၂၀၂၂ ခုႏွစ္တြင္ အထက္ရဲ႐ြာေရအားလၽွပ္စစ္စီမံကိန္း ၿပီးစီးပါက ႏွစ္စဥ္ လၽွပ္စစ္ဓာတ္အားကီလိုဝပ္ နာရီသန္းေပါင္း ၁၄၀၉ သန္းထုတ္လုပ္ေပးႏိုင္ - Property News in Myanmar from iMyanmarHouse.com
1714 Views

၂၀၂၂ ခုႏွစ္တြင္ အထက္ရဲ႐ြာေရအားလၽွပ္စစ္စီမံကိန္း ၿပီးစီးပါက ႏွစ္စဥ္ လၽွပ္စစ္ဓာတ္အားကီလိုဝပ္ နာရီသန္းေပါင္း ၁၄၀၉ သန္းထုတ္လုပ္ေပးႏိုင္

### Zawgyi Version ###

၂၀၂၂ ခုႏွစ္တြင္ အထက္ရဲ႐ြာေရအားလၽွပ္စစ္စီမံကိန္း ၿပီးစီးပါက ႏွစ္စဥ္လၽွပ္စစ္ဓာတ္အားကီလိုဝပ္ နာရီသန္းေပါင္း ၁၄၀၉ သန္းထုတ္လုပ္ေပးႏိုင္ျဖစ္ေၾကာင္း လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ သိရသည္။

အထက္ရဲ႐ြာေရအားလၽွပ္စစ္ စီမံကိန္းသည္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ့၏ ေတာင္ဘက္ မိုင္ ၂၀ အကြာ ဒု႒၀တီျမစ္ေပၚတြင္တည္ေဆာက္ထားၿပီး ၂၀၁၀-၂၀၁၁ ခုႏွစ္မွစတင္ကာ လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီး ဌာနက အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ေၾကာင္းသိရ သည္။ ၇၀ မဂၢါဝပ္ရွိသည့္ ဓာတ္အားေပးစက္ေလးလုံးတပ္ဆင္ထားၿပီး စုစုေပါင္း မဂၢါဝပ္ ၂၈၀ ရွိၿပီး ႏွစ္စဥ္ပ်မ္းမၽွ လၽွပ္စစ္ဓာတ္အားကီလိုဝပ္ နာရီသန္းေပါင္း ၁၄၀၉ သန္းထုတ္လုပ္မည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါစီမံကိန္းမွဓာတ္အားကို ႏိုင္ငံေတာ္ဓာတ္အား ကြန္ရက္စနစ္မွတစ္ဆင့္ ျမန္မာတစ္ႏိုင္ငံလုံးသို႔ လၽွပ္စစ္ဓာတ္အားမ်ား ပို႔လႊတ္ျဖန္႔ ျဖဴးေပးႏိုင္ေရး ရည္႐ြယ္၍ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိၿပီး ယင္းစီမံကိန္းၿပီးလွ်င္္ ဓာတ္အားကြန္ရက္စနစ္မွ လူဦးေရ၏ ၃ ဒသမ ၇ သန္းခန္႔အား လၽွပ္စစ္ဓာတ္အား ျဖန္႔ေဝေပးပို႔ႏိုင္ မွာျဖစ္ေၾကာင္း လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ သိရသည္။

RCC ကြန္ကရစ္တမံအမ်ိဳးအစားျဖစ္၍ ကန္ေရျပည့္သိုေလွာင္ပမာဏသည္ ၂ ဒသမ ၇၇ သိန္း ဧကေပ ျဖစ္ၿပီး စီမံကိန္းအတြက္ အလြန္အေရးပါသည့္ အခ်င္း ၄၁ ေပရွိ အရွည္ ၁၅၃၉ ေပရွိ သံကူကြန္ကရစ္ ေရသြယ္ဥမင္လိုဏ္ အမွတ္ (၁) ႏွင့္ အရွည္ ၁၇၄၉ ေပရွိ သံကူကြန္ကရစ္ ေရသြယ္ဥမင္လိုဏ္ အမွတ္(၂) တို႔ ၏ အေပၚျခမ္း မ်ားကို ၂၀၁၈ ဩဂုတ္လ၌ စတင္ေဆာင္႐ြက္ခဲ့ရာ ၂၀၁၉ ဇြန္လတြင္ တိုးလၽွိဳေပါက္ေအာင္ျမင္စြာတူးေဖာ္ၿပီးစီးခဲ့ေၾကာင္း သိရသည္။

လၽွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ တစ္ႏိုင္ငံလုံးရွိ ႏိုင္ငံပိုင္ႏွင့္ ပုဂၢလိကပိုင္ ဓာတ္အားေပးစက္႐ုံ ၅၁ ႐ုံ တည္ေဆာက္ထားၿပီး စက္တပ္ဆင္အင္အား မဂၢါဝပ္ ၅၆၀၀ ေက်ာ္ရွိေၾကာင္း သိရသည္။

အဆိုပါ ေရအားလွ်ပ္စစ္စြမ္းအင္ျဖင့္ ျမန္မာႏိုင္ငံရွိ အိမ္ေထာင္စုေပါင္း ၁၀ ဒသမ ၈ သန္းေက်ာ္မွ အိမ္ေထာင္စုေပါင္း ၄ ဒသမ ၉ သန္းေက်ာ္ကို လၽွပ္ စစ္မီးေပးထားေၾကာင္းသိရသည္။

