တန္ဖိုးနည္းအိမ္ရာမ်ားကိုအေျခခံလူတန္းစားမ်ားအတြက္ေဆာက္လုပ္ရာတြင္အမွန္တကယ္ေနထိုင္မည့္ေနရာျဖစ္ဖို႔လို - Property News in Myanmar from iMyanmarHouse.com
1362 Views

တန္ဖိုးနည္းအိမ္ရာမ်ားကိုအေျခခံလူတန္းစားမ်ားအတြက္ေဆာက္လုပ္ရာတြင္အမွန္တကယ္ေနထိုင္မည့္ေနရာျဖစ္ဖို႔လို

### Zawgyi Version ###

အစိုးရက ျပည္သူလူထုအတြက္တန္ဖိုးနည္းအိမ္ရာမ်ားေဆာက္လုပ္ရာတြင္ အမွန္တကယ္ေနထိုင္သူမ်ားႏွင့္ ကိုက္ညီသည့္ေနရာမ်ားတြင္ ေဆာက္လုပ္ရန္လိုအပ္ေၾကာင္း ၊ အေျခခံလူတန္းစားေတြႀကိဳက္တဲ့ ၊ အလုပ္လုပ္တဲ့ေနရာနဲ႕ မေဝးတဲ့ေနရာေတြမွာ တကယ္ေနမယ့္သူေတြကို ေလ့လာၿပီး တည္ေဆာက္မည္ဆိုပါက အိမ္ရာအေလအလြင့္ျဖစ္ျခင္းမွ နည္းးသြားႏိုင္ေၾကာင္း ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္းရွင္မ်ားအသင္း အေထြေထြအတြင္းေရးမႈးခ်ဳပ္ ဦးမ်ိဳးျမင့္က ေျပာၾကားပါသည္။

ယခုလက္ရွိ အစိုးရဝန္ႀကီးဌာနမ်ားက ေဆာက္လုပ္ထားသည့္ တန္ဖိုးနည္းအိမ္ရာမ်ားေရာင္းခ်ရန္က်န္ရွိျခင္းသည္ အမွန္တကယ္ ေနထိုင္မည့္သူမ်ား လိုခ်င္သည့္ေနရာႏွင့္တည္ရွိသည့္ေနရာ ကြာဟမႈရွိေသာေၾကာင့္ အခန္းအခ်ိဳ႕ဝယ္ယူသူမရွိသည့္ အေျခအေနမ်ား ျဖစ္ေပၚေနေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက ေျပာဆိုပါသည္။

ဆက္လက္ၿပီး တန္ဖိုးနည္းအိမ္ရာဝယ္ယူရာတြင္ အလုပ္လုပ္ကိုင္သူမ်ားႏွင့္ ေနထိုင္သည့္ေနအိမ္ အကြာအေဝးျပသနာမ်ားေၾကာင့္ အခက္အခဲမ်ား ၾကံဳေတြ႕ေနရေၾကာင္း ဝယ္ယူေနထိုင္သူတခ်ိဳ႕ထံမွ သိရသည္။

လႈိင္သာယာၿမိဳ႕နယ္ ေရႊလင္ပန္းအိမ္ရာတြင္ အခန္းဝယ္ယူေနထိုင္သူတစ္ဦးျဖစ္သည့္မသီရိႏိုင္က "အစ္မတို႔အလုပ္ေတြက ဒဂံုအေရွ႕ပိုင္းဘက္မွာ ၊ ဒါေပမဲ့ တန္ဖိုးနည္းအိမ္ရာေလွ်ာက္ထားေတာ့ ေပါက္တဲ့အိမ္က လႈိင္သာယာဘက္ျဖစ္ေနတယ္။ အိမ္နဲ႕ အလုပ္အသြား အျပန္တင္ ၂ နာရီေလာက္ အခ်ိန္ေပးရတဲ့အတြက္ ျဖစ္ႏိုင္ရင္ အလုပ္နဲ႕အိမ္ နီးနီးနားနားပဲေနခ်င္တယ္ "ဟု ေျပာျပပါသည္။

ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ ့ၿဖိးေရးဦးစီးဌာနက ယခုလ ၂၀ ရက္ေန ့တြင္ ဌာနမွ ေရာင္းခ်ရန္က်န္ရွိသည့္ တန္ဖိုးနည္းႏွင့္တန္ဖိုးသင့္အိ္မ္ရာ အမ်ိဳးအစားေပါင္း ၁၂ ခုကိုေရာင္းခ်ရန္ ဝယ္ယူခြင့္ရရွိသူမ်ားကို ဖိတ္ေခၚလ်က္ရွိၿပီး အဆိုပါအိမ္ရာမ်ားကို ၁၅ ႏွစ္အရစ္က်စနစ္ျဖင့္ သက္သာသည့္ အတိုးႏႈန္းျဖင့္ေရာင္းခ်ရန္ ထုတ္ျပန္ထားသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အစိုးရက ပြည်သူလူထုအတွက်တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ရာတွင် အမှန်တကယ်နေထိုင်သူများနှင့် ကိုက်ညီသည့်နေရာများတွင် ဆောက်လုပ်ရန်လိုအပ်ကြောင်း ၊ အခြေခံလူတန်းစားတွေကြိုက်တဲ့ ၊ အလုပ်လုပ်တဲ့နေရာနဲ့ မဝေးတဲ့နေရာတွေမှာ တကယ်နေမယ့် သူတွေကို လေ့လာပြီး တည်ဆောက်မည်ဆိုပါက အိမ်ရာအလေအလွင့်ဖြစ်ခြင်းမှ နည်းးသွားနိုင်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှုးချုပ် ဦးမျိုးမြင့်က ပြောကြားပါသည်။

ယခုလက်ရှိ အစိုးရဝန်ကြီးဌာနများက ဆောက်လုပ်ထားသည့် တန်ဖိုးနည်းအိမ်ရာများရောင်းချရန်ကျန်ရှိခြင်းသည် အမှန်တကယ် နေထိုင်မည့်သူများ လိုချင်သည့်နေရာနှင့်တည်ရှိသည့်နေရာ ကွာဟမှုရှိသောကြောင့် အခန်းအချို့ဝယ်ယူသူမရှိသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုပါသည်။

ဆက်လက်ပြီး တန်ဖိုးနည်းအိမ်ရာဝယ်ယူရာတွင် အလုပ်လုပ်ကိုင်သူများနှင့် နေထိုင်သည့်နေအိမ် အကွာအဝေးပြသနာများကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဝယ်ယူနေထိုင်သူတချို့ထံမှ သိရသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအိမ်ရာတွင် အခန်းဝယ်ယူနေထိုင်သူတစ်ဦးဖြစ်သည့်မသီရိနိုင်က "အစ်မတို့အလုပ်တွေက ဒဂုံအရှေ့ပိုင်းဘက်မှာ ၊ ဒါပေမဲ့ တန်ဖိုးနည်းအိမ်ရာလျှောက်ထားတော့ ပေါက်တဲ့အိမ်က လှိုင်သာယာဘက်ဖြစ်နေတယ်။ အိမ်နဲ့ အလုပ်အသွား အပြန်တင် ၂ နာရီလောက် အချိန်ပေးရတဲ့အတွက် ဖြစ်နိုင်ရင် အလုပ်နဲ့အိမ် နီးနီးနားနားပဲနေချင်တယ် "ဟု ပြောပြပါသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိးရေးဦးစီးဌာနက ယခုလ ၂၀ ရက်နေ့တွင် ဌာနမှ ရောင်းချရန်ကျန်ရှိသည့် တန်ဖိုးနည်းနှင့်တန်ဖိုးသင့်အိမ်ရာ အမျိုးအစားပေါင်း ၁၂ ခုကိုရောင်းချရန် ဝယ်ယူခွင့်ရရှိသူများကို ဖိတ်ခေါ်လျက်ရှိပြီး အဆိုပါအိမ်ရာများကို ၁၅ နှစ်အရစ်ကျစနစ်ဖြင့် သက်သာသည့် အတိုးနှုန်းဖြင့်ရောင်းချရန် ထုတ်ပြန်ထားသည်။

 

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service