အတိုးႏႈန္းသက္သာေသာတန္ဖိုးနည္းအိမ္ရာေတြရဲ႕ ဝိေရာဓိ - Property News in Myanmar from iMyanmarHouse.com
1331 Views

အတိုးႏႈန္းသက္သာေသာတန္ဖိုးနည္းအိမ္ရာေတြရဲ႕ ဝိေရာဓိ

### Zawgyi Version ###

ရန္ကုန္တုိင္းေဒသႀကီး အိမ္ရာစီမံကိန္းမ်ား ေရာင္းခ်ေရးေကာ္မတီက ၂၀၁၉ ခုႏွစ္ ဇြန္လ ၄ ရက္ ေန႔တြင္ တန္ဖိုးနည္းအိမ္ရာႏွင့္ တန္ဖိုးသင့္အိမ္ရာ အိမ္ခန္း စုစုေပါင္း ၃၂၅ ခန္းကို ေရာင္းခ်ခဲ့ၿပီး ျဖစ္ေၾကာင္း၊ ထပ္မံ၍ အိမ္ခန္း ၂၀၀ ေက်ာ္ကို မၾကာမီ ေရာင္းခ်မည္ျဖစ္ေၾကာင္း၊ ထိုကဲ့သို႔ ေရာင္းခ်ရာတြင္ တန္ဖိုးနည္းအိမ္ရာအတြက္ အိမ္ခန္းတန္ဖိုး၏ ၂၀ ရာခိုင္ႏႈန္းကို တစ္လံုးတည္းေပးသြင္းရမည္ျဖစ္ၿပီး တန္ဖိုးသင့္အိမ္ရာအတြက္ ၃၀ ရာခိုင္ႏႈန္း ေပးသြင္းရ မည္ျဖစ္ေၾကာင္း၊ က်န္ေငြကို ေဆာက္လုပ္ေရး၊ အိမ္ရာႏွင့္ အေျခခံအေဆာက္အအံုဖြံ႕ၿဖိဳးေရးဘဏ္ (CHIDB) မွ အတိုးႏႈန္း ၈ ဒသမ ၅ ရာခုိင္ႏႈန္းျဖင့္ ေခ်းေငြ ရယူၿပီး ၁၅ ႏွစ္ကာလအတြင္း လစဥ္ အရစ္က်ေပးသြင္းရန္ထုတ္ျပန္ခဲ့သည္။

တန္ဖိုးနည္းအိမ္ရာ အတိုးႏႈန္း ကို ၁၂ ရာခိုင္ႏႈန္းအစား အေသးစားႏွင့္ အလတ္စားလုပ္ငန္းမ်ားအတြက္ အတိုးႏႈန္းအတိုင္း ၈ ဒသမ ၅ ရာခုိင္ႏႈန္းသာရယူသင့္ ေၾကာင္း က်ြမ္းက်င္သူေတြက ေထာက္ျပခဲ့တာေၾကာင့္ ေျပာင္းလဲခဲ့တာလည္းျဖစ္ပါတယ္။

ထို႔အျပင္ ေခ်းေငြျပန္လည္ေပးအပ္ရမည့္ကာလကို ၁၀ ႏွစ္မွ ၁၅ ႏွစ္သို႔ တိုးျမႇင့္ေပးျခင္းကိုလည္း စတင္ေနျပီျဖစ္ပါတယ္။

သို ့ေသာ္တစ္လံုးတည္းေပးသြင္းေငြကို ၂၀ ရာခိုင္ႏႈန္း သတ္မွတ္ထားျခင္းမွာ ရန္ကုန္တုိင္းေဒသႀကီးမွ ေရာင္းရန္က်န္ရွိေသာ လက္က်န္တန္ဖိုးနည္းအိမ္ခန္းမ်ားအတြက္သာျဖစ္ေၾကာင္းႏွင့္ အျခားတန္ဖိုးနည္းအိမ္ရာမ်ားအတြက္ ဗဟိုဘဏ္၏ ခြင့္ျပဳခ်က္ရရွိရန္ လိုအပ္ေနေသးေၾကာင္း သိရွိရသျဖင့္ ပိတ္ကား ေပၚတြင္ ဆက္ၾကည့္႐ႈၾကရဦးမည္ျဖစ္ေပသည္။

ဗဟိုဘဏ္ကိုလည္း တန္ဖိုးနည္းအိမ္ရာစီမံကိန္းအားလံုးအတြက္ ၂၀ ရာခိုင္ႏႈန္း တစ္ေျပးညီဆက္လက္ခြင့္ျပဳေပးရန္လိုအပ္မည္ျဖစ္သည္။

