စက္မွဳဇုန္ေျမပုိမ်ားမွာ အနာဂတ္အတြက္အရံထားသည့္ ေျမမ်ားသာျဖစ္ဟုဆို - Property News in Myanmar from iMyanmarHouse.com
847 Views

စက္မွဳဇုန္ေျမပုိမ်ားမွာ အနာဂတ္အတြက္အရံထားသည့္ ေျမမ်ားသာျဖစ္ဟုဆို

 ### Zawgyi Version ###

စက္မွဳဇုန္ ေျမမ်ားတြင္ အသံုးမျပဳရေသးသည့္ေျမမ်ားသည္ အနာဂတ္ဖြံ႕ျဖိဳးတိုးတက္မွဳလုပ္ငန္းမ်ားအတြက္ အရံထားရွိသည့္ေျမမ်ားျဖစ္ျပီး စက္မွဳဇုန္ဥပေဒအရ သတ္မွတ္ေျမတန္ဖိုး၏ ၅၀ ရာခိုင္နွဳန္းျဖင့္ျပန္လည္စီမံခန္႕ခြဲနိုင္ေၾကာင္း ေတာင္ဒဂံုစက္မွဳဇုန္ ၂ ဥကၠ႒ဦး၀င္းနိုင္ကေျပာၾကားသည္။

စက္မွဳဇုန္အတြင္း အသံုးျပဳျခင္းမရွိသည့္ ေျမစုစုေပါင္း ၄၀ ရာခိုင္နွဳန္းခန့္ရွိျပီး စည္ပင္သာယာေရးေကာ္မတီမွ အဆိုပါေျမမ်ားကုိ ျပန္လည္သိမ္းဆည္းမည့္ ကိစၥကုိျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“ လံုး၀အသံုးမျပဳတဲ့ေျမဆိုတာ မရွိဘူးေတာ့မဟုတ္ဘူးရွိပါတယ္ ဒါေပမဲ့ အမ်ားစုက ဂိုေဒါင္ေတြ၊ အနာဂတ္စီမံကိန္းေျမေတြ အတြက္ ခ်န္ထားတာေတြမ်ားတယ္ ဒါေတြက မသိတဲ့သူေတြၾကည့္ရင္ ေျမပုိေတြလို႕ျမင္ရေပမဲ့ ေနာက္တိုးလာမဲ့အေရတြက္ကုိ ခ်ိန္ျပီးခ်န္ထားၾကတာ”ဟု ဦး၀င္းနိုင္ကေျပာဆိုသည္။

ရန္ကုန္ျမိဳ႕ရွိစက္မႈဇုန္မ်ားကုိ ယခင္က ျမိဳ႕ရြာနွင့္အိုးအိမ္ဖြံျဖိဳးေရးဦးစီးဌာနမွ စတင္အေကာင္ထည္ေဖာ္ခဲ့ျပီး ရန္ကုန္ျမိဳ႕တြင္တည္ေထာင္သည့္လုပ္ငန္းမ်ားျဖစ္သည့္အတြက္ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သို႕ေျမယာစီမံခန့္ခြဲမွဳကုိ ျပန္လည္ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း စည္ပင္သာယာေရးေကာ္မတီထံမွသိရသည္။

လက္ရွိရန္ကုန္ျမိဳ႕တြင္ စက္မွဳဇုန္ ၂၉ ဇုန္ရွိျပီး ပုဂၢလိကမွတည္ေထာင္သည့္ စက္မွဳဇုန္မ်ားတြင္ အေနာ္ရထာစက္မွဳဇုန္နွင့္ ေရႊသန္လြင္စက္မွဳဇုန္မ်ားပါ၀င္ျပီး ေျမလႊတ္ေျမရိုင္းက်န္ရွိသည့္စက္မွဳဇုန္တို႕မွာ သာဓုကန္နွင့္ ၀ါးတစ္ရာစက္မွဳဇုန္မ်ားသာရွိေၾကာင္း ဦး၀င္းနိုင္ကရွင္းျပသည္။

“ ေျမသိမ္းမယ္ဆိုတာက လူႀကီးေတြဘက္က ေျမကုိ အသံုးခ်ေစခ်င္တာ၊ ဆံုးတာနဲ႕ရံႈးတာမ်ိဳးမျဖစ္ေစခ်င္လို႕ဒီလိုေျပာတာျဖစ္မယ္”ဟု ၄င္းကဆက္လက္ေျပာဆိုသည္။

ျမန္မာနိုင္ငံ၏စက္မွဳဇုန္ဥပေဒၾကမ္းမွာ အပုိင္းခြဲခြင့္ျပဳသြားမည္ျဖစ္ျပီးလက္ရွိတြင္ တခ်ိဳ႕အပုိင္းေလာက္အတည္ျပဳထားေၾကာင္း ဥပေဒၾကမ္းေကာ္မရွင္ထံမွသိရသည္။

