ရန္ကုန္မွ ေတာင္ငူအထိ ရထားလမ္းပိုင္းအဆင့္ျမွင့္တင္ေရးကို ဂ်ပန္ႏွင့္ျမန္မာ ကုမၸဏီမ်ားပါဝင္ေဆာင္ရြက္မည္ - Property News in Myanmar from iMyanmarHouse.com
1773 Views

ရန္ကုန္မွ ေတာင္ငူအထိ ရထားလမ္းပိုင္းအဆင့္ျမွင့္တင္ေရးကို ဂ်ပန္ႏွင့္ျမန္မာ ကုမၸဏီမ်ားပါဝင္ေဆာင္ရြက္မည္

### Zawgyi Version ###

ရန္ကုန္မွ ေတာင္ငူအထိ ရထားလမ္းပိုင္းအဆင့္ျမွင့္တင္ေရးကို ဂ်ပန္ႏွင့္ျမန္မာ ကုမၸဏီမ်ားပါဝင္ေဆာင္ ရြက္မည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။

ရန္ကုန္-မႏၲေလးရထားလမ္း အဆင့္ျမႇင့္တင္ေရးစီမံကိန္းတြင္ ရန္ကုန္မွေတာင္ငူထိ ၁၆၆ မိုင္ကို အဆင့္ (၁)အျဖစ္သတ္မွတ္ထားၿပီး ဂ်ပန္နိုင္ငံမွ Sumitomo Corporation၊ TEKKEN- RJ JV၊ Tokyu Construction, Marubeni Niigata Construction ႏွင့္ Baron & Fujikura EPC CO. Ltd တို႔က Main Contractor မ်ားအျဖစ္လည္း ေကာင္း၊ျမန္မာဘက္မွ A1၊ ေရႊေတာင္၊ ဒဂုံႏွင့္ မက္စ္ကုမၸဏီမ်ားက Sub Contractor မ်ားအျဖစ္ ေဆာင္ရြက္မွာ ျဖစ္ေၾကာင္းသိရသည္။

“ရန္ကုန္-ေတာင္ငူလမ္းပိုင္း အဆင့္ျမႇင့္မႈမွာ CP 1 ကေတာ့ Sumitomo Corporation က Main Contractor အျဖစ္ ေဆာင္ရြက္ၿပီး အေျခခံအမ်ားဆုံး Sub Contractor အေနနဲ႔ေဆာင္ရြက္မွာက A1 ကုမၸဏီ ျဖစ္ ပါတယ္။ CP 2 ကေတာ့ TEKKEN- RNJV က Main Contractor အျဖစ္ ေဆာင္ရြက္ၿပီး Sub Contractor အေနနဲ႔ ေဆာင္ရြက္မွာက Max နဲ႔ ဒဂုံကုမၸဏီတို႔ ျဖစ္ပါတယ္။ Cp 3 ကေတာ့ Tokyu က Main Contractor အျဖစ္ေဆာင္ ရြက္ၿပီး Sub Contractor အေနနဲ႔ ေဆာင္ရြက္မွာက ေရႊေတာင္ကုမၸဏီျဖစ္ပါတယ္။ အျခား Sub Contractor အျဖစ္ပါဝင္သြားမယ့္ ျမန္မာကုမၸဏီေတြကေတာ့ အမ်ားႀကီးျဖစ္ပါတယ္” ဟု ျမန္မာ့မီးရထားမွ ဦးေဆာင္ညႊန္ၾကားေရး မႉး ဦးဘျမင့္က မီဒီယာမ်ားသို႔ေျပာၾကားသည္။

အဆင့္ျမႇင့္တင္ေရးစီမံကိန္း အဆင့္(၁) ကို ေအာက္တိုဘာ ၁ ရက္ေန႔တြင္စတင္မွာျဖစ္ၿပီး စီမံကိန္းကာ လအတြင္း ရထားစင္းေရေလွ်ာ့ခ် ရာတြင္ ခရီးသြားလာမႈအေႏွာင့္အယွက္မျဖစ္ေစရန္ ရထားကိုဖ်က္သိမ္းျခင္း မျပဳဘဲ ပုံမွန္သြားလာနိုင္ေစဖို႔စီစဥ္ေပးသြားမွာျဖစ္ေၾကာင္း၊ ကုန္ပစၥည္း သယ္ယူမႈ၊ ပါဆယ္ပစၥည္းသယ္ယူမႈမ်ားတြင္ ပုံမွန္ျဖစ္ေစဖို႔အတြက္ ေန႔စဥ္ ပါဆယ္ ရထားတစ္စင္းေျပးဆြဲဖို႔ စီစဥ္ထားေၾကာင္း ေျပာသည္။