အတိုးႏႈန္းေလွ်ာ့ခ်မႈႏွင့္ ေခ်းေငြသက္တမ္းတုိးျမႇင့္ေပးမႈသည္ ဆင္းရဲႏြမ္းပါးေသာ အိမ္ရာမဲ့ျပည္သူတုိ႔အား တန္ဖိုးနည္းအိမ္ရာဝယ္ယူရန္ ပိုမို၍ လက္လွမ္းမီလာေစမည္ျဖစ္၏။

ဤအစီအစဥ္ ျဖစ္ေျမာက္လာျခင္းမွာ ဂ်ပန္ႏုိင္ငံ ၏ ODA ေခ်းေငြကို Two Step Loan အျဖစ္ ရယူႏိုင္ခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရွိရေပသည္။ ဂ်ပန္ႏုိင္ငံသည္ အတုိးႏႈန္း ၀ ဒသမ ၀၁ ရာခုိင္ႏႈန္းမွ်သာေပးရမည့္ ဘ႑ာေငြတံတားႀကီးျဖင့္ တန္ဖိုးနည္းအိမ္ရာဝယ္ယူမည့္ ဝင္ေငြနည္းျပည္သူမ်ားကို ကူညီေပးသကဲ့သို႔ရွိ၏။

တန္ဖိုးနည္းအိမ္ရာ (Low Cost Housing) ဟူသည္ အစဥ္အလာအရ သံုးစြဲသည့္အေခၚအေဝၚတစ္ခုျဖစ္ၿပီး ၁၉၉၆ ခုႏွစ္တြင္ တူရကီႏုိင္ငံအစၥတန္ဘူလ္ၿမိဳ႕၌ က်င္းပေသာ ကုလသမဂၢလူေန ၿမိဳ႕ရြာညီလာခံႀကီးမွစ၍ ဝင္ေငြ ႏွင့္ လက္လွမ္းမီေသာအိမ္ရာ (Affordable Housing) ဟု တြင္က်ယ္စြာ ေခၚေဝၚသံုးစြဲလာခဲ့ၾက ေၾကာင္း ေတြ႕ရွိရ၏။

ဝင္ေငြနည္း သူတုိ႔၏ ဝင္ေငြျဖင့္ ဝယ္ယူႏုိင္စြမ္း ရွိေစရမည္ဟူေသာ ဂုဏ္ပုဒ္ကို ထင္ရွားေပၚလြင္ေစေသာ အေခၚအေဝၚတစ္ရပ္လည္းျဖစ္၏။ ေယဘုယ်အားျဖင့္ ဝင္ေငြႏွင့္ လက္လွမ္းမီေစရန္ ဝင္ေငြနည္းသူအတြက္ဆိုလွ်င္ အိမ္ခန္းတန္ဖိုးနည္းေစရမည္။

ဝင္ေငြအသင့္အတင့္ရွိသူအတြက္ဆုိလွ်င္ တန္ဖိုးသင့္တင့္မွ်တေစရမည္ဟု ဆုိႏုိင္၏။ သို႔ေသာ္ တန္ဖိုးနည္းလွ်င္ၿပီးေရာဟူေသာ ေဆာက္လုပ္မႈကို လံုးဝလက္မခံႏုိင္ေပ။

ဝင္ေငြႏွင့္ လက္လွမ္းမီေသာ အိမ္ရာတိုင္းသည္ အရည္အေသြးေကာင္းမြန္မႈ (Adequacy) လည္းရွိရမည္ဟု အထက္ပါညီလာခံက သတ္မွတ္ခဲ့၏။ ထို႔ေၾကာင့္ ဝင္ေငြနည္းျပည္သူတုိ႔ ဝင္ေငြႏွင့္ လက္လွမ္းမီၿပီး အရည္အေသြးေကာင္းမြန္ေသာအိမ္ရာ (Affordable and Adequate Housing) ဟု စကားရပ္ႏွစ္ခု အထူးျပဳယွဥ္တြဲ၍ ေခၚဆိုခဲ့ၾကေၾကာင္း ေတြ႕ရွိရေပသည္။

ျမန္မာႏုိင္ငံတြင္ တပ္မေတာ္အစိုးရလက္ထက္ စီးပြားေရး တံခါးဖြင့္ဝါဒကို စတင္က်င့္သံုးေသာ အခ်ိန္ကာလ၌ ျပည္တြင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္ အေျမာက္အျမား ေပၚထြန္းလာ၏။ ၎တုိ႔အား တန္ဖိုးနည္းလုပ္ငန္းရွင္ႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းရွင္ဟု ႏွစ္မ်ိဳးခြဲၿပီး ေခၚဆိုမႈမ်ား ရွိခဲ့၏။ အရည္အေသြးႏွင့္ လက္ရာညံ့ေသာလုပ္ငန္းရွင္အားကုန္က်မႈ တန္ဖိုးနည္းနည္းျဖင့္ အျမတ္မ်ားမ်ားရွာတတ္ေသာ တန္ဖိုးနည္းလုပ္ငန္းရွင္ (Low Cost Contractor) ဟုေခၚဆိုၾကၿပီး အရည္အေသြးေကာင္းၿပီး အေတြ႕အႀကံဳ ရင့္က်က္မႈရွိေသာ လုပ္ငန္းရွင္အား ဖြံ႕ၿဖိဳးေရးလုပ္ငန္းရွင္ (Developer) ဟု ျမန္မာ့နည္း ျမန္မာ့ဟန္ျဖင့္ ကင္ပြန္းတပ္ခဲ့ျခင္းျဖစ္သည္။

