ရန္ကုန္ဘူတာႀကီးအဆင့္ျမွင့္စီမံကိန္းတြင္ တရုတ္ကုမၸဏီ Sino Great Wall ႏုတ္ထြက္ၿပီး ဂ်ပန္ကုမၸဏီ ဆူမီမိုတိုေကာ္ပိုေရးရွင္းဝင္ေရာက္ - Property News in Myanmar from iMyanmarHouse.com
5087 Views

ရန္ကုန္ဘူတာႀကီးအဆင့္ျမွင့္စီမံကိန္းတြင္ တရုတ္ကုမၸဏီ Sino Great Wall ႏုတ္ထြက္ၿပီး ဂ်ပန္ကုမၸဏီ ဆူမီမိုတိုေကာ္ပိုေရးရွင္းဝင္ေရာက္

### Zawgyi Version ###

ရန္ကုန္ ဘူတာႀကီးအဆင့္ျမွင့္စီမံကိန္းတြင္ တရုတ္ကုမၸဏီ Sino Great Wall ႏုတ္ထြက္ၿပီး ဂ်ပန္ကုမၸဏီ ဆူမီမိုတိုေကာ္ပိုေရးရွင္း အစားထိုးဝင္ေရာက္လာေၾကာင္းသိရသည္။

ျမန္မာ့မီးရထားက ရန္ကုန္ဘူတာႀကီးအဆင့္ျမွင့္စီမံကိန္းအတြက္စင္ကာပူ Oxley Holdings ကုမၸဏီ၊ ျမန္မာႏိုင္ငံမွ မင္းဓမၼကုမၸဏီႏွင့္ တရုတ္ႏိုင္ငံက Sino Great Wall ကုမၸဏီတို႔ ေပါင္းစည္းထားသည့္ လုပ္ငန္းစုကို ေရြးခ်ယ္ထားခဲ့ေၾကာင္းသိရသည္။

ျမန္မာ့မီးရထား ဦးေဆာင္ညႊန္ၾကားေရးမွဴး ဦးဘျမင့္က တရုတ္ႏွင့္အေမရိကန္ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ တရုတ္ကုမၸဏီ Sino Great Wall ေဒဝါလီခံသြားေၾကာင္း၊အဆိုပါကုမၸဏီပ်က္သြား၍ အဓိကဘ႑ာေရးေတာင့္တင္းသည့္ ကုမၸဏီေလ်ာ့သြားေၾကာင္း၊အစားရွာရာတြင္ ဂ်ပန္ကုမၸဏီ ဆူမီမိုတိုေကာ္ပိုေရးရွင္းကို ေတြ႔ေၾကာင္း၊ အဆင့္ဆင့္ခြင့္ျပဳခ်က္ေတာင္းၿပီး ႏိုင္ငံေတာ္ခြင့္ျပဳခ်က္ရၿပီျဖစ္ေၾကာင္း ေျပာထားသည္။

စီမံကိန္း ဧရိယာ ၆၃ ဒသမ ၅ ဧက အက်ယ္အဝန္းတြင္ ရင္းႏွီးျမွဳပ္ႏွံမႈတန္ဖိုး အေမရိကန္ေဒၚလာ ၂ ဒသမ ၅ ဘီလီယံရွိၿပီး မီးရထားႏွင့္အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးစနစ္မ်ားပါဝင္မည္ျဖစ္ၿပီး အိမ္ရာႏွင့္စီးပြားေရးလုပ္ငန္းမ်ားကဝန္းရံထားမည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ဘူတာႀကီးအဆင့္ျမွင္တင္မႈလုပ္ငန္းမ်ားၿပီးစီလွ်င္ ျမန္မာ့မီးရထားအေနျဖင့္ အဆိုပါလုပ္ငန္းမ်ားမွ လစဥ္ ေဒၚလာေလးသန္းေလာက္ဝင္ေငြရရွိမွာျဖစ္ေၾကာင္း သိရသည္။

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်ဘူတာကြီးအဆင့်မြှင့်စီမံကိန်းတွင် တရုတ်ကုမ္ပဏီ Sino Great Wall နုတ်ထွက်ပြီး ဂျပန်ကုမ္ပဏီ ဆူမီမိုတိုကော်ပိုရေးရှင်း အစားထိုးဝင်ရောက်လာကြောင်းသိရသည်။

မြန်မာ့မီးရထားက ရန်ကုန်ဘူတာကြီးအဆင့်မြှင့်စီမံကိန်းအတွက်စင်ကာပူ Oxley Holdings ကုမ္ပဏီ၊ မြန်မာနိုင်ငံမှ မင်းဓမ္မကုမ္ပဏီနှင့် တရုတ်နိုင်ငံက Sino Great Wall ကုမ္ပဏီတို့ ပေါင်းစည်းထားသည့် လုပ်ငန်းစုကို ရွေးချယ်ထားခဲ့ကြောင်းသိရသည်။

မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က တရုတ်နှင့်အမေရိကန်ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ကုမ္ပဏီ Sino Great Wall ဒေဝါလီခံသွားကြောင်း၊အဆိုပါကုမ္ပဏီပျက်သွား၍ အဓိကဘဏ္ဍာရေးတောင့်တင်းသည့် ကုမ္ပဏီလျော့သွားကြောင်း၊အစားရှာရာတွင် ဂျပန်ကုမ္ပဏီ ဆူမီမိုတိုကော်ပိုရေးရှင်းကို တွေ့ကြောင်း၊ အဆင့်ဆင့်ခွင့်ပြုချက်တောင်းပြီး နိုင်ငံတော်ခွင့်ပြုချက်ရပြီဖြစ်ကြောင်း ပြောထားသည်။

စီမံကိန်း ဧရိယာ ၆၃ ဒသမ ၅ ဧက အကျယ်အဝန်းတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရှိပြီး မီးရထားနှင့်အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်များပါဝင်မည်ဖြစ်ပြီး အိမ်ရာနှင့်စီးပွားရေးလုပ်ငန်းများကဝန်းရံထားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဘူတာကြီးအဆင့်မြှင်တင်မှုလုပ်ငန်းများပြီးစီလျှင် မြန်မာ့မီးရထားအနေဖြင့် အဆိုပါလုပ်ငန်းများမှ လစဉ် ဒေါ်လာလေးသန်းလောက်ဝင်ငွေရရှိမှာဖြစ်ကြောင်း သိရသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service