တန္ဖိုးနည္း၊ တန္ဖိုးသင့္ အိမ္ခန္းဝယ္ယူခြင့္ တတိယအသုတ္အျဖစ္ အိမ္ခန္း ၃၀၇ ခန္းကို စက္တင္ဘာ ၂၉ ရက္၌ ဇယားစဥ္အလိုက္ေရာင္းခ်မည္ - Property News in Myanmar from iMyanmarHouse.com
2084 Views

တန္ဖိုးနည္း၊ တန္ဖိုးသင့္ အိမ္ခန္းဝယ္ယူခြင့္ တတိယအသုတ္အျဖစ္ အိမ္ခန္း ၃၀၇ ခန္းကို စက္တင္ဘာ ၂၉ ရက္၌ ဇယားစဥ္အလိုက္ေရာင္းခ်မည္

### Zawgyi Version ###

တန္ဖိုးနည္း၊ တန္ဖိုးသင့္ အိမ္ခန္းဝယ္ယူခြင့္အား တတိယအသုတ္အျဖစ္ အိမ္ခန္း ၃၀၇ ခန္းကို စက္တင္ဘာ ၂၉ ရက္၌ ဇယားစဥ္အလိုက္ေရာင္းခ်မည္ျဖစ္ေၾကာင္း အိမ္ရာစီမံကိန္းမ်ား ေရာင္းခ်ေရးႀကီးၾကပ္မႈ ေကာ္မတီမွသိရသည္။

ပထမအသုတ္ ႏွင့္ ဒုတိယအသုတ္တို႔တြင္ တန္ဖိုးနည္း၊ တန္ဖိုးသင့္ အိမ္ခန္းဝယ္ယူခြင့္ေလၽွာက္ထားသူ စုစုေပါင္း ၆၀၂၇ ဦးမွ ၁၁၅၃ ဦးကို အမွတ္စဥ္ဇယားအလိုက္ ေရာင္းခ်ေပးခဲ့ၿပီးျဖစ္ေၾကာင္းလည္းသိရသည္။

က်န္ေလၽွာက္ထားသူ ၄၈၇၄ ဦးကို တတိယအသုတ္တြင္တန္းစီဇယား အမွတ္စဥ္အလိုက္ ေရာင္းခ်ေပးမည္ျဖစ္ၿပီး ဝယ္ယူခြင့္ရသူမ်ားသည္ အိမ္ရာေရြးခ်ယ္ ဆႏၵျပဳျခင္းႏွင့္ဝယ္ယူမည့္စနစ္ (အေၾကသြင္း/ဘဏ္ေခ်း) ဆႏၵျပဳျခင္းမ်ားကို ၂၀၁၉ ခုႏွစ္ ၾသဂုတ္ ၈ ရက္မွစတင္၍ စက္တင္ဘာ ၁၉ ရက္ ေနာက္ဆုံးထားၿပီး ၿမိဳ့ျပႏွင့္အိမ္ရာ ဖြံ႔ၿဖိဳးေရးဦးစီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီး ညႊန္ၾကားေရးမႉး႐ုံး၊ ေျမညီထပ္ရွိ Yangon City Gallery သို႔ ဆက္သြယ္ေဆာင္ရြက္ရန္ အသိေပး အေၾကာင္းၾကားခဲ့သည္။

သတ္မွတ္ရက္အတြင္း လာေရာက္ ဆက္သြယ္ဆႏၵျပဳသူ ၉၃၆ ဦး ရွိခဲ့ၿပီး ၎တို႔အနက္မွ ဦးစားေပး ဇ ယား အမွတ္စဥ္အလိုက္ ဝယ္ယူခြင့္ ေလၽွာက္ထားေသာ အိမ္ရာမ်ားကို မဲႏွိုက္ခြင့္ ရရွိသူမ်ားမွာ ၃၀၇ ဦးျဖစ္ၿပီး စက္တင္ဘာ ၂၉ ရက္ နံနက္ ၉ နာရီ မိနစ္ ၃၀ အခ်ိန္တြင္ အိမ္ခန္းအမွတ္ မဲႏွိုက္ၾကရမည္ ျဖစ္ေၾကာင္း၊မဲႏိႈက္ၿပီး သူမ်ားသည္ ေအာက္တိုဘာ ၁၀ ရက္မွ ၃၁ ရက္ ေနာက္ဆုံးထားၿပီး ေဆာက္လုပ္ေရး၊အိမ္ရာႏွင့္အေျခခံအေဆာက္အအုံ ဖြံ႔ၿဖိဳးေရးဘဏ္ (CHID Bank) ႏွင့္ ဆက္သြယ္၍ ေငြေပးသြင္းျခင္းႏွင့္ ဘဏ္ေခ်းေငြကိစၥမ်ားကို ေဆာင္ရြက္ၾကရန္ ျဖစ္ေၾကာင္း၊ သတ္မွတ္ကာလအတြင္း ဆက္သြယ္ေဆာင္ရြက္ျခင္းမရွိပါက ဝယ္ယူခြင့္အလိုအေလ်ာက္ပ်က္ျပယ္မည္ ျဖစ္ေၾကာင္းသိရသည္။