မ်က္ေမွာက္ေခတ္၌ အထက္ပါ Affordable and Adequate Housing ၏ သေဘာသဘာဝကို နားလည္သေဘာေပါက္ၿပီး အရည္အေသြးႏွစ္ရပ္စလံုးမွ်တေအာင္ ေဖာ္ေဆာင္ေပးႏုိင္ေသာ ကန္ထ႐ိုက္တာမ်ားအားလံုးသည္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းရွင္ (De-veloper) မ်ား ျဖစ္လာၾကၿပီဟု ဆိုရမည္ျဖစ္ေပသည္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများ ရောင်းချရေးကော်မတီက ၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက် နေ့တွင် တန်ဖိုးနည်းအိမ်ရာနှင့် တန်ဖိုးသင့်အိမ်ရာ အိမ်ခန်း စုစု ပေါင်း ၃၂၅ ခန်းကို ရောင်းချခဲ့ပြီး ဖြစ်ကြောင်း၊ ထပ်မံ၍ အိမ်ခန်း ၂၀၀ ကျော်ကို မကြာမီ ရောင်းချမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရောင်းချရာတွင် တန်ဖိုးနည်းအိမ်ရာအတွက် အိမ်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို တစ်လုံးတည်းပေးသွင်းရမည်ဖြစ်ပြီး တန်ဖိုးသင့်အိမ်ရာအတွက် ၃၀ ရာခိုင်နှုန်း ပေးသွင်းရ မည်ဖြစ်ကြောင်း၊ ကျန်ငွေကို ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHIDB) မှ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေ ရယူပြီး ၁၅ နှစ်ကာလအတွင်း လစဉ် အရစ်ကျပေးသွင်းရန်ထုတ်ပြန်ခဲ့သည်။ တန်ဖိုးနည်းအိမ်ရာ အတိုးနှုန်း ကို ၁၂ ရာခိုင်နှုန်းအစား အသေး စားနှင့် အလတ်စားလုပ်ငန်းများအတွက် အတိုးနှုန်းအတိုင်း ၈ ဒသမ ၅ ရာခိုင်နှုန်းသာရယူသင့် ကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြခဲ့တာကြောင့် ပြောင်းလဲခဲ့တာလည်းဖြစ်ပါတယ်။

ထို့အပြင် ချေးငွေပြန်လည်ပေးအပ်ရမည့်ကာလကို ၁၀ နှစ်မှ ၁၅ နှစ်သို့ တိုးမြှင့်ပေးခြင်းကိုလည်း စတင်နေပြီဖြစ်ပါတယ်။ သို့သော်တစ်လုံးတည်းပေးသွင်းငွေကို ၂၀ ရာခိုင်နှုန်း သတ်မှတ်ထားခြင်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ ရောင်းရန်ကျန်ရှိသော လက်ကျန်တန်ဖိုး နည်းအိမ်ခန်းများအတွက်သာဖြစ်ကြောင်းနှင့် အခြားတန်ဖိုးနည်းအိမ်ရာများအတွက် ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိရန် လိုအပ်နေသေးကြောင်း သိရှိရသဖြင့် ပိတ်ကား ပေါ်တွင် ဆက်ကြည့်ရှုကြရဦးမည်ဖြစ်ပေသည်။

ဗဟိုဘဏ်ကိုလည်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းအားလုံးအတွက် ၂၀ ရာခိုင်နှုန်း တစ်ပြေးညီဆက်လက်ခွင့်ပြုပေးရန်လိုအပ်မည်ဖြစ်သည်။ အတိုးနှုန်းလျှော့ချမှုနှင့် ချေးငွေသက်တမ်းတိုးမြှင့်ပေးမှုသည် ဆင်းရဲနွမ်းပါးသော အိမ်ရာမဲ့ပြည်သူတို့အား တန်ဖိုးနည်းအိမ်ရာဝယ်ယူရန် ပိုမို၍ လက်လှမ်းမီလာ စေမည်ဖြစ်၏။

