ဓာတ္အားခေကာက္ခံေငြ ၃၆ ဘီလီယံေက်ာ္တိုးရရွိၿပီး သုံးစြဲယူနစ္ ၂၂ သန္နီးပါးေလ်ာ့နည္းခဲ့ - Property News in Myanmar from iMyanmarHouse.com
646 Views

ဓာတ္အားခေကာက္ခံေငြ ၃၆ ဘီလီယံေက်ာ္တိုးရရွိၿပီး သုံးစြဲယူနစ္ ၂၂ သန္နီးပါးေလ်ာ့နည္းခဲ့

### Zawgyi Version ###

ဓာတ္အားခေကာက္ခံေငြ ၃၆ ဘီလီယံေက်ာ္ တိုးရရွိၿပီး သုံးစြဲယူနစ္ ၂၂ သန္နီးပါးေလ်ာ့နည္းခဲ့ေၾကာင္း YESC ရုံးခ်ဳပ္၌ ျပဳလုပ္ခဲ့သည့္သတင္းစာရွင္းလင္းပြဲမွသိရသည္။

မီတာခေျပာင္းလဲျပင္ဆင္သတ္မွတ္ၿပီးေနာက္ သုံးစြဲမႈေလ်ာ့လာေၾကာင္း၊လွ်ပ္စစ္ဓာတ္အားကိုေခၽြတာၿပီး သုံးစြဲလာေၾကာင္း၊ယခင္ကလွ်ပ္စစ္ဓာတ္အားကို ေပါေပါေလာေလာႏွင့္သုံးစြဲခဲ့ေၾကာင္း၊၎ကိုျပင္ဆင္သတ္မွတ္လိုက္သည့္အတြက္ အက်ိဳးအျမတ္ရလာသည္က ေခၽြတာသုံးစဲြရမယ္၊စည္းႏွင့္ကမ္းႏွင့္သုံးစြဲရမယ္ဆိုသည့္ အေျခအေနျဖစ္လာပါေၾကာင္း လွ်ပ္စစ္ဓာတ္အားေကာ္ပိုေရးရွင္း (YESC) ဥကၠ႒ ဦးေမာင္ေမာင္လတ္က ေျပာသည္။

ဓာတ္အားခတိုးျမွင့္မည္ဟု ေၾကျငာၿပီးေနာက္ ရန္ကုန္တိုင္းတြင္ ၁ ဒသမ ၃၈ သန္းသည္မီသုံးစြဲမႈေလ်ာ့ ခ်ခဲ့ၿပီး ဇြန္လတြင္သုံးစြဲယူနစ္ ၇၁၇ သန္းရွိၿပီး ဇူလိုင္လတြင္ သုံးစြဲယူနစ္ ၆၉၅ သန္းသာရွိေတာ့သည့္အတြက္ သုံးစြဲယူနစ္ ၂၂ သန္နီးပါးေလ်ာ့နည္းခဲ့ေၾကာင္းသိရသည္။

ဓာတ္အားခႏႈန္းထားေျပာင္းလဲၿပီးေနာက္ ဓာတ္အားခေတာင္းခံေငြ ဇြန္လတြင္ ေငြက်ပ္ ၅၅ ဘီလီယံရ ရွိခဲ့ၿပီး ဇူလိုင္လတြင္ ေငြက်ပ္ ၉၁ ဘီလီယံရွိခဲ့ရာ ၃၆ ဘီလီယံ ေက်ာ္ေတာင္းခံရရွိခဲ့ေၾကာင္းသိရသည္။

ဓာတ္အားခေျပာင္းလဲေကာက္ခံမႈေၾကာင့္ အိမ္သုံးအမ်ဳိးအစား ဓာတ္အားခေပးေဆာင္မႈအေနျဖင့္ အေျခခံလူတန္းစားမ်ားအေနျဖင့္ တစ္ယူနစ္မွ ၇၅ ယူနစ္အထိမီးအသုံးျပဳသူ ၂၆ ရာခိုင္ႏႈန္းရွိၿပီး ၁၁၇၅ က်ပ္သာ ပိုမုိက်ခံရေၾကာင္း၊လူလတ္တန္းစားမ်ား အေနျဖင့္ ၇၅ ယူနစ္မွ ၂၀၀ ယူနစ္အထိ အသုံးျပဳသူ ၃၈ ရာခိုင္ႏႈန္းခန္႔ ရွိၿပီး အနည္းဆုံး ၂၂၅၀ မွ အမ်ားဆုံး ၁၀၀၅၀ က်ပ္သာ ပိုမိုေပးေဆာင္ရမည္ျဖစ္ေၾကာင္းသိရသည္။