မဲႏႈိက္ခြင့္ မရရွိေသးေသာ က်န္ဆႏၵျပဳသူ ၆၂၉ ဦးအေနျဖင့္ တတိယအသုတ္တြင္ ဆႏၵျပဳျခင္းမရွိ၍ ေရာင္းရန္က်န္ေနသည့္ ဒဂုံၿမိဳ့သစ္ (ဆိပ္ကမ္း)ၿမိဳ့နယ္၊ကေနာင္ တန္ဖိုးနည္းအိမ္ရာမွ ၂၇ ခန္း၊ လႈိင္သာယာၿမိဳ႕နယ္၊ ေရႊလင္ဗန္းတန္ဖိုးနည္းအိမ္ရာမွ ၁၄ ခန္း၊ လႈိင္သာယာၿမိဳ႕နယ္၊ေရႊလင္ပန္းစက္မႈဇုန္ (Shop House) မွ ၁၅ ခန္းႏွင့္ လႈိင္သာယာၿမိဳ့နယ္၊ ထီးလိႈင္ရွင္အိမ္ရာမွ ၁၀ ခန္း စုစုေပါင္း ေရာင္းရန္က်န္ ၆၆ ခန္းကို ဝယ္ယူလိုပါက ေရာင္းခ်ေပးမည္ ျဖစ္ေၾကာင္းသိရသည္။

ဇြန္ ၄ ရက္က ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ့ျပႏွင့္ အိမ္ရာဖြံ႕ျဖိဳးေရးဦးစီးဌာနမွ ဒုတိယအသုတ္အျဖစ္ေရာင္းခ်မႈတြင္ အိမ္ရာဝယ္ယူႏိုင္ရန္ တန္ဖိုးနည္းအိမ္ခန္းအတြက္ ရာခိုင္ႏႈန္း ၂၀၊ တန္ဖိုးသင့္ အိမ္ခန္းအတြက္ ရာခိုင္ႏႈန္း ၃၀ ကို ကနဦးေပးသြင္းေငြ (Down Payment) အေနျဖင့္ေပးသြင္း၍ အတိုးႏႈန္း ၈ ဒသမ ၅ ရာခိုင္ႏႈန္း၊ ေခ်းေငြကာလ ၁၅ ႏွစ္ျဖင့္ အိမ္ခန္းေပါင္း ၃၂၅ ခန္းကို ေရာင္းခ်ေပးခဲ့သည္။

ဒုတိယအသုတ္ ဝယ္ယူထားသူမ်ားအား စက္တင္ဘာလ ကုန္ပိုင္းအတြင္း ဝယ္ယူထားသည့္ အိမ္ခန္း မ်ားတြင္ အျမန္ဆုံး ေနထိုင္နိုင္ေရးအတြက္ ဌာနဆိုင္ရာမ်ားႏွင့္ ညႇိႏႈိင္း ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ျဖိဳးေရးဦးစီးဌာနမွ သိရသည္။

 

ကိုေမတၱာ (ေတာင္ေပၚသား) ေမွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းဝယ်ယူခွင့်အား တတိယအသုတ်အဖြစ် အိမ်ခန်း ၃၀၇ ခန်းကို စက်တင်ဘာ ၂၉ ရက်၌ ဇယားစဉ်အလိုက်ရောင်းချမည်ဖြစ်ကြောင်း အိမ်ရာစီမံကိန်းများ ရောင်းချရေးကြီးကြပ်မှု ကော်မတီမှသိရသည်။