ဤအစီအစဉ် ဖြစ်မြောက်လာခြင်းမှာ ဂျပန်နိုင်ငံ ၏ ODA ချေးငွေကို Two Step Loan အဖြစ် ရယူနိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပေသည်။ ဂျပန်နိုင်ငံသည် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းမျှသာပေးရမည့် ဘဏ္ဍာငွေတံတားကြီးဖြင့် တန်ဖိုးနည်းအိမ်ရာဝယ်ယူမည့် ဝင်ငွေနည်းပြည်သူများကို ကူညီပေးသကဲ့သို့ရှိ၏။

တန်ဖိုးနည်းအိမ်ရာ (Low Cost Housing) ဟူသည် အစဉ်အလာအရ သုံးစွဲသည့်အခေါ်အဝေါ်တစ်ခုဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပသော ကုလသမဂ္ဂလူနေ မြို့ရွာညီလာခံကြီးမှစ၍ ဝင်ငွေ နှင့် လက်လှမ်းမီသောအိမ်ရာ (Affordable Housing) ဟု တွင်ကျယ်စွာ ခေါ်ဝေါ်သုံးစွဲလာခဲ့ကြ ကြောင်း တွေ့ရှိရ၏။

ဝင်ငွေနည်း သူတို့၏ ဝင်ငွေဖြင့် ဝယ်ယူနိုင်စွမ်း ရှိစေရမည်ဟူသော ဂုဏ်ပုဒ်ကို ထင်ရှားပေါ်လွင်စေသော အခေါ်အဝေါ်တစ်ရပ်လည်းဖြစ်၏။ ယေဘုယျအားဖြင့် ဝင်ငွေနှင့် လက်လှမ်းမီစေရန် ဝင်ငွေနည်းသူအတွက်ဆိုလျှင် အိမ်ခန်းတန်ဖိုးနည်းစေရမည်။

ဝင်ငွေအသင့်အတင့်ရှိသူအတွက်ဆိုလျှင် တန်ဖိုးသင့်တင့်မျှတစေရမည်ဟု ဆိုနိုင်၏။ သို့သော် တန်ဖိုးနည်းလျှင်ပြီးရော ဟူသော ဆောက်လုပ်မှုကို လုံးဝ လက်မခံနိုင်ပေ။

ဝင်ငွေနှင့် လက်လှမ်းမီသော အိမ်ရာတိုင်းသည် အရည်အသွေးကောင်းမွန်မှု (Adequacy) လည်း ရှိရမည်ဟု အထက်ပါညီလာခံက သတ်မှတ်ခဲ့၏။ ထို့ကြောင့် ဝင်ငွေနည်းပြည်သူတို့ ဝင်ငွေနှင့် လက်လှမ်းမီပြီး အရည်အသွေးကောင်းမွန်သောအိမ်ရာ (Affordable and Adequate Housing) ဟု စကားရပ်နှစ်ခု အထူးပြုယှဉ်တွဲ၍ ခေါ်ဆိုခဲ့ကြကြောင်း တွေ့ရှိရပေသည်။

မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရလက်ထက် စီးပွားရေး တံခါးဖွင့်ဝါဒကို စတင်ကျင့်သုံးသော အချိန်ကာလ၌ ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် အ မြောက်အမြား ပေါ်ထွန်းလာ၏။ ၎င်းတို့အား တန်ဖိုးနည်းလုပ်ငန်းရှင်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းရှင်ဟု နှစ်မျိုးခွဲပြီး ခေါ်ဆိုမှုများ ရှိခဲ့၏။ အရည်အသွေးနှင့် လက်ရာညံ့သော လုပ်ငန်းရှင်အားကုန်ကျမှု တန်ဖိုးနည်းနည်းဖြင့် အမြတ်များများရှာတတ်သော တန်ဖိုးနည်းလုပ်ငန်းရှင် (Low Cost Contractor) ဟုခေါ်ဆိုကြပြီး အရည်အသွေးကောင်းပြီး အတွေ့အကြုံ ရင့်ကျက်မှုရှိသော လုပ်ငန်းရှင်အား ဖွံ့ဖြိုးရေးလုပ်ငန်းရှင် (Developer) ဟု မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ကင်ပွန်းတပ် ခဲ့ခြင်းဖြစ်သည်။

မျက်မှောက်ခေတ်၌ အထက်ပါ Affordable and Adequate Housing ၏ သဘောသဘာဝကို နားလည်သဘောပေါက်ပြီး အရည်အသွေးနှစ်ရပ်စလုံးမျှတအောင် ဖော်ဆောင်ပေးနိုင်သော ကန်ထရိုက်တာများအားလုံးသည် ဖွံ့ဖြိုးရေးလုပ်ငန်းရှင် (De-veloper) များ ဖြစ်လာကြပြီဟု ဆိုရမည်ဖြစ်ပေသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service