ရန္ကုန္-ေတာင္ငူရထားလမ္းပိုင္း အဆင့္ျမႇင့္တင္မႈ စီမံကိန္းအဆင့္ (၁) အျဖစ္ ေအာက္တိုဘာ ၁ ရက္တြင္စတင္မည္ - Property News in Myanmar from iMyanmarHouse.com
2246 Views

ရန္ကုန္-ေတာင္ငူရထားလမ္းပိုင္း အဆင့္ျမႇင့္တင္မႈ စီမံကိန္းအဆင့္ (၁) အျဖစ္ ေအာက္တိုဘာ ၁ ရက္တြင္စတင္မည္

### Zawgyi Version ###

ရန္ကုန္-ေတာင္ငူ ရထားလမ္းပိုင္း အဆင့္ျမႇင့္တင္ေရး စီမံကိန္းအဆင့္ (၁) အျဖစ္ ေအာက္တိုဘာ ၁ ရက္တြင္ စတင္မည္ျဖစ္ေၾကာင္း ရန္ကုန္ဘူတာႀကီးတြင္ စက္တင္ဘာ ၁၅ ရက္ကျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲမွ သိရသည္။

ရန္ကုန္-မႏၲေလးရထားလမ္း အဆင့္ျမႇင့္တင္ေရးစီမံကိန္း အဆင့္ (၁) ျဖစ္သည့္ ရန္ကုန္ၿမိဳ့မွ ေတာင္ငူၿမိဳ႕အထိ ၁၆၆ မိုင္ကို အဆင့္ျမႇင့္မႈတြင္ မူလႏွစ္လမ္းသြားစနစ္မွ တစ္လမ္းစနစ္သို႔ ယာယီေျပာင္းလဲေျပးဆြဲမည္ ျဖစ္ ေၾကာင္း၊ ေတာင္ငူမွ မႏၲေလးအထိ ၂၁၉ ဒသမ ၅မိုင္ကို အဆင့္ (၂) အျဖစ္လည္းေကာင္း ႏွစ္ပိုင္းခြဲျခားေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း အဆိုပါရွင္းလင္းပြဲမွ သိရသည္။

အဆိုပါ ရန္ကုန္-ေတာင္ငူလမ္းပိုင္း လမ္းပိုင္း စတင္ရာတြင္ မိုင္ ၁၂၀ ကို ႏွစ္လမ္းသြားမွ တစ္လမ္းသြား စနစ္အျဖစ္ ယာယီေျပာင္းလဲ ေျပးဆြဲမည္ျဖစ္ေၾကာင္း၊ ရထားေျပးဆြဲရာတြင္ အဆန္ရထားႏွင့္ အစုန္ရထားမ်ားသည္ လမ္းတစ္ခုတည္းကိုသာ အသုံးျပဳရျခင္းေၾကာင့္ မလြဲမေသြ ရထားဆုံရမည္ျဖစ္ၿပီး ၾကန႔္ၾကာျခင္းမ်ားရွိမည္ ျဖစ္၍၊လက္ရွိအခ်က္ျပစနစ္မ်ားႏွင့္ ခ်ိတ္ဆက္စနစ္မ်ားကို ယာယီဘူတာမ်ား ထားရွိေဆာင္ရြက္ရမည္ ျဖစ္၍ ဘူတာအဝင္ပြိဳင့္မ်ား၌ ၾကန႔္ၾကာနိုင္ျခင္းတို႔ေၾကာင့္ စုစုေပါင္းေျပးဆြဲခ်ိန္မ်ား ပိုလာျခင္း၊ Contractor မ်ားအား အလုပ္လုပ္ရန္အခ်ိန္ window time မ်ားေပးရျခင္းတို႔ေၾကာင့္ ရထားစင္းေရကို ပုံမွန္အတိုင္း မဟုတ္ဘဲ စင္းေရေလၽွာ့ခ် ေျပးဆြဲရမည္ဟု သိရသည္။

ျမန္မာ့မီးရထားမွ ဦးေဆာင္ညႊန္ၾကားေရးမႉး ဦးဘျမင့္က စီမံကိန္းကာလအတြင္း ရထားစင္းေရ ေလၽွာ့ခ် ရာတြင္ ခရီးသြားလာမႈအေႏွာင့္အယွက္မျဖစ္ေစရန္ ရထားကိုဖ်က္သိမ္းျခင္းမျပဳဘဲ ပုံမွန္သြားလာနိုင္ေစဖို႔စီစဥ္ ေပးသြားမွာျဖစ္ေၾကာင္း၊ ကုန္ပစၥည္းသယ္ယူမႈ၊ ပါဆယ္ပစၥည္းသယ္ယူမႈမ်ားတြင္ ပုံမွန္ျဖစ္ေစဖို႔အတြက္ ေန႔စဥ္ ပါဆယ္ရထားတစ္စင္း ေျပးဆြဲဖို႔ စီစဥ္ထားေၾကာင္း ေျပာသည္။

