ေစ်းကြက္နွင့္လုပ္ငန္းရွင္မ်ား အခြင့္အေရးကာကြယ္ရန္ Pile လုပ္ငန္းရွင္မ်ားအသင္းယာယီဖြဲ႕စည္း - Property News in Myanmar from iMyanmarHouse.com
2633 Views

ေစ်းကြက္နွင့္လုပ္ငန္းရွင္မ်ား အခြင့္အေရးကာကြယ္ရန္ Pile လုပ္ငန္းရွင္မ်ားအသင္းယာယီဖြဲ႕စည္း

### Zawgyi Version ###

ျပည္တြင္း (Pile) ေစ်းကြက္နွင့္ လုပ္ငန္း႐ွင္မ်ား၏အခြင့္အေရးကို ကာကြယ္ႏိုင္ရန္ ျမန္မာႏိုင္ငံ (Pile) ပိုင္ လုပ္ငန္း႐ွင္မ်ားအသင္းကို ယာယီဖြဲ႔စည္းတည္ေထာင္ထားေၾကာင္း စက္တင္ဘာလ ၂၉ ရက္ေန ့က ရန္ကုန္ျမိဳ႕ M3 စားေသာက္ဆိုင္တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲမွသိရသည္။

"ရည္ရြယ္ခ်က္ကႏိုင္ငံတကာက နည္းပညာေတြနဲ႔ ရင္ေဘာင္တန္းႏိုင္ေအာင္ ျပည္တြင္းလုပ္ငန္း႐ွင္ေတြအေနနဲ႔ ႏိုင္ငံတကာကဝင္လာလို႔႐ွိရင္ နည္းပညာအရေရာအင္အားအရ ယွဥ္ၿပိဳင္ႏိုင္ေအာင္လို႔ကိုတည္ေထာင္တာျဖစ္ပါတယ္" ဟုျမန္မာႏိုင္ငံပိုင္လုပ္ငန္း႐ွင္မ်ားအသင္း (ယာယီ) မွအတြင္းေရးမႈးဦးမင္းမင္း ကေျပာသည္။

လက္႐ွိတြင္ယာယီအေနျဖင့္ရန္ကုန္ၿမိဳ႕႐ွိမဂၤလာပါရမီ business Centre တြင္ရံုးခန္းယာယီထား႐ွိမည္ ျဖစ္ၿပီးျမန္မာႏိုင္ငံရင္းႏွီးျမဳပ္ႏွံမႈေကာ္မ႐ွင္ (MIC) တြင္အသင္းအဖြဲ႔အစည္းအျဖစ္ မွတ္ပံုတင္ျပသြားမည္ျဖစ္ေၾကာင္း သံုးလအတြင္းအသင္းအတည္ျပဳဖြဲ႕စည္းရန္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္းသိရသည္။

စီးပြားေရးဖြံၿဖိဳးမႈကိုတိုးတတ္ျပီး အလုပ္အကိုင္အခြင့္အလမ္းမ်ားရ႐ွိႏိုင္ရန္ နည္းပညာပိုင္းဆိုင္ရာတိုးတတ္ေရး ႏွင့္စံခ်ိန္စံညႇြန္းမ်ားထုတ္ျပန္ႏိုင္ရန္ တိုင္းရင္းသားလုပ္ငန္း႐ွင္မ်ား၏ ရပိုင္ခြင့္ႏွင့္လုပ္ပိုင္ခြင့္မ်ားရ႐ွိေစရန္ စာခ်ဳပ္စာတမ္းမ်ားႏွင့္ပတ္သတ္သည့္ ေရေျမသဘာဝႏွင့္ကိုက္ညီသည့္ဥပေဒမ်ား ျပဳျပင္ေျပာင္းလဲနိုင္ရန္ ဖြဲ႕စည္းျခင္းျဖစ္ေၾကာင္း အဆိုပါအသင္းယာယီဥကၠဌဦးေဇာ္ေဇာ္ေအးကရွင္းျပသည္။

