ေနာင္ေဆာက္မည့္ ရန္ကုန္ၿမိဳ႕ အျပင္ပတ္လမ္းေပၚတြင္ Logistic Hub, Trucks Terminal yard မ်ားတည္ေဆာက္ၿပီးပါက တစ္ႏိုင္ငံလံုးသို႔ ဆက္သြယ္ႏိုင္မည္ - Property News in Myanmar from iMyanmarHouse.com
3704 Views

ေနာင္ေဆာက္မည့္ ရန္ကုန္ၿမိဳ႕ အျပင္ပတ္လမ္းေပၚတြင္ Logistic Hub, Trucks Terminal yard မ်ားတည္ေဆာက္ၿပီးပါက တစ္ႏိုင္ငံလံုးသို႔ ဆက္သြယ္ႏိုင္မည္

### Zawgyi Version ###

ေနာင္ေဆာက္မည့္ ရန္ကုန္ၿမိဳ႕ အျပင္ပတ္လမ္းေပၚတြင္ Logistic Hub, Trucks Terminal yard မ်ားတည္ေဆာက္ၿပီးပါက တစ္ႏိုင္ငံလံုးသို႔ ဆက္သြယ္ႏိုင္မည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးျမင့္ေသာင္းက ေျပာသည္။

ရန္ကုန္တိုင္းလႊတ္ေတာ္အစည္းအေဝး၌ လသာအမတ္ ဦးေက်ာ္မင္းဟန္၏ ကုန္စည္ဝန္ေဆာင္မႈလုပ္ငန္းစနစ္တစ္ခုကို အေကာင္အထည္ေဖာ္ရန္ အစီအစဥ္ရွိ၊မရွိေမးခြန္းအေပၚ ေျဖၾကားရာတြင္အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ကုန္းလမ္းကုန္စည္ပု႔ိေဆာင္ေရးက႑တြင္ ၂၂ ဘီး၊ ေနာက္တြဲပါယာဥ္မ်ား၊ ၁၂ ဘီး၊ ၆ ဘီး၊ စီးလံုးယာဥ္မ်ား၊ စက္ရံုမ်ားမွ တိုက္ရိုက္ေသာ္လည္းေကာင္း၊ ဘုရင့္ေနာင္အေဝးေျပး ယာဥ္ရပ္နားစခန္းရွိ ကားဂိတ္မ်ားသို႔ ကုမၸဏီမွပို႔ေဆာင္၍ တစ္ႏိုင္ငံလံုးရွိ ၿမိဳ႕မ်ားသို႔ ၁၂ ဘီး၊ ၆ ဘီး ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ျပန္လည္ပို႔ေဆာင္ေပးလ်က္ရွိေၾကာင္းေျပာၾကားသည္။

ယခုအခါ လႈိင္သာယာ၊ ေရႊျပည္သာစက္မႈဇုန္မ်ား၊ မဂၤလာဒံုၿမိဳ႕နယ္၊ ေတာင္ဒဂံု၊ အေရွ႕ဒဂံု အစရွိသည့္ စက္မႈဇုန္မ်ားမွ ဘုရင့္ေနာင္၊ မရမ္းကုန္ၿမိဳ႕နယ္သို႔ တစ္ဆင့္ ကုန္ျပန္္ပို႔ေနရျခင္း၊ ဘုရင့္ေနာင္ယာဥ္ရပ္နားဝင္းတြင္ရပ္နားသည့္ ယာဥ္ႏွင့္ရပ္နားဝင္း မမွ်တ၍ ယာဥ္ပိတ္ဆို႔မႈမ်ား ေလွ်ာ့ခ်ႏိုင္ရန္ ျမန္မာႏိုင္ငံအေဝးေျပး ကုန္စည္ပို႔ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္းႏွင့္ ေဆြးေႏြးေနေၾကာင္းေျပာထားသည္။