အေမရိကန္ေဒၚ လာ၂ ဒသမ ၄ ဘီလ်ံကို JICA ထံမွေခ်းယူၿပီး အဆိုပါစီမံကိန္းအတြက္ သုံးစြဲမည္ျဖစ္သည္။ စီမံကိန္းကာလ ငါးႏွစ္္ကို ၂၀၁၈ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္ အထိသတ္မွတ္ထားၿပီး ယင္းစီမံကိန္းၿပီးစီးပါက တစ္နာရီလၽွင္ ကီလိုမီတာ ၁၀၀ အထိေမာင္း ႏွင္နိုင္မည္ျဖစ္ၿပီး ရန္ကုန္-မႏၱေလးရထား ခရီးစဥ္ကို ရွစ္နာရီသာ ၾကာျမင့္မည္ျဖစ္ေၾကာင္းသိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ရန်ကုန်မှ တောင်ငူအထိ ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးကို ဂျပန်နှင့်မြန်မာ ကုမ္ပဏီများပါဝင်ဆောင် ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ရန်ကုန်မှတောင်ငူထိ ၁၆၆ မိုင်ကို အဆင့် (၁)အဖြစ်သတ်မှတ်ထားပြီး ဂျပန်နိုင်ငံမှ Sumitomo Corporation၊ TEKKEN- RJ JV၊ Tokyu Construction, Marubeni Niigata Construction နှင့် Baron & Fujikura EPC CO. Ltd တို့က Main Contractor များအဖြစ်လည်း ကောင်း၊မြန်မာဘက်မှ A1၊ ရွှေတောင်၊ ဒဂုံနှင့် မက်စ်ကုမ္ပဏီများက Sub Contractor များအဖြစ် ဆောင်ရွက်မှာ ဖြစ်ကြောင်းသိရသည်။

“ရန်ကုန်-တောင်ငူလမ်းပိုင်း အဆင့်မြှင့်မှုမှာ CP 1 ကတော့ Sumitomo Corporation က Main Contractor အဖြစ် ဆောင်ရွက်ပြီး အခြေခံအများဆုံး Sub Contractor အနေနဲ့ဆောင်ရွက်မှာက A1 ကုမ္ပဏီ ဖြစ် ပါတယ်။ CP 2 ကတော့ TEKKEN- RNJV က Main Contractor အဖြစ် ဆောင်ရွက်ပြီး Sub Contractor အနေနဲ့ ဆောင်ရွက်မှာက Max နဲ့ ဒဂုံကုမ္ပဏီတို့ ဖြစ်ပါတယ်။ Cp 3 ကတော့ Tokyu က Main Contractor အဖြစ်ဆောင် ရွက်ပြီး Sub Contractor အနေနဲ့ ဆောင်ရွက်မှာက ရွှေတောင်ကုမ္ပဏီဖြစ်ပါတယ်။ အခြား Sub Contractor အဖြစ်ပါဝင်သွားမယ့် မြန်မာကုမ္ပဏီတွေကတော့ အများကြီးဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေး မှူး ဦးဘမြင့်က မီဒီယာများသို့ပြောကြားသည်။

အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်(၁) ကို အောက်တိုဘာ ၁ ရက်နေ့တွင်စတင်မှာဖြစ်ပြီး စီမံကိန်းကာ လအတွင်း ရထားစင်းရေလျှော့ချ ရာတွင် ခရီးသွားလာမှုအနှောင့်အယှက်မဖြစ်စေရန် ရထားကိုဖျက်သိမ်းခြင်း မပြုဘဲ ပုံမှန်သွားလာနိုင်စေဖို့စီစဉ်ပေးသွားမှာဖြစ်ကြောင်း၊ ကုန်ပစ္စည်း သယ်ယူမှု၊ ပါဆယ်ပစ္စည်းသယ်ယူမှုများတွင် ပုံမှန်ဖြစ်စေဖို့အတွက် နေ့စဉ် ပါဆယ် ရထားတစ်စင်းပြေးဆွဲဖို့ စီစဉ်ထားကြောင်း ပြောသည်။

အမေရိကန်ဒေါ် လာ၂ ဒသမ ၄ ဘီလျံကို JICA ထံမှချေးယူပြီး အဆိုပါစီမံကိန်းအတွက် သုံးစွဲမည်ဖြစ်သည်။ စီမံကိန်းကာလ ငါးနှစ်ကို ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိသတ်မှတ်ထားပြီး ယင်းစီမံကိန်းပြီးစီးပါက တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အထိမောင်း နှင်နိုင်မည်ဖြစ်ပြီး ရန်ကုန်-မန္တလေးရထား ခရီးစဉ်ကို ရှစ်နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service