ယခုႏွစ္ကုန္တြင္ အိမ္ေထာင္ စုေပါင္း ၅၀ ရာခိုင္ႏႈန္းအထိ လၽွပ္စစ္မီးသုံးစြဲႏိုင္ေအာင္ေဆာင္႐ြက္သြားရန္ ရည္႐ြယ္ထားၿပီး ေရရွည္တြင္ လၽွပ္စစ္ဓာတ္အား လုံေလာက္မႈရွိေစရန္ တနသၤာရီတိုင္းေဒသႀကီး ကံေပါက္ေဒသတြင္ မဂၢါဝပ္ ၁၂၃၀၊ ရန္ကုန္တိုင္းေဒသႀကီး အလုံတြင္ ၃၇၇ မဂၢါဝပ္၊ ဧရာ၀တီတိုင္းေဒသႀကီး မီးေလာင္ခ်ိဳင့္ ေဒသတြင္ မဂၢါဝပ္ ၁၃၉၀ ထုတ္လုပ္ႏိုင္မည့္ စီမံကိန္းသုံးခုကို ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

၂၀၂၂ ခုနှစ်တွင် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ပြီးစီးပါက နှစ်စဉ် လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း ၁၄၀၉ သန်းထုတ်လုပ်ပေးနိုင်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၏ တောင်ဘက် မိုင် ၂၀ အကွာ ဒုဋ္ဌဝတီမြစ်ပေါ်တွင် တည်ဆောက်ထားပြီး ၂၀၁၀-၂၀၁၁ ခုနှစ်မှစတင်ကာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။ ၇၀ မဂ္ဂါဝပ်ရှိသည့် ဓာတ်အားပေးစက်လေးလုံး တပ်ဆင်ထားပြီး စုစုပေါင်း မဂ္ဂါဝပ် ၂၈၀ ရှိပြီး နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၁၄၀၉ သန်းထုတ်လုပ်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါစီမံကိန်းမှဓာတ်အားကို နိုင်ငံတော်ဓာတ်အား ကွန်ရက်စနစ်မှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ လျှပ်စစ် ဓာတ်အားများ ပို့လွှတ်ဖြန့် ဖြူးပေးနိုင်ရေး ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းပြီးလျှင် ဓာတ်အားကွန်ရက်စနစ်မှ လူဦးရေ၏ ၃ ဒသမ ၇ သန်းခန့်အား လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးပို့နိုင် မှာဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ RCC ကွန်ကရစ်တမံအမျိုးအစားဖြစ်၍ ကန်ရေပြည့်သိုလှောင်ပမာဏသည် ၂ ဒသမ ၇၇ သိန်း ဧကပေ ဖြစ်ပြီး စီမံကိန်းအတွက် အလွန်အရေးပါသည့် အချင်း ၄၁ ပေရှိ အရှည် ၁၅၃၉ ပေရှိ သံကူကွန်ကရစ် ရေသွယ်ဥမင်လိုဏ် အမှတ် (၁) နှင့် အရှည် ၁၇၄၉ ပေရှိ သံကူကွန်ကရစ် ရေသွယ်ဥမင်လိုဏ် အမှတ်(၂) တို့ ၏ အပေါ်ခြမ်း များကို ၂၀၁၈ ဩဂုတ်လ၌ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ဇွန်လတွင် တိုးလျှိုပေါက်အောင်မြင်စွာတူးဖော်ပြီးစီးခဲ့ကြောင်း သိရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တစ်နိုင်ငံလုံးရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဓာတ်အားပေးစက်ရုံ ၅၁ ရုံ တည်ဆောက်ထားပြီး စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၅၆၀၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါ ရေအားလျှပ်စစ်စွမ်းအင်ဖြင့် မြန်မာနိုင်ငံရှိ အိမ်ထောင် စုပေါင်း ၁၀ ဒသမ ၈ သန်းကျော်မှ အိမ်ထောင်စုပေါင်း ၄ ဒသမ ၉ သန်းကျော်ကို လျှပ် စစ်မီးပေးထားကြောင်းသိရသည်။

ယခုနှစ်ကုန်တွင် အိမ်ထောင် စုပေါင်း ၅၀ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးသုံးစွဲနိုင်အောင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားပြီး ရေရှည်တွင် လျှပ်စစ်ဓာတ်အား လုံလောက်မှုရှိစေရန် တနင်္သာရီတိုင်းဒေသကြီး ကံပေါက်ဒေသတွင် မဂ္ဂါဝပ် ၁၂၃၀၊ ရန်ကုန်တိုင်းဒေသကြီး အလုံတွင် ၃၇၇ မဂ္ဂါဝပ်၊ ဧရာဝတီတိုင်းဒေသကြီး မီးလောင်ချိုင့် ဒေသတွင် မဂ္ဂါဝပ် ၁၃၉၀ ထုတ်လုပ်နိုင်မည့် စီမံကိန်းသုံးခုကို ဆောင်ရွက်ထားကြောင်း သိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service