ေနာက္တြဲယာဥ္မ်ား၊ ၁၂ ဘီးယာဥ္မ်ား ၿမိဳ႕တြင္းသို႔ အဝင္အထြက္ ေလွ်ာ့ခ်ႏိုင္ရန္ ေနာင္တည္ေဆာက္မည့္ ရန္ကုန္ၿမိဳ႕အျပင္ပတ္လမ္းေပၚတြင္ တစ္ႏိုင္ငံလံုးသို႔ ဆက္သြယ္ႏိုင္္မည့္ Logistic Hub, Trucks Terminal yard အျမန္ဆံုးတည္ေဆာက္ရန္ စီစဥ္ေနလ်က္ရွိၿပီး ကုန္စည္ပို႔ေဆာင္ေရးဝန္ေဆာင္မႈ လုပ္ငန္းစနစ္ အေကာင္အထည္ေဖာ္လ်က္ရွိေၾကာင္း ဝန္ႀကီးဦးျမင့္ေသာင္းက ေျပာသည္။

အစိုးရအေနျဖင့္ ကုန္စည္ပိ႔ုေဆာင္ေရး ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ေဆာင္ရြက္ရာတြင္ ျမန္မာ့မီးရထား ဌာနပိုင္ ကုန္ေလွာင္ရံုႀကီးမ်ားတြင္ ကုန္စည္မ်ားကို သိုေလွာင္ၿပီး ႏုိင္ငံေတာ္ပိုင္ မီးရထားျဖင့္ သယ္ယူပို႔ေဆာင္ ေစျခင္းျဖင့္လည္းေကာင္း၊ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး ဆိပ္ကမ္းငယ္မ်ား ဝါးတန္း၊ ဗားကရာစသည့္ ဆိပ္ကမ္းမ်ားရွိ ကုန္ေလွာင္ရံုမ်ားတြင္ ကုန္္စည္မ်ားကို သိုေလွာင္ၿပီး ႏိုင္ငံပိုင္ေရယာဥ္မ်ား၊ ပုဂၢလိကပိုင္ ေရယာဥ္မ်ားတို႔ျဖင့္ သယ္ယူပို႔ေဆာင္ေစျခင္း၊ အေဝးေျပးကုန္စည္ ပို႔ေဆာင္ေရးဂိတ္မ်ားရွိ ကုန္္ေလွာင္ရံုမ်ားတြင္ ကုန္စည္မ်ားကို သိုေလွာင္ၿပီး (၁၂ ဘီး၊ ၁၀ ဘီး၊ ၆ ဘီး) ေမာ္ေတာ္ယာဥ္မ်ားျဖင့္ သယ္ယူပို႔ေဆာင္ေစျခင္း၊ ႏိုင္ငံတကာမွ ပင္လယ္ေရေၾကာင္း ကုန္သြယ္မႈစနစ္ျဖင့္ ဝင္ေရာက္လာသည့္ ကုန္စည္မ်ားကို ရန္ကုန္္ၿမိဳ႕ရွိ ႏုိင္ငံေတာ္ပိုင္ ဆိပ္ကမ္းႀကီးမ်ား ဆူးေလဆိပ္ကမ္းမ်ားရွိ ကုန္ေလွာင္ရံုႀကီးမ်ား၊ ပုဂၢလိကပိုင္ဆိပ္ကမ္းႀကီးမ်ားရိွ ကုန္ေလွာင္ရုံႀကီးမ်ားတြင္ သိုေလွာင္၍ ရန္ကုန္ၿမိဳ့တြင္းႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္အသီး သီးသို႔ သယ္ယူပို႔ေဆာင္ေစျခင္း၊ ကုန္စည္ပိ႔ုေဆာင္ေရး ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို တစ္ဖက္တစ္လမ္းမွ ႏိုင္ငံေတာ္အစိုးရက ပုဂၢလိကက႑ကို လြတ္လပ္စြာ လုပ္ကိုင္ေဆာင္ရြက္ေစျခင္းျဖင့္ လည္းေကာင္းအားေပးကူညီ ေဆာင္ရြက္လ်က္ရွိေၾကာင္း ဝန္ႀကီးက ဆက္လက္ေျပာၾကားသည္။

