စုပေါင်းသုံးမှ သီးသန့်အိမ်သုံးမီတာ တစ်လုံးချင်းစီတပ်ဆင်လိုလျှင် သက်ဆိုင်ရာမြို့နယ် လျှပ်စစ်မန်နေဂျာသို့တိုက်ရိုက်လျှောက်ထားနိုင် - Property News in Myanmar from iMyanmarHouse.com
6125 Views


### Zawgyi Version ###






 

### Unicode Version ###

စုပေါင်းသုံးမှသီးသန့်အိမ်သုံးမီတာ တစ်လုံးချင်းစီ တပ်ဆင်လိုလျှင် သက်ဆိုင်ရာမြို့နယ် လျှပ်စစ်မန်နေဂျာသို့တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

“ဝန်ထမ်းအိမ်ရာများတွင် စုပေါင်းမီတာသုံးစွဲသည့်စနစ်မှ သီးသန့်အိမ်ရာသုံးမီတာများ တပ်ဆင်ပေးရန် အစီအစဉ်ရှိ မရှိ ” ကို မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က စက်တင်ဘာလ၊ ၃၀ ရက်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အ စည်းအဝေး အဋ္ဌမနေ့တွင် မေးမြန်းထားရာ ဝန်ကြီးဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက “ မီတာခတွေကို ပြောင်းလဲသတ်မှတ်ခဲ့တဲ့ အခါမှာ စုပေါင်းမီတာနဲ့ သုံးစွဲနေရတဲ့ မီတာခတွေဟာ မိမိသုံးစွဲသလောက်မဟုတ်ဘဲ အားလုံးခွဲဝေကျခံရတဲ့ အခါမှာ မိမိသုံးစွဲတာထက် ပိုမိုကျခံနေရတာကို ဝန်ထမ်းအိမ်ရာများမှာသာမက အချို့သောစက်မှုဇုန်များမှာလည်း ကျွန်မတို့ တွေ့ရှိနေရတဲ့အတွက် ယခုအခါ YESC မှ ဆောင်ရွက်ပေးနေတာက စုပေါင်းမီတာသုံးစွဲလျက်ရှိတဲ့ ဝန် ထမ်းအိမ်ရာအဟောင်းများမှာ ဝန်ထမ်းတစ်ဦးချင်းစီ၏ လိုင်းခန်းတစ်ခန်းခြင်းအလိုက် သီးသန့်အိမ်သုံးမီတာတစ်လုံးချင်းစီ တပ်ဆပ်လိုပါက သက်ဆိုင်ရာဌာနမှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာသို့ တိုက်ရိုက် လျှောက်ထားလာပါက ခွင့်ပြုပေးလျက်ရှိပါတယ်။”ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service