ေဟာင္ေကာင္နဲ ့ဥေရာပႏိုင္ငံေတြကိုေရႊတင္သြင္းမယ္ - Property News in Myanmar from iMyanmarHouse.com
1171 Views

ေဟာင္ေကာင္နဲ ့ဥေရာပႏိုင္ငံေတြကိုေရႊတင္သြင္းမယ္

### Zawgyi Version ###

ေဟာင္ေကာင္အပါအဝင္ ဥေရာပႏိုင္ငံေတြကို ေရႊတင္သြင္းႏိုင္ဖို႕ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ ရန္ကုန္တိုင္းေရႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးမ်ိဳးျမင့္က ေျပာပါတယ္။

ေဟာင္ေကာင္ကို အေခါက္ေရႊနဲ႕ ေရႊတံုးေရႊခဲေတြ တင္သြင္းတင္ပို႔ႏိုင္ေရးနဲ႔ ဒူဘိုင္းမွ တစ္ဆင့္ ဥေရာပႏိုင္ငံေတြကိုေတာ့ လူ႔အသံုးအေဆာင္ပစၥည္းေတြမွာ ကပ္ႏွံမယ့္ ေရႊျပားေတြ တင္ပုိ႔ႏိုင္ဖို႔ ျပင္ဆင္ေနတာလို႔ သိရပါတယ္။

ဒါ့အျပင္ အာဖရိကေရႊေတြကို ျမန္မာႏိုင္ငံမွာ သန္႔စင္ၿပီး ဒူဘိုင္းကို ျပန္တင္ပို႕ႏိုင္ေရးလည္းပါဝင္ၿပီး ဒီလိုေဆာင္ရြက္ဖို႕ျပည္တြင္း ကုမၸဏီႏွစ္ခုနဲ႕ ျပည္ပကုမၸဏီတစ္ခု စုစုေပါင္း ကုမၸဏီသံုးခုကို ခြင့္ျပဳဖို႔ရွိေနတယ္လို႔ သိရပါတယ္။

ဒီကုမၸဏီသံုးခုစလံုးကိုလည္း လုပ္ကိုင္ခြင့္ျပဳဖို႔ ရွိေနၿပီး လက္ရွိမွာ အခြန္ကိစၥေၾကာင့္ ေရႊတင္ပို႕ရာမွာ ျမတ္၊ မျမတ္ကို တြက္ခ်က္ေနတယ္လို႔ သိရပါတယ္။

ေရႊတင္ပို႔မႈေတြ စတင္ႏိုင္ပါက အနည္းဆံုး ေလးတန္ကေန ၁၀ တန္အထိ တင္ပို႔ႏိုင္လာမွာျဖစ္တယ္လို႔ သိရပါတယ္။ ဒီလိုေဆာင္ရြက္ႏိုင္ဖို႔ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၂ ရက္ေန႕က ကုန္သည္စက္မႈအသင္းခ်ဳပ္မွာ ေတြ႕ဆံုေဆြးေႏြးမႈေတြျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

ျပည္ပႏိုင္ငံေတြကို ေရႊတင္ပို႕ရာမွာလည္း လက္ဝတ္ရတနာအပါအဝင္ ၉၉ ဒႆမ ၉၉ ရာခိုင္ႏႈန္း သန္႔စင္မႈရွိတဲ့ ေရႊေတြအေပၚ ကုန္သြယ္လုပ္ငန္းခြန္ ကင္းလြတ္ခြင့္ေပးထားပါတယ္။

ဒါ့အျပင္ ႏိုင္ငံျခားသို႕တင္ပို႕ရာမွာ အေကာက္အခြန္ဦးစီးဌာနက ေကာက္ခံတဲ့ အေကာက္ခြန္ကိုလည္း ကင္းလြတ္ခြင့္ေပးထားတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ေရႊတင္ပို႔မႈအတြက္ ႀကိဳတင္၀င္ေငြခြန္ႏွစ္ရာခိုင္ႏႈန္းကို ဆက္လက္ေကာက္ခံေနဆဲျဖစ္ၿပီး ဒါဟာ ေရႊတစ္ခုတည္းကိုသာ ေကာက္ခံျခင္းမဟုတ္ဘဲ တင္ပို႕ကုန္ေတြအားလံုးအေပၚေကာက္ခံျခင္းျဖစ္တယ္လို ့သိရပါတယ္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ဟောင်ကောင်အပါအဝင် ဥရောပနိုင်ငံတွေကို ရွှေတင်သွင်းနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောပါတယ်။

ဟောင်ကောင်ကို အခေါက်ရွှေနဲ့ ရွှေတုံးရွှေခဲတွေ တင်သွင်းတင်ပို့နိုင်ရေးနဲ့ ဒူဘိုင်းမှ တစ်ဆင့် ဥရောပနိုင်ငံတွေကိုတော့ လူ့အသုံးအဆောင်ပစ္စည်းတွေမှာ ကပ်နှံမယ့် ရွှေပြားတွေ တင်ပို့နိုင်ဖို့ ပြင်ဆင်နေတာလို့ သိရပါတယ်။

ဒါ့အပြင် အာဖရိကရွှေတွေကို မြန်မာနိုင်ငံမှာ သန့်စင်ပြီး ဒူဘိုင်းကို ပြန်တင်ပို့နိုင်ရေးလည်းပါဝင်ပြီး ဒီလိုဆောင်ရွက်ဖို့ပြည်တွင်း ကုမ္ပဏီနှစ်ခုနဲ့ ပြည်ပ ကုမ္ပဏီတစ်ခု စုစုပေါင်း ကုမ္ပဏီသုံးခုကို ခွင့်ပြုဖို့ရှိနေတယ်လို့ သိရပါတယ်။

ဒီကုမ္ပဏီသုံးခုစလုံးကိုလည်း လုပ်ကိုင်ခွင့်ပြုဖို့ ရှိနေပြီး လက်ရှိမှာ အခွန်ကိစ္စကြောင့် ရွှေတင်ပို့ရာမှာ မြတ်၊ မမြတ်ကို တွက်ချက်နေတယ်လို့ သိရပါတယ်။ ရွှေတင်ပို့မှုတွေ စတင်နိုင်ပါက အနည်းဆုံး လေးတန်ကနေ ၁၀ တန်အထိ တင်ပို့နိုင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ်မှာ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ပနိုင်ငံတွေကို ရွှေတင်ပို့ရာမှာလည်း လက်ဝတ်ရတနာအပါအဝင် ၉၉ ဒဿမ ၉၉ ရာခိုင်နှုန်း သန့်စင်မှုရှိတဲ့ ရွှေတွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားသို့တင်ပို့ရာမှာ အကောက်အခွန်ဦးစီးဌာနက ကောက်ခံတဲ့ အကောက်ခွန်ကိုလည်း ကင်းလွတ်ခွင့်ပေးထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရွှေတင်ပို့မှုအတွက် ကြိုတင်ဝင်ငွေခွန်နှစ်ရာခိုင်နှုန်းကို ဆက်လက်ကောက်ခံနေဆဲဖြစ်ပြီး ဒါဟာ ရွှေတစ်ခုတည်းကိုသာ ကောက်ခံခြင်းမဟုတ်ဘဲ တင်ပို့ကုန်တွေအားလုံးအပေါ်ကောက်ခံခြင်းဖြစ်တယ်လို့သိရပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service