ယာဥ္အစီး ၂၀ ျဖင့္ ရန္ကုန္ၿမိဳ႕ပတ္ယာဥ္လိုင္းသစ္ စက္တင္ဘာ ၂၃ ရက္တြင္ စတင္မည္ - Property News in Myanmar from iMyanmarHouse.com
16104 Views

ယာဥ္အစီး ၂၀ ျဖင့္ ရန္ကုန္ၿမိဳ႕ပတ္ယာဥ္လိုင္းသစ္ စက္တင္ဘာ ၂၃ ရက္တြင္ စတင္မည္

### Zawgyi Version ###

ယာဥ္အစီး ၂၀ ျဖင့္ ရန္ကုန္ၿမိဳ႕ပတ္ယာဥ္လိုင္းသစ္ စက္တင္ဘာ ၂၃ ရက္တြင္စတင္ေျပးဆြဲမည္ျဖစ္ေၾကာင္း ၁၈ ရက္ေန႔ကက်င္းပေသာ ရန္ကုန္တိုင္းသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႔၏ စာနယ္ဇင္းရွင္းလင္းပြဲမွသိရသည္။

“ ဒီလ ၂၃ ရက္ေန႔မွာ ယာဥ္အစီးေရ ၂၀ နဲ႔စတင္ေဲပးဆြဲမွာျဖစ္ပါတယ္၊ေျပးဆြဲတဲ့အခါမွာလည္း ေအာင္မဂၤလာ အေဝးေျပးကေန ထြက္ခြာပါမယ္။ယာဥ္လမ္းေၾကာင္း ႏွစ္ေၾကာင္းခြဲၿပီး ဘယ္ပတ္၊ညာပတ္ ဒီကားႀကီး ေတြနဲ႔ ဆြဲပါမယ္။ေနာက္ ျပည္သူလူထုလိုအပ္ခ်က္အရ ၿမိဳ႕ထဲမွ တခ်ိဳ႕တစ္ဝက္ အေျချပဳၿပီးျပန္ထြက္သြားတဲ့ စနစ္ကိုလည္း ေလ့လာေနပါတယ္”ဟု ရန္ကုန္တိုင္း သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႔ တြဲဖက္အတြင္ေရးမႉး ဦးလွေအာင္ကေျပာသည္။

စတင္ေျပးဆြဲစဥ္ ယာဥ္အစီးေရ ၂၀ ျဖင့္ ေျပးဆြဲမည္ျဖစ္ေသာ္လည္း လမ္းေၾကာင္းႏွင့္ ခရီးသည္အေျခအေနေပၚမူတည္ၿပီး ေအာက္တိုဘာလတြင္ အင္အားျဖည့္ေျပးဆြဲမည္ျဖစ္ေၾကာင္း သိရသည္။

လာမည့္တစ္ပတ္အတြင္း စတင္ေျပးဆြဲမည့္ YBS (ၿမိဳ႕ပတ္) ယာဥ္လိုင္းသစ္တြင္ အမ်ိဳးသမီးယာဥ္ေမာင္းမ်ားပါဝင္မည္ ျဖစ္ၿပီး ေန႔စဥ္နံနက္ ၅ နာရီမွ စတင္မည္ျဖစ္ၿပီး ေနာက္ဆုံးယာဥ္မွာ ေအာင္မဂၤလာအေဝးေျပးမွ ည ၈ နာရီတြင္ထြက္ခြာမည္ျဖစ္ေၾကာင္း စီးတီးထရန္စစ္ (City Transit) ကုမၸဏီမွ သိရသည္။

အဆုိပါယာဥ္လိုင္းတြင္ ႏိုင္ငံတကာထိပ္တန္း အမွတ္တံဆိပ္ျဖစ္သည့္ Scania အမ်ိဳးအစား ေမာ္ေတာ္ ယာဥ္ ၃၉ စီးကို အသုံးျပဳမည္ျဖစ္ၿပီး ၎ယာဥ္သည္ တံခါးသုံးေပါက္ပါၿပီး သာမန္ယာဥ္ထက္ပိုရွည္ေၾကာင္း သိရသည္။ City Transit ကုမၸဏီ အေနျဖင့္ Scania မွ ေျပးဆြဲမႈနည္းပညာကို ျမန္မာႏိုင္ငံတြင္ပုံေဖာ္မည္ျဖစ္ၿပီး မွတ္တိုင္တြင္ကားရပ္သည့္အခါ ခရီးသြားမ်ား အတက္အဆင္းလြယ္ကူေစရန္ ညာဘက္သို႔ေစာင္းသြားမည္ျဖစ္ေၾကာင္း၊သက္ႀကီးရြယ္အိုႏွင့္ဝီွးခ်ဲသမားမ်ားအတြက္လည္း သီးသန္႔ေနရာပါဝင္မည္ျဖစ္ေၾကာင္းသိရသည္။

