တယ္”

“ဘယ္လုိပဲျဖစ္ျဖစ္ ယခုကာလမွ ေျမကို၀ယ္ပါတယ္လုိ႔ အေရာင္းအ၀ယ္ကတိစာခ်ဳပ္တင္ျပခဲ့ရင္ လက္ရွိကာလမွာ သတ္မွတ္ထားတဲ့ အိမ္ ေျမ စံႏႈန္းအတုိင္းပဲ သတ္မွတ္ေပးမွာလား ဆရာ”

“မွန္ပါတယ္။ ဒါေပမယ့္ အမွန္တကယ္ ေရရွည္ေနထုိင္မယ့္သူဆုိရင္ေတာ့ သတ္မွတ္ထားတဲ့ အခြန္အခကို ေဆာင္ၿပီး မွတ္ပုံတင္အေရာင္းအ၀ယ္စာခ်ဳပ္ခ်ဳပ္ဆုိသင့္ပါတယ္။ ဒါမွ မိမိရဲ႕ သားစဥ္ေျမးဆက္ ပုိင္ပုိင္ႏုိင္ႏုိင္ ပုိင္ဆုိင္ခြင့္ရမွာ ျဖစ္တယ္”

“ဟုတ္ကဲ့၊ ဆရာရွင္းျပမွပဲပိုၿပီး နားလည္သေဘာေပါက္သြားတယ္ ဆရာ၊ ေက်းဇူးတင္ပါတယ္”

“ဘာပဲျဖစ္ျဖစ္ေပါ့ဗ်ာ။ ဒီ ၂၀၁၉ ခုႏွစ္ အခြန္အေကာက္ဥပေဒအရ အခြန္ႏႈန္းထားေတြ ေျဖေလ်ာ့ ေပးလုိက္တဲ့ အတြက္ အိမ္ေျမအေရာင္း၀ယ္ျပဳလုပ္သူတုိင္း အခြန္ေပးေဆာင္ၾကပါလု႔ိ အိမ္ ၿခံ ေျမ အက်ဳိးေဆာင္မ်ားကလည္း တုိက္တြန္းေဆာင္ရြက္သင့္ပါတယ္”ဟု အႀကံျပဳ ေဆြးေႏြးလုိက္ပါသည္။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

 

 

### Unicode Version ###

“ ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ ခုနှစ် ပြည်ထောင်စုအခွန် အကောက်ဥပဒေအကြမ်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက်မှာ အတည်ပြုလိုက်တယ်လို့ သိရတယ်”

စာရေးသူသည် ရုံးခန်းရှိ စာရေးစားပွဲရှေ့တွင် ထိုင်နေသော ဦးသက်နိုင်ကို စကားစတင်ပြောလိုက်ခြင်းဖြစ်သည်။ ဦးသက်နိုင်မှာ အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်၏။

“ဟုတ်ကဲ့ ဆရာ။ ဒီနှစ်တော့ အခွန်အကောက်ဥပဒေကြမ်းကို ပြင်ဆင်ခြင်းမရှိတော့ဘဲ အတည်ပြုခဲ့တာ ဖြစ်တယ်”

“အိမ်ခြံမြေဝယ်တဲ့အခါ ဝင်ငွေရလမ်းမတင်ပြနိုင်တဲ့ ကိစ္စရပ်တွေမှာ အခွန်နှုန်းထားလျှော့လိုက်တဲ့အတွက် အိမ်မြေဈေးကွက်လည်း လှုပ်ရှားလာနိုင်တယ်မဟုတ်လား။ ကျပ်သိန်း တစ်ထောင်ထိကို ဝင်ငွေရဲ့ ၃ ရာခိုင်နှုန်းပဲ ဆောင်ရမှာ”

“မျှော်လင့်နေရတာပဲ ဆရာ။ ခက်တာက အဝယ်နည်းပြီး အငှားတွေက များနေတယ်။ စောင့်ကြည့်ရမှာပေါ့ ဆရာ”

“ရန်ကုန်တိုင်းအတွင်းမှာ တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာ၊ ဝန်ထမ်းအိမ်ရာတွေ ထပ်မံဆောက်လုပ် ရောင်းချပေးမယ်ဆိုတာတွေကလည်း ရှိတယ်မဟုတ်လား”