လက္ရွိစက္မွဳဇုန္ဥပေဒတြင္ အသံုးျပဳျခင္းမရွိသည့္စက္မွဳဇုန္ေျမမ်ားကုိ သက္ဆိုင္ရာေျမစီမံခန့္ခြဲမွဳဌာနမွ ေျမတန္ဖိုး၏ ၅၀ ရာခိုင္နွဳန္းျဖင့္ ျပန္လည္စီမံခန္႕ခြဲသြားမည့္အခ်က္ပါ၀င္ေၾကာင္း အဆိုပါဥေပေဒအရသိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

စက်မှုဇုန်မြေများတွင် အသုံးမပြုရသေးသည့်မြေများသည် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက် အရံထားရှိသည့်မြေများဖြစ်ပြီး စက်မှုဇုန်ဥပဒေအရ သတ်မှတ်မြေတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဖြင့်ပြန်လည်စီမံခန့်ခွဲနိုင်ကြောင်း တောင်ဒဂုံစက်မှုဇုန် ၂ ဥက္ကဋ္ဌဦးဝင်းနိုင်ကပြောကြားသည်။

စက်မှုဇုန် အတွင်း အသုံးပြုခြင်းမရှိသည့် မြေစုစုပေါင်း ၄၀ ရာခိုင်နှုန်းခန့်ရှိပြီး စည်ပင်သာယာရေးကော်မတီမှ အဆိုပါမြေများကို ပြန်လည်သိမ်းဆည်းမည့် ကိစ္စကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ လုံးဝအသုံးမပြုတဲ့မြေဆိုတာ မရှိဘူးတော့မဟုတ်ဘူးရှိပါတယ် ဒါပေမဲ့ အများစုက ဂိုဒေါင်တွေ၊ အနာဂတ်စီမံကိန်းမြေတွေ အတွက် ချန်ထားတာတွေများတယ် ဒါတွေက မသိတဲ့သူတွေကြည့်ရင် မြေပိုတွေလို့မြင်ရပေမဲ့ နောက်တိုးလာမဲ့အရေတွက်ကို ချိန်ပြီးချန်ထားကြတာ”ဟု ဦးဝင်းနိုင်ကပြောဆိုသည်။

ရန်ကုန်မြို့ရှိစက်မှုဇုန်များကို ယခင်က မြို့ရွာနှင့်အိုးအိမ်ဖွံဖြိုးရေးဦးစီးဌာနမှ စတင်အကောင်ထည်ဖော်ခဲ့ပြီး ရန်ကုန်မြို့တွင်တည်ထောင်သည့်လုပ်ငန်းများဖြစ်သည့်အတွက် ရန်ကုန်မြို့တော်စည်ပင်သို့မြေယာစီမံခန့်ခွဲမှုကို ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီထံမှသိရသည်။

လက်ရှိရန်ကုန်မြို့တွင် စက်မှုဇုန် ၂၉ ဇုန်ရှိပြီး ပုဂ္ဂလိကမှတည်ထောင်သည့် စက်မှုဇုန်များတွင် အနော်ရထာစက်မှုဇုန်နှင့် ရွှေသန်လွင်စက်မှုဇုန်များပါဝင်ပြီး မြေလွှတ်မြေရိုင်းကျန်ရှိသည့်စက်မှုဇုန်တို့မှာ သာဓုကန်နှင့် ဝါးတစ်ရာစက်မှုဇုန်များသာရှိကြောင်း ဦးဝင်းနိုင်ကရှင်းပြသည်။

“ မြေသိမ်းမယ်ဆိုတာက လူကြီးတွေဘက်က မြေကို အသုံးချစေချင်တာ၊ ဆုံးတာနဲ့ရှုံးတာမျိုးမဖြစ်စေချင်လို့ဒီလိုပြောတာဖြစ်မယ်”ဟု ၎င်းကဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ၏စက်မှုဇုန်ဥပဒေကြမ်းမှာ အပိုင်းခွဲခွင့်ပြုသွားမည်ဖြစ်ပြီးလက်ရှိတွင် တချို့အပိုင်းလောက်အတည်ပြုထားကြောင်း ဥပဒေကြမ်းကော်မရှင်ထံမှသိရသည်။

လက်ရှိစက်မှုဇုန်ဥပဒေတွင် အသုံးပြုခြင်းမရှိသည့်စက်မှုဇုန်မြေများကို သက်ဆိုင်ရာမြေစီမံခန့်ခွဲမှုဌာနမှ မြေတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဖြင့် ပြန်လည်စီမံခန့်ခွဲသွားမည့်အချက်ပါဝင်ကြောင်း အဆိုပါဥပေဒေအရသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service