YRTA မွ ေမာ္ေတာ္ယာဥ္သြားလာမႈထိန္းခ်ဳပ္ရန္ တယ္လီမက္တစ္စနစ္ အျပင္ Scania တယ္လီမက္ တစ္စနစ္လည္းပါဝင္မွျဖစ္ၿပီး မွတ္တိုင္အသိေပးစနစ္မ်ားႏွင့္သတင္းအခ်က္အလက္ အေထာက္အကူျပဳစနစ္ မ်ား ထည့္သြင္းထားေၾကာင္းလည္းသိရသည္။

ယာဥ္လမ္းေၾကာင္း ႏွစ္ေၾကာင္းခြဲ၍ ေျပးဆြဲရာတြင္ လမ္းေၾကာင္း (၁) အျဖစ္ ေအာင္မဂၤလာအေဝးေျပး ဝင္းမွစတင္ၿပီး အမွတ္ (၃) လမ္းမႀကီး၊ ၆ေကြ႔၊သုဓမၼာလမ္း၊ေဝဇယႏၱာလမ္း၊ပါရမီလမ္း၊ေဘလီထိပ္၊သံသုမာလမ္း (သုဝဏၰ) ၾကက္ဘဲေဈး၊သမိန္ဗရမ္းလမ္း၊အထက္ပုဇြန္ေတာင္၊၅၁ လမ္းထိပ္၊ဗိုလ္တေထာင္ဘုရားလမ္း၊ကမ္းနားလမ္း၊ ၾကည့္ျမင္တိုင္ကမ္းနားလမ္း၊ဘုရင့္ေနာင္လမ္း၊ဘုရင္ေနာင္လမ္းဆုံ၊သမိုင္းဘူတာရုံလမ္း၊သမိုင္းလမ္းဆုံ၊ က်ိဳက္ဝိုင္းဘုရားလမ္း၊၈ မိုင္၊ကမၻာေအးဘုရားလမ္း၊နဝေဒး၊အုတ္ပုံဆိပ္၊သုဓမၼာလမ္း၊၆ ေကြ႔၊အမွတ္ (၃) လမ္းမ ႀကီးမွ ေအာင္မဂၤလာအေဝးေျပးသို႔ေရာက္မည္ျဖစ္ၿပီးလမ္းေၾကာင္း (၁) ႏွင့္မ်က္ႏွာခ်င္းဆိုင္ ယာဥ္လမ္းေၾကာင္း (၂) ကို ေျပးဆြဲမွာျဖစ္ေၾကာင္းသိရသည္။

ခရီးစဥ္အစ အဆုံး ၁၀၀၀ က်ပ္ျဖစ္ၿပီး ဂိတ္စမွ သခင္ျမပန္းျခံထိကို ၅၀၀ က်ပ္သတ္မွတ္ထားသည္။ဩဂုတ္လအတြင္း ခရီးသြားျပည္သူ ၁ ဒသမ ၈ သန္းကိုဝန္ေဆာင္မႈေပးႏိုင္ခဲ့ၿပီး အဆိုပါလအတြင္း မွတ္ပုံတင္ယာဥ္ အစီးေရ စုစုေပါင္း ၆၆၅၆ စီးရွိၿပီး၊စီးတီးဘက္စ္ ၅၀၀၄ စီး၊မီနီးဘက္စ္ ၁၁၁၃ စီးႏွင့္ယာဥ္ငယ္မ်ားႏွင့္အျခားယာဥ္ ၅၃၉ စီး မွတ္ပုံတင္ထားေၾကာင္း YRTA စာရင္းမ်ားအရသိရသည္။

 

ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ယာဉ်အစီး ၂၀ ဖြင့် ရန်ကုန်မြို့ပတ်ယာဉ်လိုင်သစ် စက်တင်ဘာ ၂၃ ရက်တွင်စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ၁၈ ရက်နေ့ကကျင်းပသော ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ စာနယ်ဇင်းရှင်းလင်းပွဲမှသိရသည်။

“ ဒီလ ၂၃ ရက်နေ့မှာ ယာဉ်အစီးရေ ၂၀ နဲ့စတင်ေဲပးဆွဲမှာဖြစ်ပါတယ်၊ပြေးဆွဲတဲ့အခါမှာလည်း အောင်မင်္ဂလာ အဝေးပြေးကနေ ထွက်ခွာပါမယ်။ယာဉ်လမ်းကြောင်း နှစ်ကြောင်းခွဲပြီး ဘယ်ပတ်၊ညာပတ် ဒီကားကြီး တွေနဲ့ ဆွဲပါမယ်။နောက် ပြည်သူလူထုလိုအပ်ချက်အရ မြို့ထဲမှ တချို့တစ်ဝက် အခြေပြုပြီးပြန်ထွက်သွားတဲ့ စနစ်ကိုလည်း လေ့လာနေပါတယ်”ဟု ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်ရေးမှူး ဦးလှအောင်ကပြောသည်။

စတင်ပြေးဆွဲစဉ် ယာဉ်အစီးရေ ၂၀ ဖြင့် ပြေးဆွဲမည်ဖြစ်သော်လည်း လမ်းကြောင်းနှင့် ခရီးသည်အခြေအနေပေါ်မူတည်ပြီး အောက်တိုဘာလတွင် အင်အားဖြည့်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

