SME ဖွံ့ဖြိုးရေးသည် နိုင်ငံ၏ စီးပွားရေး မောင်းနှင်အားတစ်ခုကို တိုးတက်လာစေဖို့အတွက်ဖြစ် - Property News in Myanmar from iMyanmarHouse.com
653 Views


### Zawgyi Version ###


ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအ တွက် နိုင်ငံတော်အစိုးရကဘက်ပေါင်းစုံကနေ ကူညီအားပေးဆောင်ရွက်နေသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ အရှိန်အဟုန်ရရှိလာတာဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးရ၏ အားပေးကူညီမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အထူးပင်ကျေးဇူးတင်ပါကြောင်းပြောထားသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုကဏ္ဍ ဖံွ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍနယ်ပယ်များကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် နေတာရှိကြောင်း၊ တစ်ဖက်မှာ ငွေရေး ကြေးရေး ကဏ္ဍနယ်ပယ်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေး နှင့် ဝန်ဆောင်မှုကောင်းများကို ဆောင်ရွက်ပေးနိုင်ဖို့ မိမိတို့ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ကဏ္ဍနယ်ပယ် အသီးသီးမှာပါဝင်ဆောင်ရွက် နေသူများကိုလည်း တိုင်းဒေသကြီးအစိုးရမှ အားပေးကူညီဖို့ အတွက် ကြိုးစားဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ပြောသည်။





 

### Unicode Version ###

SME ဖွံ့ဖြိုးရေးသည် နိုင်ငံ၏ စီးပွားရေး မောင်းနှင်အားတစ်ခုကို တိုးတက်လာစေဖို့ အတွက် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ စက်တင်ဘာ ၂၀ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် UMFCCI Centennial International Expo 2019 ပြပွဲ အခမ်းအနား၌ ပြောကြားခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအ တွက် နိုင်ငံတော်အစိုးရက ဘက်ပေါင်းစုံကနေ ကူညီ အားပေးဆောင်ရွက်နေသည့်အတွက် ဖွံ့ဖြိုး တိုးတက်မှုတွေ အရှိန်အဟုန် ရရှိလာတာဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးရ၏ အားပေးကူညီမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွ့ဲအနေဖြင့် အထူးပင်ကျေးဇူးတင်ပါကြောင်းပြောထားသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုကဏ္ဍ ဖံ့ွဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေး ကဏ္ဍနယ်ပယ်များကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် နေတာရှိကြောင်း၊ တစ်ဖက်မှာ ငွေရေး ကြေးရေး ကဏ္ဍနယ်ပယ်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေး နှင့် ဝန်ဆောင်မှုကောင်းများကို ဆောင်ရွက်ပေးနိုင်ဖို့ မိမိတို့ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ကဏ္ဍနယ်ပယ် အသီးသီးမှာ ပါဝင်ဆောင်ရွက် နေသူများကိုလည်း တိုင်းဒေသကြီးအစိုးရမှ အားပေးကူညီဖို့ အတွက် ကြိုးစားဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် SME ကဏ္ဍ ဖွံ့ဖြိုးရေးကိုလည်း အထူးအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ SME ဖွံ့ဖြိုးရေးသည် နိုင်ငံ၏ စီးပွားရေး မောင်းနှင်အားတစ်ခုကို တိုးတက်လာစေဖို့ အတွက် ဖြစ်ကြောင်း၊ ယခုကုန်စည်ပြပွဲတွင်လည်း မြန်မာနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများထဲမှ SME ကဏ္ဍ နယ်ပယ်အသီးသီးက အောင်မြင်နေသည့် ကုန်စည်များကို မြင်တွေ့ရမှာဖြစ်ကြောင်း၊ နိုင်ငံတကာအသီးသီးက နေပြီး ရန်ကုန်မြို့မှာ ကြီးမားကျယ်ပြန့်သည့် ပြပွဲကြီးများ ဖြစ်ဖို့အတွက် မိမိတို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ကုန်စည်ပြပွဲတွင် နိုင်ငံတကာမှ ကုန်ပစ္စည်းများနှင့် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းများမှ ဒေသထွက်ကုန်၊ ထုတ်ကုန်ပစ္စည်းများဖြင့် ပြခန်းပေါင်း (၂၃၅) ခန်းအား ခင်းကျင်းပြသထားပြီး ဂျာမနီ၊ နယ်သာလန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်း ဗီယမ်နမ်၊ တရုတ် (တိုင်ပေ) တို့မှ ပြခန်းပေါင်း ၄၅ ခန်း နှင့် ပြည်တွင်း လုပ်ငန်းရှင်များမှ ပြခန်း ၁၉၀ ပါဝင်ပြသခဲ့ပြီး မော်တော်ယာဉ်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ အိမ်တွင်း အလှဆင်ပစ္စည်းများ၊ အလှကုန်များ၊ အဝတ်အထည်များ၊ လက်ဝတ်ရတနာများ၊ စားသောက်ကုန် ပစ္စည်းများ၊ ယာဉ်အပို ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ သတင်းအချက်နှင့် နည်းပညာကဏ္ဍ စသည်တို့ကို ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်းများက ပြသခဲ့ကြောင်းသိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service