မႏၲေလး မရမ္းၿခံဆိပ္ကမ္း အဆင့္ျမႇင့္တင္မႈလုပ္ႏိုင္ရန္ ဆိပ္ကမ္းရွိလုပ္ငန္းမ်ား ယခုလအတြင္းေျပာင္းေရႊ႕ရမည္ - Property News in Myanmar from iMyanmarHouse.com
1111 Views

မႏၲေလး မရမ္းၿခံဆိပ္ကမ္း အဆင့္ျမႇင့္တင္မႈလုပ္ႏိုင္ရန္ ဆိပ္ကမ္းရွိလုပ္ငန္းမ်ား ယခုလအတြင္းေျပာင္းေရႊ႕ရမည္

### Zawgyi Version ###

မႏၲေလး မရမ္းၿခံဆိပ္ကမ္း အဆင့္ျမႇင့္တင္မႈလုပ္ႏိုင္ရန္ ဆိပ္ကမ္းရွိလုပ္ငန္းမ်ား ယခုလအတြင္းေျပာင္းေရႊ႕ရမည္ျဖစ္ေၾကာင္း ဆိပ္ကမ္းေနရာခ်ထားေရး လုပ္ငန္း ေကာ္မတီမွသိရသည္။

မႏၲေလး မရမ္းၿခံဆိပ္ကမ္း အဆင့္ျမႇင့္တင္မႈကို ေအာက္တိုဘာလအတြင္းျပဳလုပ္ႏိုင္ရန္ ဆိပ္ကမ္းရွိ သဲ လုပ္ငန္း၊ဝါး လုပ္ငန္းႏွင့္ကုန္တင္ကုန္ခ်လုပ္ငန္းမ်ားကို စက္တင္ဘာလအတြင္းအၿပီးေရႊ႕ေျပာင္းသြားမည္ျဖစ္ေၾကာင္း၊သဲလုပ္ငန္းမ်ားကို ေခ်ာ္ဆိပ္၊ ေပပင္ဆိပ္သို႔ လည္းေကာင္း၊ ဝါးလုပ္ငန္းမ်ားကို ၁၉လမ္း (View Point) ေျမာက္ဘက္သို႔ လည္းေကာင္း၊ ကုန္တင္ကုန္ခ် လုပ္ငန္းမ်ားကို ေရႊၾကက္ယက္ ဆိပ္ကမ္းသို႔ ေျပာင္းေရြ႕ေပးသြားမည္ျဖစ္ေၾကာင္း၊ဆိပ္ကမ္းရွိလုပ္ငန္းအားလုံးကလည္း ေရႊ႕ေျပာင္းေပးဖို႔သေဘာတူထားေၾကာင္းဆိပ္ကမ္း ေနရာခ်ထားေရး လုပ္ငန္းေကာ္မတီ ဥကၠ႒ ဦးေဇာ္ေဇာ္ေအာင္က စက္တင္ဘာ ၁၃ ရက္ကေျပာထားသည္။

အဆင့္ျမႇင့္တင္ေရး လုပ္ငန္းမ်ားေဆာင္ရြက္နိုင္ရန္ အတြက္ မႏၲေလးတိုင္း အစိုးရအဖြဲ႔က မႏၲေလးတိုင္းေဒသႀကီး ဆိပ္ကမ္းႀကီးၾကပ္မႈေကာ္မတီကို ဖြဲ႔စည္းေပးခဲ့ၿပီး မႏၲေလးတိုင္းေဒသႀကီး လၽွပ္စစ္၊စြမ္းအင္ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးက ဥကၠ႒အျဖစ္ တာဝန္ယူ၍ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္းသိရသည္။

ဆိပ္ကမ္းအဆင့္ျမွင့္တင္ေရးစီမံကိန္းသည္ အခ်ိန္တိုအတြင္း ေရလမ္းေၾကာင္းမွ ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းမ်ား ပိုမိုေကာင္းမြန္ေစရန္၊ အေျခခံ အေဆာက္အအုံက႑ ျမႇင့္တင္ရန္ႏွင့္ ျပည္တြင္းေရေၾကာင္း ပို႔ ေဆာင္ေရးက႑ အဆင့္ျမႇင့္တင္ရန္ ရည္ရြယ္ခ်က္ျဖင့္လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းသိရသည္။