လက္႐ွိတြင္ Pile လုပ္ငန္းႏွင့္ပတ္သတ္၍ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီတြင္ တရား၀င္မွတ္ပံုတင္ထားသည့္ ပိုင္လုပ္ငန္း ၆၁ ခု႐ွိၿပီး ေျမသားစမ္းသပ္သည့္လုပ္ငန္းေပါင္း ၂၀ ေက်ာ္နွင့္ စုစုေပါင္း Piple လုပ္ငန္းႏွင့္ဆက္စပ္လုပ္ငန္းေပါင္း ၈၀ ေက်ာ္ရွိေၾကာင္း စည္ပင္သာယာစာရင္းမ်ားအရသိရသည္။

အဆိုပါ Pile လုပ္ငန္းမ်ားကုိ ေဆာက္လုပ္ေရး ေစ်းကြက္တြင္ ေျခာက္ထပ္မွစ၍ ႐ွစ္ထပ္ႏွင့္ဆယ္ႏွစ္ထပ္ အျမင့္အေဆာက္အဦးမ်ားတြင္ ေဆာက္လုပ္သည့္ ေျမသားေပၚမူတည္ကာ အသံုးျပဳလ်က္ရွိေၾကာင္း အဆိုပါအသင္းထံမွသိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ပြည်တွင်း (Pile) ဈေးကွက်နှင့် လုပ်ငန်းရှင်များ၏အခွင့်အရေးကို ကာကွယ်နိုင်ရန် မြန်မာနိုင်ငံ (Pile) ပိုင် လုပ်ငန်းရှင်များအသင်းကို ယာယီဖွဲ့စည်းတည်ထောင်ထားကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ M3 စားသောက်ဆိုင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှသိရသည်။

"ရည်ရွယ်ချက်ကနိုင်ငံတကာက နည်းပညာတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာကဝင်လာလို့ရှိရင် နည်းပညာအရရောအင်အားအရ ယှဉ်ပြိုင်နိုင်အောင်လို့ကိုတည်ထောင်တာဖြစ်ပါတယ်" ဟုမြန်မာနိုင်ငံပိုင်လုပ်ငန်းရှင်များအသင်း (ယာယီ) မှအတွင်းရေးမှုးဦးမင်းမင်း ကပြောသည်။

လက်ရှိတွင်ယာယီအနေဖြင့်ရန်ကုန်မြို့ရှိမင်္ဂလာပါရမီ business Centre တွင်ရုံးခန်းယာယီထားရှိမည် ဖြစ်ပြီးမြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) တွင်အသင်းအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပြသွားမည်ဖြစ်ကြောင်း သုံးလအတွင်းအသင်းအတည်ပြုဖွဲ့စည်းရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

စီးပွားရေးဖွံဖြိုးမှုကိုတိုးတတ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရန် နည်းပညာပိုင်းဆိုင်ရာတိုးတတ်ရေး နှင့်စံချိန်စံညှွန်းများထုတ်ပြန်နိုင်ရန် တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ရပိုင်ခွင့်နှင့်လုပ်ပိုင်ခွင့်များရရှိစေရန် စာချုပ်စာတမ်းများနှင့်ပတ်သတ်သည့် ရေမြေသဘာဝနှင့်ကိုက်ညီသည့်ဥပဒေများ ပြုပြင်ပြောင်းလဲနိုင်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း အဆိုပါအသင်းယာယီဥက္ကဌဦးဇော်ဇော်အေးကရှင်းပြသည်။

လက်ရှိတွင် Pile လုပ်ငန်းနှင့်ပတ်သတ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် တရားဝင်မှတ်ပုံတင်ထားသည့် ပိုင်လုပ်ငန်း ၆၁ ခုရှိပြီး မြေသားစမ်းသပ်သည့်လုပ်ငန်းပေါင်း ၂၀ ကျော်နှင့် စုစုပေါင်း Piple လုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းပေါင်း ၈၀ ကျော်ရှိကြောင်း စည်ပင်သာယာစာရင်းများအရသိရသည်။

အဆိုပါ Pile လုပ်ငန်းများကို ဆောက်လုပ်ရေး ဈေးကွက်တွင် ခြောက်ထပ်မှစ၍ ရှစ်ထပ်နှင့်ဆယ်နှစ်ထပ် အမြင့်အဆောက်အဦးများတွင် ဆောက်လုပ်သည့် မြေသားပေါ်မူတည်ကာ အသုံးပြုလျက်ရှိကြောင်း အဆိုပါအသင်းထံမှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service