“ဟုတ်ပါတယ်။ ဒါကြောင့် အရောင်းအဝယ်အပြောင်းအလဲချက်ချင်းတော့ သွက်လက်လာမယ် မထင်ဘူး။ အနည်းဆုံး နှစ်နှစ်နှစ်လောက်မှ အသားကျသွားမှာ ဆရာ၊ ဝယ်ရောင်းကိစ္စလည်း လည်ပတ်သွားနိုင်တယ်လို့ ထင်တယ်”

“ဦးသက်နိုင်ကတော့ စီးပွားရေးသမားပီပီ အခွန်ကောက်ဥပဒေကို နောက်နှစ်ဘဏ္ဍာရေးနှစ်မှာလည်း ဆက် လက်အတည်ပြုပြဋ္ဌာန်းပေးဖို့ စကားဦးသန်းနေပြီ”

“ဒါကတော့ ဆန္ဒကိုပြောတာပါဆရာ။ ဘာလို့လဲဆိုတော့ အခွန်အကောက်ဥပဒေကို နှစ်စဉ်အသစ် ပြဋ္ဌာန်း ပေးတာ မဟုတ်လား”

“အခွန်ဆောင်သူတွေများပြား တိုးတက်လာရင်တော့ အဆင်ပြေသွားမှာပါ။ ရည်ရွယ်ချက်အောင်မြင်တယ်ပေါ့။ နောက်နှစ်အတွက်လည်း ၂၀၂၀ ခုနှစ် စက်တင်ဘာလမကုန်မီ အသစ်ပြဋ္ဌာန်းရမှာဆိုတော့ အခွန်နှုန်းထားတွေ တက်မယ်တော့ မထင်ပါဘူး”

“ပြည်ထောင်စု ရွေးကောက်ပွဲနီး နေပြီလို့ ပြောချင်တာမဟုတ်လား”

“ဒါလည်း အချက်တစ်ချက်ပေါ့ဗျာ။ အဓိကအနေနဲ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်တဲ့အ တွက် ပြည်သူတွေအပေါ်ထားတဲ့ စေတနာကိုလေးစားခံယူကြဖို့ လိုပါတယ်။ အမှန်တကယ်ဝယ်သူ၊ ရောင်းသူ၊ အိမ်ငှားထားသူတို့အနေနဲ့ ပေးဆောင်ရမယ့်အခွန်အခကို တိမ်းရှောင်မနေဘဲ ပေးဆောင်ကြဖို့လိုပါတယ်”

“ဟုတ်ပါတယ် ဆရာ။ များသောအားဖြင့် အရောင်းတွေကသာ မြေအမည်ပြောင်းဖို့ ရည်ရွယ်ပြီး အခွန်ဆောင် မှတ်ပုံတင်စာချုပ်စာ တမ်းပြုလုပ်ရောင်းဝယ်ကြတာ ဆရာ။ ဝယ်သူတွေက အခွန်ဆောင်တာ နည်းတယ်”

“ဒါလည်း ယူဆချက်မှားနေတာ။ ရောင်းသူက မိမိရတဲ့ အမြတ် အစွန်းငွေပေါ်မှာသာ အခွန်နှုန်း ၁၀ ရာခိုင်နှုန်း (တစ်ဆယ်ရာခိုင်နှုန်း) ကောက်ခံတာဖြစ်တယ်။ ရောင်းဖိုးငွေ အပေါ်ကောက်ခံတာမဟုတ်လို့ အများကြီးသက်သာပါတယ်။ ပြီးတော့ ရောင်းဖိုးငွေဟာငွေဖြူဖြစ်သွား ပြီမို့ နောက်ထပ်ပစ်္စည်းတစ်စုံတစ်ခုကိုဝယ်ရင် (ဥပမာ ကား၊ မြေ၊ အိမ် ခြံ) စသည်တို့အတွက်ဝယ်ငွေကို ခုနှိမ်ခွင့်ရသွားမှာပဲ ဖြစ်တယ်”