ၿပီးခဲ့သည့္ ဘ႑ာႏွစ္အတြင္း ရန္ကုန္တုိင္းေဒသႀကီးအေနျဖင့္ ကုန္စည္ပို႔ေဆာင္ေရးဝန္ေဆာင္မႈ အေျခ အေနမွာ ျမန္မာ့မီးရထားျဖင့္ တန္ခ်ိန္ (၅၂၆,၁၀၀)၊ ကုန္တန္မိုင္ (၁၃၃,၀၁၇,၀၀၀) မိုင္၊ ကုန္တင္ယာဥ္ (ဝန္ေပါ့ ဝန္ ေလး၊ အျခား၊ ႏွစ္ဘီးတပ္၊ သံုးဘီးတပ္၊ ေထာ္လာဂ်ီ၊စက္ယႏ ၱရား၊ေနာက္တြဲ စသည့္ယာဥ္မ်ား)စီးေရ (၅၃၃,၄၁၂) စီး၊ ျပည္တြင္းေရေၾကာင္း ပို႔ေဆာင္ေရးလမ္းေၾကာင္းျဖင့္ ကုန္တန္ခ်ိန္ (၄၂၂,၁၃၅)၊ ကုန္တန္မိုင္ (၂၃,၁၂၄) မိုင္၊ႏိုင္ငံပိုင္ ေရယာဥ္ (၁၂) စီး၊ ပုဂၢလိကပိုင္ (၃၃၆) စီး၊ ျပည္တြင္းေလေၾကာင္းျဖင့္ ကုန္တန္ခ်ိန္ (၁,၃၇၂) တန္၊ကုန္တန္မိုင္ (၂၈၆,၃၄၆) မို္င္ကို ကုန္စည္ပို႔ေဆာင္ေရး ဝန္ေဆာင္မႈ ေပးႏိုင္ခဲ့ေၾကာင္း ၎ကဆက္ေျပာသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

နောင်ဆောက်မည့် ရန်ကုန်မြို့ အပြင်ပတ်လမ်းပေါ်တွင် Logistic Hub, Trucks Terminal yard များတည် ဆောက်ပြီးပါက တစ်နိုင်ငံလုံးသို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး၌ လသာအမတ် ဦးကျော်မင်းဟန်၏ ကုန်စည်ဝန်ဆောင်မှုလုပ်ငန်းစနစ်တစ်ခုကို အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ၊မရှိမေးခွန်းအပေါ် ဖြေကြားရာတွင်အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကုန်းလမ်းကုန်စည်ပု့ိဆောင်ရေးကဏ္ဍတွင် ၂၂ ဘီး၊ နောက်တွဲပါယာဉ်များ၊ ၁၂ ဘီး၊ ၆ ဘီး၊ စီးလုံးယာဉ် များ၊ စက်ရုံများမှ တိုက်ရိုက်သော်လည်းကောင်း၊ ဘုရင့်နောင်အဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ကားဂိတ်များသို့ ကုမ္ပဏီမှ ပို့ဆောင်၍ တစ်နိုင်ငံလုံးရှိ မြို့များသို့ ၁၂ ဘီး၊ ၆ ဘီး မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်းပြောကြားသည်။

ယခုအခါ လှိုင်သာယာ၊ ရွှေပြည်သာစက်မှုဇုန်များ၊ မင်္ဂလာဒုံမြို့နယ်၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ အစရှိသည့် စက်မှုဇုန်များမှ ဘုရင့်နောင်၊ မရမ်းကုန်မြို့နယ်သို့ တစ်ဆင့် ကုန်ပြန်ပို့နေရခြင်း၊ ဘုရင့်နောင်ယာဉ်ရပ်နားဝင်းတွင် ရပ်နားသည့် ယာဉ်နှင့်ရပ်နားဝင်း မမျှတ၍ ယာဉ်ပိတ်ဆို့မှုများ လျှော့ချနိုင်ရန် မြန်မာနိုင်ငံအဝေးပြေး ကုန် စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းနှင့် ဆွေးနွေးနေကြောင်းပြောထားသည်။