လာမည့်တစ်ပတ်အတွင်း စတင်ပြေးဆွဲမည့် YBS (မြို့ပတ်) ယာဉ်လိုင်းသစ်တွင် အမျိုးသမီးယာဉ်မောင်းများပါဝင်မည် ဖြစ်ပြီး နေ့စဉ်နံနက် ၅ နာရီမှ စတင်မည်ဖြစ်ပြီး နောက်ဆုံးယာဉ်မှာ အောင်မင်္ဂလာအဝေးပြေးမှ ည ၈ နာရီတွင်ထွက်ခွာမည်ဖြစ်ကြောင်း စီးတီးထရန်စစ် (City Transit) ကုမ္ပဏီမှ သိရသည်။

အဆိုပါယာဉ်လိုင်းတွင် နိုင်ငံတကာထိပ်တန်း အမှတ်တံဆိပ်ဖြစ်သည့် Scania အမျိုးအစား မော်တော် ယာဉ် ၃၉ စီးကို အသုံးပြုမည်ဖြစ်ပြီး ၎င်းယာဉ်သည် တံခါးသုံးပေါက်ပါပြီး သာမန်ယာဉ်ထက်ပိုရှည်ကြောင်း သိရသည်။ City Transit ကုမ္ပဏီ အနေဖြင့် Scania မှ ပြေးဆွဲမှုနည်းပညာကို မြန်မာနိုင်ငံတွင်ပုံဖော်မည်ဖြစ်ပြီး မှတ်တိုင်တွင်ကားရပ်သည့်အခါ ခရီးသွားများ အတက်အဆင်းလွယ်ကူစေရန် ညာဘက်သို့စောင်းသွားမည်ဖြစ်ကြောင်း၊သက်ကြီးရွယ်အိုနှင့်ဝှီးချဲသမားများအတွက်လည်း သီးသန့်နေရာပါဝင်မည်ဖြစ်ကြောင်းသိရသည်။

YRTA မှ မော်တော်ယာဉ်သွားလာမှုထိန်းချုပ်ရန် တယ်လီမက်တစ်စနစ် အပြင် Scania တယ်လီမက် တစ်စနစ်လည်းပါဝင်မှဖြစ်ပြီး မှတ်တိုင်အသိပေးစနစ်များနှင့်သတင်းအချက်အလက် အထောက်အကူပြုစနစ် များ ထည့်သွင်းထားကြောင်းလည်းသိရသည်။

ယာဉ်လမ်းကြောင်း နှစ်ကြောင်းခွဲ၍ ပြေးဆွဲရာတွင် လမ်းကြောင်း (၁) အဖြစ် အောင်မင်္ဂလာအဝေးပြေး ဝင်းမှစတင်ပြီး အမှတ် (၃) လမ်းမကြီး၊ ၆ကွေ့၊သုဓမ္မာလမ်း၊ဝေဇယန္တာလမ်း၊ပါရမီလမ်း၊ဘေလီထိပ်၊သံသုမာလမ်း (သုဝဏ္ဏ) ကြက်ဘဲဈေး၊သမိန်ဗရမ်းလမ်း၊အထက်ပုဇွန်တောင်၊၅၁ လမ်းထိပ်၊ဗိုလ်တထောင်ဘုရားလမ်း၊ကမ်းနားလမ်း၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ဘုရင့်နောင်လမ်း၊ဘုရင်နောင်လမ်းဆုံ၊သမိုင်းဘူတာရုံလမ်း၊သမိုင်းလမ်းဆုံ၊ ကျိုက်ဝိုင်းဘုရားလမ်း၊၈ မိုင်၊ကမ္ဘာအေးဘုရားလမ်း၊နဝဒေး၊အုတ်ပုံဆိပ်၊သုဓမ္မာလမ်း၊၆ ကွေ့၊အမှတ် (၃) လမ်းမ ကြီးမှ အောင်မင်္ဂလာအဝေးပြေးသို့ရောက်မည်ဖြစ်ပြီးလမ်းကြောင်း (၁) နှင့်မျက်နှာချင်းဆိုင် ယာဉ်လမ်းကြောင်း (၂) ကို ပြေးဆွဲမှာဖြစ်ကြောင်းသိရသည်။

ခရီးစဉ်အစ အဆုံး ၁၀၀၀ ကျပ်ဖြစ်ပြီး ဂိတ်စမှ သခင်မြပန်းခြံထိကို ၅၀၀ ကျပ်သတ်မှတ်ထားသည်။ဩဂုတ်လအတွင်း ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကိုဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး အဆိုပါလအတွင်း မှတ်ပုံတင်ယာဉ် အစီးရေ စုစုပေါင်း ၆၆၅၆ စီးရှိပြီး၊စီးတီးဘက်စ် ၅၀၀၄ စီး၊မီနီးဘက်စ် ၁၁၁၃ စီးနှင့်ယာဉ်ငယ်များနှင့်အခြားယာဉ် ၅၃၉ စီး မှတ်ပုံတင်ထားကြောင်း YRTA စာရင်းများအရသိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service