မရမ္းၿခံ ဆိပ္ကမ္း ကြန္တိန္နာဝင္းတြင္ ကြန္တိန္နာမ်ားႏွင့္ ကုန္ပစၥည္း သိုေလွာင္႐ုံမ်ား၊ ဆိပ္ခံတံတား၊ ခ်ဥ္းကပ္တံတား၂ စင္း ႏွင့္ အဝင္လမ္းတို႔ ပါဝင္မည္ျဖစ္ၿပီး တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္ခ်ိန္မွ ၂၂ လ ေက်ာ္ ၾကာ ၂၀၂၁ ခုႏွစ္တြင္ၿပီးစီးရန္ခန္႔မွန္းထားေၾကာင္း သိရသည္။

အဆိုပါဆိပ္ကမ္း၏ Master Plan ကို နယ္သာလန္ နိုင္ငံ Royal Haskoing Consultant Co .,Ltd က ေရးဆြဲေပးထားေသာ္လည္း တည္ေဆာက္ေရးကုိ လုပ္ေဆာင္မည္မဟုတ္ေၾကာင္း၊ တိုင္းေဒသႀကီး အစိုးရက လုပ္ထုံးလုပ္နည္းႏွင့္အညီ တည္ေဆာက္ေရးအတြက္ တင္ဒါေခၚယူမႈလုပ္မွာျဖစ္ေၾကာင္းသိရသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

မန္တလေး မရမ်းခြံဆိပ်ကမ်း အဆင့်မြှင့်တင်မှုလုပ်နိုင်ရန် ဆိပ်ကမ်းရှိလုပ်ငန်းများ ယခုလအတွင်းပြောင်း ရွှေ့ရမည်ဖြစ်ကြောင်း ဆိပ်ကမ်း နေရာချထားရေး လုပ်ငန်း ကော်မတီမှသိရသည်။

မန္တလေး မရမ်းခြံဆိပ်ကမ်း အဆင့်မြှင့်တင်မှုကို အောက်တိုဘာလအတွင်းပြုလုပ်နိုင်ရန် ဆိပ်ကမ်းရှိ သဲ လုပ်ငန်း၊ဝါး လုပ်ငန်းနှင့်ကုန်တင်ကုန်ချလုပ်ငန်းများကို စက်တင်ဘာလအတွင်းအပြီးရွှေ့ပြောင်းသွားမည်ဖြစ်ကြောင်း၊သဲလုပ်ငန်းများကို ချော်ဆိပ်၊ ပေပင်ဆိပ်သို့ လည်းကောင်း၊ ဝါးလုပ်ငန်းများကို ၁၉လမ်း (View Point) မြောက်ဘက်သို့ လည်းကောင်း၊ ကုန်တင်ကုန်ချ လုပ်ငန်းများကို ရွှေကြက်ယက် ဆိပ်ကမ်းသို့ ပြောင်းရွေ့ပေးသွားမည်ဖြစ်ကြောင်း၊ဆိပ်ကမ်းရှိလုပ်ငန်းအားလုံးကလည်း ရွှေ့ပြောင်းပေးဖို့သဘောတူထားကြောင်းဆိပ်ကမ်း နေရာချထားရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်အောင်က စက်တင်ဘာ ၁၃ ရက်ကပြောထားသည်။

အဆင့်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် မန္တလေးတိုင်း အစိုးရအဖွဲ့က မန္တလေးတိုင်းဒေသကြီး ဆိပ်ကမ်းကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။

ဆိပ်ကမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းသည် အချိန်တိုအတွင်း ရေလမ်းကြောင်းမှ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ပိုမိုကောင်းမွန်စေရန်၊ အခြေခံ အဆောက်အအုံကဏ္ဍ မြှင့်တင်ရန်နှင့် ပြည်တွင်းရေကြောင်း ပို့ ဆောင်ရေး ကဏ္ဍ အဆင့်မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။ မရမ်းခြံ ဆိပ်ကမ်း ကွန်တိန်နာဝင်းတွင် ကွန်တိန်နာများနှင့် ကုန်ပစ္စည်း သိုလှောင်ရုံများ၊ ဆိပ်ခံတံတား၊ ချဉ်းကပ်တံတား၂ စင်း နှင့် အဝင်လမ်းတို့ ပါဝင်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်ချိန်မှ ၂၂ လ ကျော် ကြာ ၂၀၂၁ ခုနှစ်တွင်ပြီးစီးရန်ခန့်မှန်းထားကြောင်း သိရသည်။ အဆိုပါဆိပ်ကမ်း၏ Master Plan ကို နယ်သာလန် နိုင်ငံ Royal Haskoing Consultant Co .,Ltd က ရေးဆွဲပေးထားသော်လည်း တည်ဆောက်ရေးကို လုပ်ဆောင်မည်မဟုတ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရက လုပ်ထုံးလုပ်နည်းနှင့်အညီ တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူမှုလုပ်မှာဖြစ်ကြောင်းသိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service