ကျပ်ငွေ (၅) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးမြို့ရှိ Than Lwin Nadi ကွန်ဒို အရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
841 Views
ကျပ်ငွေ (၅) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မန္တလေးမြို့ရှိ Than Lwin Nadi ကွန်ဒို အရောင်းပြပွဲ
### Zawgyi Version ###
iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ NTL Construction မှတည်ဆောက်သည့် Than Lwin Nadi ကွန်ဒိုအရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ ( ၇ ၊ ၈ ၊ ၉ ) နေ့များတွင် နံနက် (၉) နာရီ မှ ညနေ (၅) နာရီအထိ အဆိုပါစီမံကိန်းတည်ရှိရာ မန္တလေးမြို့ ၊ ၂၃ လမ်း (၈၂×၈၃ လမ်းကြား) အောင်မြေသာစံမြို့နယ် တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ပြပွဲ (၃) ရက်အတွင်းတွင် iMyanmarHouse.com ပရိသတ်ကြီး၏ တခဲနက် အားပေးမှုကြောင့် ကျပ်ငွေ (၅) ဘီလီယံကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
Than Lwin Nadi ကွန်ဒိုကို NTL Construction မှ ဘိုးဘွားပိုင်မြေတွင် တည်ဆောက်ထားသည်။ နေထိုင်ခွင့် BCC ရပြီးဖြစ်သည့်အတွက် အခန်းဝယ်ယူပြီးသည်နှင့် အဆင်သင့် နေထိုင်နိုင်မည်ဖြစ်သည်။ Than Lwin Nadi ကွန်ဒိုသည် အထပ်ပေါင်း (၁၂) ထပ်အမြင့်ပြီး အခန်းပေါင်း (၈၀) ကျော်ပါဝင်ကြောင်းသိရသည်။ အခန်းအကျယ်အဝန်း 1150 sqft မှ 1550 sqft အထိ ရွေးချယ်ဝယ်ယူနိုင်သည်။ Facilities များအနေဖြင့် ၊ အားကစားခန်းမ ၊ ဓာတ်လှေကား ၊ ကလေးကစားကွင်း များပါဝင်သည်။ Roof-top တွင် luxury Swimming Pool ပါရှိသည်။ ကွန်ဒို၏ အနီးအနားတွင် ဈေးချို ၊ မန္တလေးကျုံး ၊ ဆေးရုံ နှင့် ကျောင်းတို့တည်ရှိသည့်အတွက် သွားလာရလွယ်ကူပြီး အချက်အချာကျသည့် Location ဖြစ်သည်။
“ ဒီ Than Lwin Nadi ကွန်ဒိုကို ၁၀၀% တည်ဆောက်ပြီးစီးချိန်မှ ကျွန်တော်တို့ iMyanmarHouse.com နဲ့ အရောင်းစဖွင့်တာဖြစ်ပါတယ်။ Developer က ကျွန်တော်တို့အပေါ် ယုံကြည်မှုထားသလို ကျွန်တော်တို့ iMyanmarHouse.com အဖွဲ့သားတွေကလည်း တက်ညီလက်ညီ အားကြိုးမာန်တက်ကြိုးစားပေးလို့ အခုလို အောင်မြင်တဲ့ရလာဒ်ကောင်းတွေ ရရှိတာဖြစ်ပါတယ်။ ဖွင့်ပွဲမှာတင်ပဲ အခုလို ရောင်းအားကောင်းကောင်းနဲ့ ရောင်းချပေးနိုင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ iMyanmarHouse.com ကို အမြဲအားပေးတဲ့ မန္တလေးနဲ့ မြန်မာနိုင်ငံတဝှမ်းလုံးမှ မိတ်ဆွေရောင်းရင်းများနဲ့ Customer များ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပကာ ရောင်းချပေးသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
NTL Construction၏ ပဲ့ကိုင်ရှင်ဖြစ်သော ဦးနိုင်ထွန်းလင်းက " အစ်ကိုတို့ မနှစ်က မန္တလေး ရေစစ်ကန်ရှေ့မှာဆောက်ထားတဲ့ Sky Villa ကွန်ဒိုစီမံကိန်းကအခန်းတွေ ရောင်းမယ်ဆိုပြီး စဉ်းစားတဲ့အချိန်မှာ iMyanmarHouse.com က အိမ်ခြံမြေဈေးကွက်မှာ ကြော်ငြာနိုင်တဲ့နေရာမှာရော ၊ ရောင်းချပေးတဲ့နေရာမှာပါ ကျွမ်းကျင်မှုက ထိပ်ဆုံးဖြစ်နေတာတွေ့ရတယ်။ အဲ့ဒါနဲ့ iMyanmarHouse.com နဲ့ လက်တွဲပြီး ရောင်းခဲ့တာ လက်တွေ့မှာလည်း ရောင်းအားကောင်းခဲ့တာကြောင့် ဒီနှစ် Than Lwin Nadi ကွန်ဒိုကိုလည်း iMyanmarHouse.com နဲ့ပဲ ဆက်ပြီး ရောင်းချခဲ့တာပါ။ အခုအချိန် ဈေးကွက်ထဲမှာ အရောင်းအဝယ်လဲ အေးနေတော့ ပွဲမစတင်ခင် အစ်ကိုတို့မှန်းထားတာ (၁၀) ခန်းဝန်းကျင် လောက်ပါပဲ။ အခုတော့ မထင်မှတ်ပဲနဲ့ အခန်း (၄၀) ဝန်းကျင်လောက် ရောင်းလိုက်ရတဲ့အတွက် တော်တော်လည်း ဒါကို အံ့လည်း အံ့သြသွားတယ်ပေါ့နော်။ ယုံကြည်စွာနဲ့ ဝယ်ယူကြတာကိုလဲ တော်တော်လေး ဝမ်းသာတယ်ပေါ့နော် " ဟု အရောင်းပွဲနှင့် ပတ်သတ်၍ ကျေနပ်အားရမှုကို ပြောပြခဲ့သည်။
“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ထိုင်း၊ မလေးရှား၊ စင်္ကာပူ အစရှိတဲ့ ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း မြန်မာနိုင်ငံသားတွေ အလွယ်တကူ ဝယ်ယူနိုင်အောင် ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက် ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဉာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်နဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၃.၈) သန်းကျော်ရှိပါတယ်။ iMyanmarHouse.com ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၇၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ်။ ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။
iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
Upcoming Property Events
From 08 Jun To 09 Jun
Myat Ingyin Housing Sales Event
shwe-wutthmone
myat-ingyin
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service