လက္ရွိတြင္ ရန္ကုန္-မႏၲေလး အျမန္ရထားသည္ ေျပးဆြဲခ်ိန္ ၁၄ နာရီခန႔္ၾကာျမင့္ၿပီး စီမံကိန္းကာလ အတြင္း ၁၆ နာရီႏွင့္ မိနစ္ ၃၀ ခန႔္လည္းေကာင္း၊ လက္ရွိေျပးဆြဲခ်ိန္ ၁၅ နာရီခန႔္ၾကာျမင့္သည့္ ေလာ္ကယ္ရထားသည္ စီမံကိန္းကာလအတြင္း ၁၈ နာရီခန႔္လည္းေကာင္း အသီးသီး ၾကာျမင့္မည္ျဖစ္ေၾကာင္း သိရသည္။

စီမံကိန္းကာလ ပထမတစ္ႏွစ္အတြင္း ရန္ကုန္-မႏၲေလး အျမန္ရထားကို ေန႔စဥ္အေနျဖင့္ အဆန္/ အစုန္ ေျခာက္စင္း၊ ေလာ္ကယ္ရထားမ်ား ျဖစ္သည့္ ရန္ကုန္-ပဲခူး အဆန္/အစုန္ ႏွစ္စင္းေျပးဆြဲေပးမည္ျဖစ္ေၾကာင္း၊ ပဲခူး-ေတာင္ငူကို ေန႔စဥ္အေနျဖင့္ အဆန္/အစုန္ ႏွစ္စင္း ၊ ေတာင္ငူ- သာစည္ အဆန္/အစုန္ ႏွစ္စင္းကို ရက္ျခား ေျပးဆြဲမွာျဖစ္ၿပီး၊ သာစည္-မႏၲေလး အဆန္/အစုန္ ႏွစ္စင္း ေန႔စဥ္ ေျပးဆြဲမွာျဖစ္ၿပီး ပါဆယ္ရထားကို ကုန္စိမ္း၊ ငါး၊ လမ္းခရီးပါဆယ္တြဲ၊ ဌာနသုံးဆီတြဲမ်ားျဖင့္ ဖြဲ႕ဆင္၍ ရန္ကုန္-မႏၲ ေလး ခရီးစဥ္အျဖစ္ ပါဆယ္ရထားတစ္စင္း ေန႔စဥ္ေျပးဆြဲမည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္-ေနျပည္ေတာ္အျမန္ရထားခရီးစဥ္ အေနျဖင့္ အဆန္/အစုန္ ႏွစ္စင္း၊ ရန္ကုန္-ေမာ္လၿမိဳင္အျမန္ ရထား အဆန္/အစုန္ႏွစ္စင္း၊ ရန္ကုန္-ထားဝယ္အျမန္ရထား အဆန္/အစုန္ႏွစ္စင္းႏွင့္ ကုန္ရထားမ်ားကိုအဆန္ သုံးစင္း မွ ေလးစင္းအထိ ေျပးဆြဲမည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္-မႏၱေလး အျမန္ ရထားလမ္းအဆင့္ျမွင့္တင္မႈစီမံကိန္းကို JICA မွ ေခ်းေငြ အေမရိကန္ေဒၚ လာ၂ ဒသမ ၄ ဘီလ်ံသုံးစြဲမည္ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္ အထိ ငါးႏွစ္စီမံကိန္း အျဖစ္သတ္မွတ္ထားကာ ယင္းစီမံကိန္းၿပီးစီးပါက တစ္နာရီလၽွင္ ကီလိုမီတာ ၁၀၀ အထိေမာင္း ႏွင္နိုင္မည္ျဖစ္ၿပီး ရန္ကုန္-မႏၱေလးရထား ခရီးစဥ္ကို ရွစ္နာရီသာ ၾကာျမင့္မည္ျဖစ္ေၾကာင္းသိရသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် (၁) အဖြစ် အောက်တိုဘာ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးတွင် စက်တင်ဘာ ၁၅ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့် (၁) ဖြစ်သည့် ရန်ကုန်မြို့မှ တောင်ငူမြို့ အထိ ၁၆၆ မိုင်ကို အဆင့်မြှင့်မှုတွင် မူလနှစ်လမ်းသွားစနစ်မှ တစ်လမ်းစနစ်သို့ ယာယီပြောင်းလဲပြေးဆွဲမည် ဖြစ် ကြောင်း၊ တောင်ငူမှ မန္တလေးအထိ ၂၁၉ ဒသမ ၅မိုင်ကို အဆင့် (၂) အဖြစ်လည်းကောင်း နှစ်ပိုင်းခွဲခြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ ရန်ကုန်-တောင်ငူလမ်းပိုင်း လမ်းပိုင်း စတင်ရာတွင် မိုင် ၁၂၀ ကို နှစ်လမ်းသွားမှ တစ်လမ်းသွား စနစ်အဖြစ် ယာယီပြောင်းလဲ ပြေးဆွဲမည်ဖြစ်ကြောင်း၊ ရထားပြေးဆွဲရာတွင် အဆန်ရထားနှင့် အစုန်ရထားများသည် လမ်းတစ်ခုတည်းကိုသာ အသုံးပြုရခြင်းကြောင့် မလွဲမသွေ ရထားဆုံရမည်ဖြစ်ပြီး ကြန့်ကြာခြင်းများရှိမည် ဖြစ်၍၊လက်ရှိအချက်ပြစနစ်များနှင့် ချိတ်ဆက်စနစ်များကို ယာယီဘူတာများ ထားရှိဆောင်ရွက်ရမည် ဖြစ်၍ ဘူတာအဝင်ပွိုင့်များ၌ ကြန့်ကြာနိုင်ခြင်းတို့ကြောင့် စုစုပေါင်းပြေးဆွဲချိန်များ ပိုလာခြင်း၊ Contractor များအား အလုပ် လုပ်ရန်အချိန် window time များပေးရခြင်းတို့ကြောင့် ရထားစင်းရေကို ပုံမှန်အတိုင်း မဟုတ်ဘဲ စင်းရေလျှော့ချ ပြေးဆွဲရမည်ဟု သိရသည်။

မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က စီမံကိန်းကာလအတွင်း ရထားစင်းရေ လျှော့ချ ရာတွင် ခရီးသွားလာမှုအနှောင့်အယှက်မဖြစ်စေရန် ရထားကိုဖျက်သိမ်းခြင်းမပြုဘဲ ပုံမှန်သွားလာနိုင်စေဖို့စီစဉ် ပေးသွားမှာဖြစ်ကြောင်း၊ ကုန်ပစ္စည်း သယ်ယူမှု၊ ပါဆယ်ပစ္စည်းသယ်ယူမှုများတွင် ပုံမှန်ဖြစ်စေဖို့အတွက် နေ့စဉ် ပါဆယ် ရထားတစ်စင်း ပြေးဆွဲဖို့ စီစဉ်ထားကြောင်း ပြောသည်။ လက်ရှိတွင် ရန်ကုန်-မန္တလေး အမြန်ရထားသည် ပြေးဆွဲချိန် ၁၄ နာရီခန့်ကြာမြင့်ပြီး စီမံကိန်းကာလ အတွင်း ၁၆ နာရီနှင့် မိနစ် ၃၀ ခန့်လည်းကောင်း၊ လက်ရှိပြေးဆွဲချိန် ၁၅ နာရီခန့်ကြာမြင့်သည့် လော်ကယ်ရထားသည် စီမံကိန်းကာလအတွင်း ၁၈ နာရီခန့်လည်းကောင်း အသီးသီး ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းကာလ ပထမတစ်နှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်ရထားကို နေ့စဉ်အနေဖြင့် အဆန်/ အစုန် ခြောက်စင်း၊ လော်ကယ်ရထားများ ဖြစ်သည့် ရန်ကုန်-ပဲခူး အဆန်/အစုန် နှစ်စင်းပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ ပဲခူး-တောင်ငူကို နေ့စဉ်အနေဖြင့် အဆန်/အစုန် နှစ်စင်း ၊ တောင်ငူ- သာစည် အဆန်/အစုန် နှစ်စင်းကို ရက်ခြား ပြေးဆွဲမှာဖြစ်ပြီး၊ သာစည်-မန္တလေး အဆန်/အစုန် နှစ်စင်း နေ့စဉ် ပြေးဆွဲမှာဖြစ်ပြီး ပါဆယ်ရထားကို ကုန်စိမ်း၊ ငါး၊ လမ်းခရီးပါဆယ်တွဲ၊ ဌာနသုံးဆီတွဲများဖြင့် ဖွဲ့ဆင်၍ ရန်ကုန်-မန္တ လေး ခရီးစဉ်အဖြစ် ပါဆယ်ရထားတစ်စင်း နေ့စဉ်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော်အမြန်ရထားခရီးစဉ် အနေဖြင့် အဆန်/အစုန် နှစ်စင်း၊ ရန်ကုန်-မော်လမြိုင်အမြန် ရထား အဆန်/အစုန်နှစ်စင်း၊ ရန်ကုန်-ထားဝယ်အမြန်ရထား အဆန်/အစုန်နှစ်စင်းနှင့် ကုန်ရထားများကိုအဆန် သုံးစင်း မှ လေးစင်းအထိ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန် ရထားလမ်းအဆင့်မြှင့်တင်မှုစီမံကိန်းကို JICA မှ ချေးငွေ အမေရိကန်ဒေါ် လာ၂ ဒသမ ၄ ဘီလျံသုံးစွဲမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ ငါးနှစ်စီမံကိန်း အဖြစ်သတ်မှတ်ထားကာ ယင်းစီမံကိန်းပြီးစီးပါက တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အထိမောင်း နှင်နိုင်မည်ဖြစ်ပြီး ရန်ကုန်-မန္တလေးရထား ခရီးစဉ်ကို ရှစ်နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service