“ဟုတ်ပါတယ် ဆရာ။ တစ်ခါ တစ်ရံမှာ ပစ္စည်းရောင်းဖိုးငွေကများ ပြီး ထပ်မံဝယ်လိုက်တဲ့ အိမ်မြေ ပစ္စည်းဝယ် ဈေးကနည်းရင် ထပ်မံဝယ်ခွန်ဆောင်ရတာမျိုးမရှိဘဲ ကင်းလွတ်သွားပါတယ်”

“ဒါကြောင့် အိမ်မြေရောင်းသူများအနေနဲ့လည်း အခြားပစ္စည်းဝယ်ရာမှာ အခွန်ကင်းလွတ်နိုင်တဲ့အတွက် ရောင်း ဖိုးငွေအပေါ် အခွန်ပေး ဆောင်သင့်တယ်လို့ ကြုံကြိုက်တုန်း အကြံပေးချင်ပါတယ်”

“အခွန်ပေးဆောင်ခြင်းမရှိဘဲ အရောင်းအဝယ်ဖြစ်နေတာကတော့ တိုက်ခန်းအရောင်းအဝယ်ကိစ္စပဲ”

“ဟုတ်ပါတယ် ဆရာ။ ဝယ်ခွန်ရောင်းခွန်ဆောင်ကြခြင်းမရှိဘဲ အရောင်းအဝယ်ဖြစ်နေကြပါတယ်။ အချို့မြေငှား ပြီး B.O.T စနစ်နဲ့နှစ်ချုပ်ဆောက်လုပ်ခွင့်ပေးတဲ့ကိစ္စတွေလည်း ရှိတယ် ဆရာ”

“မှန်ပါတယ်။ တိတိကျကျ ဆောင်ရွက်ရင်တော့ နိုင်ငံတော် ဘဏ္ဍာတွေရဖို့ ကိစ္စတွေအများကြီးရှိ ပါတယ်။ နိုင်ငံခြားသားတွေကို ဒေါ်လာနဲ့ အိမ်လုံးချင်းငှားထားတာတွေလည်း ရှိတယ်”

“အိမ် မြေ ငှားရမ်းခရငွေအပေါ်မှာ ဘယ်လိုအခွန်ဆောင်ရပါသလဲ ဆရာ”

အိမ် မြေ ငှားရမ်းခကတော့ မိသားစုဝင်ငွေ သဘောဖြစ်တဲ့အတွက် တစ်နှစ်ဝင်ငွေ ၄၈ သိန်းထက် ကျော်လွန်ရင် မိသားစုအတွက် ခံစားခွင့်ပြုထားတဲ့ သက်သာခွင့်ကိုနုတ်ပြီး ကျန်ငွေအပေါ် တစ်ဆယ်ရာခိုင်နှုန်း ပေးဆောင်ရ မှာ ဖြစ်ပါတယ်”

“အခွန်ပေးဆောင်ထားတဲ့ ဝင်ငွေက ငွေဖြူဖြစ်သွားပြီး အခြားအိမ်ခြံပစ္စည်းဝယ်တဲ့အခါ ဝင်ငွေရလမ်းတင်ပြနိုင် တာပေါ့ ဆရာ”

“ဟုတ်ပါတယ်။ ဒါကြောင့်မို့ အခွန်ပေးဆောင်ရမှာကို မကြောက်ကြဖို့ လိုပါတယ်။ မိမိဝင်ငွေလျော့သွားတယ်လို့ ယူဆကြပေမယ့် ရရှိလာတဲ့ အကျိုးအမြတ်က အခွန်ဆောင်တဲ့ အခွန်ခထက် အဆပေါင်းများစွာ ခံစားခွင့်ရရှိမှာ ဖြစ်တယ်”

“အချို့က လာမေးကြတယ် ဆရာ။ ယခင်နှစ်နှစ်သုံးနှစ်ခန့်က ဝယ်ထားတဲ့ အိမ်မြေတွေကို အခုမှ အခွန်ဆောင် ပြီး စာချုပ်စာတမ်းမှတ် ပုံတင်စာချုပ် ချုပ်ဆိုလို့ရပါသလား ဆိုတာပဲ ဆရာ”

