ရန်ကုန်မြို့ပတ်ယာဉ်လိုင်းသစ်ကို စက်တင်ဘာ ၂၃ ရက်က စတင်ပြေးဆွဲ - Property News in Myanmar from iMyanmarHouse.com
943 Views

ရန်ကုန်မြို့ပတ်ယာဉ်လိုင်းသစ်ကို စက်တင်ဘာ ၂၃ ရက်က စတင်ပြေးဆွဲ

### Zawgyi Version ###





 



 

### Unicode Version ###

 

ရန်ကုန်မြို့ပတ်ယာဉ်လိုင်းသစ်ကို စက်တင်ဘာ ၂၃ ရက်က Scania ကားများဖြင့် စတင်ပြေးဆွဲကြောင်း သိရသည်။

လမ်းကြောင်းနှစ်ကြောင်းခွဲပြီး အောင်မင်္ဂလာအဝေးပြေးကို ခရီးစဉ်ဂိတ်စဂိတ်ဆုံးထားပြီး ယာဉ်အစီးရေ ၂၀ ဖြင့်ပြေးဆွဲမှာဖြစ်ပြီး ထိုင်ခုံ ၂၈ ခုံပါဝင်ကာ ၇၁ ယောက်စီးနင်းနိုင်မှာဖြစ်ကြောင်း၊သက်ကြီးရွယ်အိုနှင့်ဝှီးချဲသမားများအတွက်လည်း သီးသန့်နေရာပါဝင်ပြီး ဝှီးချဲ သမားတစ်ဦးပါဝင်လျှင် ၆၇ ယောက်သာစီနင်းနိုင်မည်ဟုသိရ သည်။

ယာဉ်လမ်းကြောင်း နှစ်ကြောင်းခွဲ၍ ပြေးဆွဲရာတွင် လမ်းကြောင်း (၁) အဖြစ် အောင်မင်္ဂလာအဝေးပြေးဝင်းမှစတင်ပြီး အမှတ် (၃) လမ်းမကြီး၊ ၆ ကွေ့၊သုဓမ္မာလမ်း၊ဝေဇယန္တာလမ်း၊ပါရမီလမ်း၊ဘေလီထိပ်၊သံသုမာလမ်း (သုဝဏ္ဏ) ကြက်ဘဲဈေး၊သမိန်ဗရမ်းလမ်း၊အထက်ပုဇွန်တောင်၊ ၅၁ လမ်းထိပ်၊ဗိုလ်တထောင်ဘုရားလမ်း၊ကမ်းနားလမ်း၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ဘုရင့်နောင်လမ်း၊ဘုရင်နောင်လမ်းဆုံ၊သမိုင်းဘူတာရုံလမ်း၊သမိုင်းလမ်းဆုံ၊ ကျိုက်ဝိုင်းဘုရားလမ်း၊၈ မိုင်၊ကမ္ဘာအေးဘုရားလမ်း၊နဝဒေး၊အုတ်ပုံဆိပ်၊သုဓမ္မာလမ်း၊၆ ကွေ့၊အမှတ်(၃)လမ်းမကြီးမှ အောင်မင်္ဂလာအဝေးပြေးသို့ရောက်မည်ဖြစ်ပြီး လမ်းကြောင်း (၁) နှင့်မျက်နှာချင်းဆိုင်ယာဉ်လမ်းကြောင်း (၂) ကို ပြေးဆွဲမှာဖြစ်ကြောင်းသိရသည်။

City Transit ကုမ္ပဏီကပြေးဆွဲပေးသော ရန်ကုန်မြို့ပတ်ယာဉ်လိုင်းသည် နံနက် ၅ နာရီခွဲမှ ည ၈ နာရီ အထိပြေးဆွဲမှာဖြစ်ပြီး ခရီးမိုင်အရှည်သည် ၃၅ မိုင်ရှိ၍ မှတ်တိုင်ပေါင်း ၆၇ ခုရှိကာ အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံထိ ၅၀၀ ကျပ်သတ်မှတ်ထားကြောင်းသိရသည်။

 

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service