နောက်တွဲယာဉ်များ၊ ၁၂ ဘီးယာဉ်များ မြို့တွင်းသို့ အဝင်အထွက် လျှော့ချနိုင်ရန် နောင်တည်ဆောက်မည့် ရန်ကုန်မြို့အပြင်ပတ်လမ်းပေါ်တွင် တစ်နိုင်ငံလုံးသို့ ဆက်သွယ်နိုင်မည့် Logistic Hub, Trucks Terminal yard အမြန်ဆုံးတည်ဆောက်ရန် စီစဉ်နေလျက်ရှိပြီး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းစနစ် အကောင်အထည်ဖော်လျက်ရှိကြောင်း ဝန်ကြီးဦးမြင့်သောင်းက ပြောသည်။

အစိုးရအနေဖြင့် ကုန်စည်ပိ့ုဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြန်မာ့မီးရထား ဌာနပိုင် ကုန်လှောင်ရုံကြီးများတွင် ကုန်စည်များကို သိုလှောင်ပြီး နိုင်ငံတော်ပိုင် မီးရထားဖြင့် သယ်ယူပို့ဆောင် စေခြင်းဖြင့်လည်းကောင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဆိပ်ကမ်းငယ်များ ဝါးတန်း၊ ဗားကရာစသည့် ဆိပ်ကမ်းများရှိ ကုန်လှောင်ရုံများတွင် ကုန်စည်များကို သိုလှောင်ပြီး နိုင်ငံပိုင်ရေယာဉ်များ၊ ပုဂ္ဂလိကပိုင် ရေယာဉ်များတို့ဖြင့် သယ်ယူပို့ဆောင်စေခြင်း၊ အဝေးပြေးကုန်စည် ပို့ဆောင်ရေးဂိတ်များရှိ ကုန်လှောင်ရုံ များတွင် ကုန်စည် များကို သိုလှောင်ပြီး (၁၂ ဘီး၊ ၁၀ ဘီး၊ ၆ ဘီး) မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်စေခြင်း၊ နိုင်ငံတကာမှ ပင်လယ်ရေကြောင်း ကုန်သွယ်မှုစနစ်ဖြင့် ဝင်ရောက်လာသည့် ကုန်စည်များကို ရန်ကုန်မြို့ရှိ နိုင်ငံတော်ပိုင် ဆိပ် ကမ်းကြီးများ ဆူးလေဆိပ်ကမ်းများရှိ ကုန်လှောင်ရုံကြီးများ၊ ပုဂ္ဂလိကပိုင်ဆိပ်ကမ်းကြီးများရှိ ကုန်လှောင်ရုံကြီးများတွင် သိုလှောင်၍ ရန်ကုန်မြို့တွင်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီး သီးသို့ သယ်ယူပို့ဆောင်စေခြင်း၊ ကုန် စည်ပိ့ုဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ နိုင်ငံတော်အစိုးရက ပုဂ္ဂလိကကဏ္ဍကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်စေခြင်းဖြင့် လည်းကောင်းအားပေးကူညီ ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု အခြေ အနေမှာ မြန်မာ့မီးရထားဖြင့် တန်ချိန် (၅၂၆,၁၀၀)၊ ကုန်တန်မိုင် (၁၃၃,၀၁၇,၀၀၀) မိုင်၊ ကုန်တင်ယာဉ် (ဝန်ပေါ့ ဝန် လေး၊ အခြား၊ နှစ်ဘီးတပ်၊ သုံးဘီးတပ်၊ ထော်လာဂျီ၊စက်ယန ္တရား၊နောက်တွဲ စသည့်ယာဉ်များ)စီးရေ (၅၃၃,၄၁၂) စီး၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလမ်းကြောင်းဖြင့် ကုန်တန်ချိန် (၄၂၂,၁၃၅)၊ ကုန်တန်မိုင် (၂၃,၁၂၄) မိုင်၊နိုင်ငံပိုင် ရေယာဉ် (၁၂) စီး၊ ပုဂ္ဂလိကပိုင် (၃၃၆) စီး၊ ပြည်တွင်းလေကြောင်းဖြင့် ကုန်တန်ချိန် (၁,၃၇၂) တန်၊ကုန်တန်မိုင် (၂၈၆,၃၄၆) မိုင်ကို ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service