“ဒါကလည်း ဖြတ်လမ်းနည်း စဉ်းစားလာကြတာဖြစ်တယ်။ အခွန်ဦးစီးဌာနကို အိမ်မြေတန်ဖိုးစစ် လျှောက်တဲ့ အခါ အိမ်မြေအရောင်း အဝယ်ပြုသည့်နေမှ ရက်ပေါင်း ၃၀ အတွင်း တင်ပြလျှောက်ထားရမယ်လို့ လုပ်ထုံးလုပ် နည်း ညွှန်ကြားချက်ရှိတယ် မဟုတ်လား။ ဦးသက်နိုင်လည်း သိပါတယ်”

“အရောင်းအဝယ် ကတိစာချုပ်နဲ့ မြေပုံမြေရာဇဝင်တင်ပြရတာဆိုတော့ အခုကာလမှာ အိမ် မြေအရောင်းအဝယ် ကတိစာချုပ်ပြုလုပ်တင် ပြရင်ရပါသလား ဆရာ”

“ပဋိညာဉ်ဥပဒေအရတော့ ရောင်းသူ၊ ဝယ်သူ နှစ်ဦးနှစ်ဖက် သဘောတူ အဖိုးစားနားတစ်ခုနဲ့ ရောင်းချတာ ကြောင့် ကတိပြုချုပ်ဆို နိုင်ပါတယ်။ မြေအမည်ပေါက် သက်ရှိ ထင်ရှားရှိဖို့တော့ လိုမှာပေါ့။ တစ်ခါတစ်ရံမှာ ကိုယ်စားလှယ်လွှဲစာကို မြေရှင်ထံက ယူထားပေမယ့် ဆက်သွယ်မရတာရယ်၊ ကွယ်လွန်သွားတာကြောင့် အခက်အခဲတွေ့တတ်ကြတယ်။ ပြီးတော့ သက်ဆိုင်ရာ အခွန် ဦးစီးဌာနက လက်ရှိသတ်မှတ်ထားတဲ့ အိမ် မြေ တန်ဖိုး စံနှုန်းမှာလည်း ယခင်နှစ်များက မိမိအမှန်တကယ် ဝယ်ဈေးနှုန်းထက် မြင့်တက်နေတာလည်း ဖြစ်တတ် တယ်”

“ဘယ်လိုပဲဖြစ်ဖြစ် ယခုကာလမှ မြေကိုဝယ်ပါတယ်လို့ အရောင်းအဝယ် ကတိစာချုပ်တင်ပြခဲ့ရင် လက်ရှိကာလ မှာ သတ်မှတ်ထားတဲ့ အိမ် မြေ စံနှုန်းအတိုင်းပဲ သတ်မှတ်ပေးမှာလား ဆရာ”

“မှန်ပါတယ်။ ဒါပေမယ့် အမှန်တကယ် ရေရှည်နေထိုင်မယ့်သူဆိုရင်တော့ သတ်မှတ်ထားတဲ့ အခွန်အခကို ဆောင်ပြီး မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုသင့်ပါတယ်။ ဒါမှ မိမိရဲ့ သားစဉ်မြေးဆက် ပိုင်ပိုင်နိုင်နိုင် ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်တယ်”

“ဟုတ်ကဲ့၊ ဆရာရှင်းပြမှပဲ ပိုပြီး နားလည်သဘောပေါက်သွားတယ် ဆရာ၊ ကျေးဇူးတင်ပါတယ်”

“ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ဒီ ၂၀၁၉ ခုနှစ် အခွန်အကောက်ဥပဒေအရ အခွန်နှုန်းထားတွေ ဖြေလျော့ ပေးလိုက်တဲ့ အတွက် အိမ်မြေအ ရောင်းဝယ်ပြုလုပ်သူတိုင်း အခွန်ပေးဆောင်ကြပါလု့ိ အိမ် ခြံ မြေ အကျိုးဆောင်များက လည်း တိုက်တွန်းဆောင်ရွက်သင့်ပါတယ်”ဟု အကြံပြု ဆွေးနွေးလိုက်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service