တိုက္ခန္း၀ယ္ယူလွ်င္ ေျမငွားရမ္းခေပးရန္လိုအပ္သလား - Property Knowledge in Myanmar from iMyanmarHouse.com
12843 Views

တိုက္ခန္း၀ယ္ယူလွ်င္ ေျမငွားရမ္းခေပးရန္လိုအပ္သလား

Knowledge | Posted by Si Thu Aung

### Zawgyi Version ###

ရန္ကုန္တြင္ တုိက္ခန္းဝယ္ယူျခင္းသည္ ေျမကိုပိုင္ဆုိင္မႈမပါဝင္၍ ေျမပိုင္ရွင္၏ ေျမေပၚတြင္ တည္ေဆာက္ထားသည့္ တိုက္ခန္းအား ၀ယ္ယူျခင္းျဖစ္ေသာေၾကာင့္ ေျမပိုင္ရွင္အား ေျမငွားရမ္းခေပးေခ်ရမွာျဖစ္ပါတယ္။ ကန္ထရိုက္တာထံမွ ဝယ္ယူျခင္း၊ ေျမရွင္ထံမွ ဝယ္ယူျခင္း မည္သည့္ဝယ္ယူျခင္းမဆို ေျမငွားခေပးရပါသည္။ ကန္ထရိုက္ပိုင္ဆုိင္သည့္ ေျမဆိုလွ်င္လည္း ကန္ထရိုက္တာကို ေျမငွားခေပးရပါတယ္။

ေျမငွားရမ္းခႏႈန္းထားမ်ားသည္ ၿမိဳ႕နယ္တစ္ခုနဲ႔ တစ္ခု မတူညီပါဘူး။ အေကာင္းဆံုးကေတာ့ ဝယ္ယူထားတဲ့ တုိက္ခန္း ပတ္ဝန္းက်င္ရွိ အျခားတုိက္ခန္းမ်ားကို ေမးျမန္းစံုစမ္းျခင္းျဖင့္ ေျမငွားခႏႈန္းကို သိရွိႏိုင္ပါတယ္။

လက္ရွိ အမ်ားဆံုးေကာက္ခံေနသည့္ ႏႈန္းထားမ်ားကေတာ့ ေငြက်ပ္ ၁၀၀၀ိ/- က်ပ္မွ စတင္ကာ ၅၀၀၀ိ/- က်ပ္အထိ အမ်ိဳးမ်ိဳး ေကာက္ခံၾကတာေတြ႔ရပါသည္။ ေပးေခ်ပံုေတြကေတာ့ ေျမရွင္ေပၚမူတည္ပါတယ္ တစ္လျခင္း ေကာက္ခံက်သလို၊ တစ္ႏွစ္စာ ေကာက္ခံျခင္းလည္းရွိပါတယ္။

ေျမရွင္ေတာင္းခံသည့္ ႏႈန္းထားသည္ မိမိတိုက္တစ္ခုတည္းမ်ားေနျခင္းျဖစ္တယ္ဆိုလွ်င္ သက္ဆုိင္ရာ ၿမိဳ႕နယ္စည္ပင္ရံုးကို တုိင္ၾကားေျဖရွင္းခိုင္းလို႔ရပါတယ္။ ေျမငွားခနည္းတူ ေပးရသည့္ေနာက္တစ္မ်ိဳးက ေရဖိုးျဖစ္ပါသည္။ ေရဖိုးႏွင့္ပတ္သက္လွ်င္လည္း မီတာတစ္ခုတည္းကေန တိုက္တစ္တိုက္လံုး စုေပါင္းသံုးျခင္း ျဖစ္၍ အခ်ိဳးက် က်ခံရပါတယ္။ လက္ရွိ အမ်ားဆံုးေကာက္ခံေနသည့္ ႏႈန္းထားမ်ားကေတာ့ ေငြက်ပ္ ၅၀၀၀ိ/- က်ပ္မွ စတင္ကာ ၆၀၀၀ိ/- က်ပ္အထိ အမ်ိဳးမ်ိဳး ေကာက္ခံၾကတာေတြ႔ရပါသည္။ အေကာင္းဆံုးကေတာ့ တုိက္ခန္း ဝယ္ယူျခင္း မျပဳခင္ကတည္းက ေျမဖိုး၊ ေရဖိုး တစ္ခါတည္းေမးျမန္းၿပီးမွ စာခ်ဳပ္တြင္ ထည့္သြင္း ေဖာ္ျပခ်ဳပ္ဆို ထားျခင္းသည္ အေကာင္းဆံုးေသာ နည္းလမ္းတစ္ခုျဖစ္ပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔

### Unicode Version ###

ရန်ကုန်တွင် တိုက်ခန်းဝယ်ယူခြင်းသည် မြေကိုပိုင်ဆိုင်မှုမပါဝင်၍ မြေပိုင်ရှင်၏ မြေပေါ်တွင် တည်ဆောက်ထားသည့် တိုက်ခန်းအား ဝယ်ယူခြင်းဖြစ်သောကြောင့် မြေပိုင်ရှင်အား မြေငှားရမ်းခပေးချေရမှာဖြစ်ပါတယ်။ ကန်ထရိုက်တာထံမှ ဝယ်ယူခြင်း၊ မြေရှင်ထံမှ ဝယ်ယူခြင်း မည်သည့်ဝယ်ယူခြင်းမဆို မြေငှားခပေးရပါသည်။ ကန်ထရိုက်ပိုင်ဆိုင်သည့် မြေဆိုလျှင်လည်း ကန်ထရိုက်တာကို မြေငှားခပေးရပါတယ်။

မြေငှားရမ်းခနှုန်းထားများသည် မြို့နယ်တစ်ခုနဲ့ တစ်ခု မတူညီပါဘူး။ အကောင်းဆုံးကတော့ ဝယ်ယူထားတဲ့ တိုက်ခန်း ပတ်ဝန်းကျင်ရှိ အခြားတိုက်ခန်းများကို မေးမြန်းစုံစမ်းခြင်းဖြင့် မြေငှားခနှုန်းကို သိရှိနိုင်ပါတယ်။ လက်ရှိ အများဆုံးကောက်ခံနေသည့် နှုန်းထားများကတော့ ငွေကျပ် ၁၀၀၀ိ/- ကျပ်မှ စတင်ကာ ၅၀၀၀ိ/- ကျပ်အထိ အမျိုးမျိုး ကောက်ခံကြတာတွေ့ရပါသည်။ ပေးချေပုံတွေကတော့ မြေရှင်ပေါ်မူတည်ပါတယ် တစ်လခြင်း ကောက်ခံကျသလို၊ တစ်နှစ်စာ ကောက်ခံခြင်းလည်းရှိပါတယ်။

မြေရှင်တောင်းခံသည့် နှုန်းထားသည် မိမိတိုက်တစ်ခုတည်းများနေခြင်းဖြစ်တယ်ဆိုလျှင် သက်ဆိုင်ရာ မြို့နယ်စည်ပင်ရုံးကို တိုင်ကြားဖြေရှင်းခိုင်းလို့ရပါတယ်။ မြေငှားခနည်းတူ ပေးရသည့်နောက်တစ်မျိုးက ရေဖိုးဖြစ်ပါသည်။ ရေဖိုးနှင့်ပတ်သက်လျှင်လည်း မီတာတစ်ခုတည်းကနေ တိုက်တစ်တိုက်လုံး စုပေါင်းသုံးခြင်း ဖြစ်၍ အချိုးကျ ကျခံရပါတယ်။ လက်ရှိ အများဆုံးကောက်ခံနေသည့် နှုန်းထားများကတော့ ငွေကျပ် ၅၀၀၀ိ/- ကျပ်မှ စတင်ကာ ၆၀၀၀ိ/- ကျပ်အထိ အမျိုးမျိုး ကောက်ခံကြတာတွေ့ရပါသည်။ အကောင်းဆုံးကတော့ တိုက်ခန်း ဝယ်ယူခြင်း မပြုခင်ကတည်းက မြေဖိုး၊ ရေဖိုး တစ်ခါတည်းမေးမြန်းပြီးမှ စာချုပ်တွင် ထည့်သွင်း ဖော်ပြချုပ်ဆို ထားခြင်းသည် အကောင်းဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service