ပထမအသုတ် နှင့် ဒုတိယအသုတ်တို့တွင် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ခန်းဝယ်ယူခွင့်လျှောက်ထားသူ စုစုပေါင်း ၆၀၂၇ ဦးမှ ၁၁၅၃ ဦးကို အမှတ်စဉ်ဇယားအလိုက် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။

ကျန်လျှောက်ထားသူ ၄၈၇၄ ဦးကို တတိယအသုတ်တွင်တန်းစီဇယား အမှတ်စဉ်အလိုက် ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူခွင့်ရသူများသည် အိမ်ရာရွေးချယ် ဆန္ဒပြုခြင်းနှင့်ဝယ်ယူမည့်စနစ် (အကြေသွင်း/ဘဏ်ချေး) ဆန္ဒပြုခြင်းများကို ၂၀၁၉ ခုနှစ် သြဂုတ် ၈ ရက်မှစတင်၍ စက်တင်ဘာ ၁၉ ရက် နောက်ဆုံးထားပြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၊ မြေညီထပ်ရှိ Yangon City Gallery သို့ ဆက်သွယ်ဆောင်ရွက်ရန် အသိပေး အကြောင်းကြားခဲ့သည်။

သတ်မှတ်ရက်အတွင်း လာရောက် ဆက်သွယ်ဆန္ဒပြုသူ ၉၃၆ ဦး ရှိခဲ့ပြီး ၎င်းတို့အနက်မှ ဦးစားပေး ဇ ယား အမှတ်စဉ်အလိုက် ဝယ်ယူခွင့် လျှောက်ထားသော အိမ်ရာများကို မဲနှိုက်ခွင့် ရရှိသူများမှာ ၃၀၇ ဦးဖြစ်ပြီး စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်တွင် အိမ်ခန်းအမှတ် မဲနှိုက်ကြရမည် ဖြစ်ကြောင်း၊မဲနှိုက်ပြီး သူများသည် အောက်တိုဘာ ၁၀ ရက်မှ ၃၁ ရက် နောက်ဆုံးထားပြီး ဆောက်လုပ်ရေး၊အိမ်ရာနှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank) နှင့် ဆက်သွယ်၍ ငွေပေးသွင်းခြင်းနှင့် ဘဏ်ချေးငွေကိစ္စများကို ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း ဆက်သွယ်ဆောင်ရွက်ခြင်းမရှိပါက ဝယ်ယူခွင့်အလိုအလျောက်ပျက်ပြယ်မည် ဖြစ်ကြောင်းသိရသည်။

မဲနှိုက်ခွင့် မရရှိသေးသော ကျန်ဆန္ဒပြုသူ ၆၂၉ ဦးအနေဖြင့် တတိယအသုတ်တွင် ဆန္ဒပြုခြင်းမရှိ၍ ရောင်းရန်ကျန်နေသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ကနောင် တန်ဖိုးနည်းအိမ်ရာမှ ၂၇ ခန်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာမှ ၁၄ ခန်း၊ လှိုင်သာယာမြို့နယ်၊ရွှေလင်ပန်းစက်မှုဇုန် (Shop House) မှ ၁၅ ခန်းနှင့် လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင်အိမ်ရာမှ ၁၀ ခန်း စုစုပေါင်း ရောင်းရန်ကျန် ၆၆ ခန်းကို ဝယ်ယူလိုပါက ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။

ဇွန် ၄ ရက်က ရန်ကုန်မြို့ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယအသုတ်အဖြစ်ရောင်းချမှုတွင် အိမ်ရာဝယ်ယူနိုင်ရန် တန်ဖိုးနည်းအိမ်ခန်းအတွက် ရာခိုင်နှုန်း ၂၀၊ တန်ဖိုးသင့် အိမ်ခန်းအတွက် ရာခိုင်နှုန်း ၃၀ ကို ကနဦးပေးသွင်းငွေ (Down Payment) အနေဖြင့်ပေးသွင်း၍ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း၊ ချေးငွေကာလ ၁၅ နှစ်ဖြင့် အိမ်ခန်းပေါင်း ၃၂၅ ခန်းကို ရောင်းချပေးခဲ့သည်။

ဒုတိယအသုတ် ဝယ်ယူထားသူများအား စက်တင်ဘာလ ကုန်ပိုင်းအတွင်း ဝယ်ယူထားသည့် အိမ်ခန်း များတွင် အမြန်ဆုံး နေထိုင်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ညှိနှိုင်း ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

ကိုမေတ္တာ (တောင်ပေါ်သား) မှေ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service