ကိုရီးယား မြန်မာစက်မှုဇုန်စီမံကိန်း ၄၈ သန်းကျော်ရင်းနှီးမြှပ်နှံမည် - Property News in Myanmar from iMyanmarHouse.com
1458 Views

ကိုရီးယား မြန်မာစက်မှုဇုန်စီမံကိန်း ၄၈ သန်းကျော်ရင်းနှီးမြှပ်နှံမည်

### Zawgyi Version ###










### Unicode Version ###

ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း (Korea-Myanmar Industrial Complex - KMIC) ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၄၈ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

ဒီစီမံကိန်းဟာ ကိုရီးယား-မြန်မာ ပထမဆုံးအကြိမ်အဖြစ် အစိုးရချင်း ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းဖြစ်ပြီး ကိုရီးယားသမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာပါ။

လှည်းကူးမြို့နယ် မှာရှိတဲ့ မြေဧက ၅၀၀ ကျော်မှာ အဆင့်နှစ်ဆင့်နဲ့ ဆောင်ရွက်သွားမယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ကပြောပါတယ်။

ပထမအဆင့် Phase 1 ကို ၂၀၁၉-၂၀၂၁ အတွင်း အပြီးသတ်ဆောင်ရွက်သွားမှာဖြစ်ပြီး Phase-2 ကိုတော့ ၂၀၂၂ ကနေ ၂၀၂၄ အထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ယခုအကောင်အထည်ဖော်မယ့် စက်မှုဇုန် ထဲမှာ တောင်ကိုရီးယားနိုင်ငံက မော်တော်ကားတပ်ဆင် ထုတ်လုပ်မှုစက်ရုံတွေအပါအဝင် အခြားကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ လာရောက်ရင်းနှီးဖို့ ရှိတယ်လို့ သိရပါတယ်။

ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ထုတ်လုပ်မှုကဏ္ဍနဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေမှာ အဓိကရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံဖြစ်ပြီး ယခုနှစ် ဇူလိုင်လ စာရင်းတွေအရ အဆင့်ခြောက်နေရာမှာ ရပ်တည်နေတာပါ။

ဒါ့အပြင် ရန်ကုန်-ဒလတံတား စီမံကိန်းကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဒလမြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက်လည်း သဘောတူစာချုပ် MoU ကို လက်မှတ်ရေးထိုးထားပါသေးတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service