၂၀၀ယူနစ္ အထက္ သုံးစြဲသူမွာ ၃၆ ရာခိုင္ႏႈန္းရွိၿပီး အိမ္သုံးမဟုတ္သည့္ အမ်ိဳးအစားျဖင့္ ဓာတ္အားခေပးေဆာင္မႈတြင္ တစ္ယူနစ္မွ ၅၀၀ ယူနစ္အထိ သုံးစြဲသူ ၆၉ ရာခိုင္ႏႈန္း၊၅၀၁ ယူနစ္မွ ၅၀၀၀ ယူနစ္အထိ သုံးစြဲသူ ၂၅ ရာခိုင္ႏႈန္းႏွင့္ ၅၀၀၀ ယူနစ္အထက္သုံးစြဲသူ တစ္ရာခိုင္ႏႈန္းႏွင့္ ႏွစ္ရာခိုင္ႏႈန္းၾကားသာရွိေၾကာင္းသိရသည္။

ေဈးႏႈန္းျပင္လိုက္ျခင္းေၾကာင့္ အက်ိဳးေက်းဇူးရွိပါေၾကာင္း၊လာမည့္ေႏြရာသီအတြက္ရည္မွန္းၿပီး ၁၀၀၀ မဂၢါဝပ္ ဝယ္လာႏိုင္ေၾကာင္း၊ယခင္ကမဝယ္ႏိုင္ပါေၾကာင္း YESC ၏ ဒါရုိက္တာအဖြဲ႔ဝင္ ဦးေအာင္ေက်ာ္ဦးက ေျပာသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ဓာတ်အားခကောက်ခံငွေ ၃၆ ဘီလီယံကျော် တိုးရရှိပြီး သုံးစွဲယူနစ် ၂၂ သန်နီးပါးလျော့နည်းခဲ့ကြောင်း YESC ရုံးချုပ်၌ ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲမှသိရသည်။

မီတာခပြောင်းလဲပြင်ဆင်သတ်မှတ်ပြီးနောက် သုံးစွဲမှုလျော့လာကြောင်း၊လျှပ်စစ်ဓာတ်အားကိုချွေတာပြီး သုံးစွဲလာကြောင်း၊ယခင်ကလျှပ်စစ်ဓာတ်အားကို ပေါပေါလောလောနှင့်သုံးစွဲခဲ့ကြောင်း၊၎င်းကိုပြင်ဆင်သတ် မှတ်လိုက်သည့်အတွက် အကျိုးအမြတ်ရလာသည်က ချွေတာသုံးစွဲရမယ်၊စည်းနှင့်ကမ်းနှင့်သုံးစွဲရမယ်ဆိုသည့် အခြေအနေဖြစ်လာပါကြောင်း လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောသည်။

ဓာတ်အားခတိုးမြှင့်မည်ဟု ကြေငြာပြီးနောက် ရန်ကုန်တိုင်းတွင် ၁ ဒသမ ၃၈ သန်းသည်မီသုံးစွဲမှုလျော့ ချခဲ့ပြီး ဇွန်လတွင်သုံးစွဲယူနစ် ၇၁၇ သန်းရှိပြီး ဇူလိုင်လတွင် သုံးစွဲယူနစ် ၆၉၅ သန်းသာရှိတော့သည့်အတွက် သုံးစွဲယူနစ် ၂၂ သန်နီးပါးလျော့နည်းခဲ့ကြောင်းသိရသည်။

ဓာတ်အားခနှုန်းထားပြောင်းလဲပြီးနောက် ဓာတ်အားခတောင်းခံငွေ ဇွန်လတွင် ငွေကျပ် ၅၅ ဘီလီယံရ ရှိခဲ့ပြီး ဇူလိုင်လတွင် ငွေကျပ် ၉၁ ဘီလီယံရှိခဲ့ရာ ၃၆ ဘီလီယံ ကျော်တောင်းခံရရှိခဲ့ကြောင်းသိရသည်။

ဓာတ်အားခပြောင်းလဲကောက်ခံမှုကြောင့် အိမ်သုံးအမျိုးအစား ဓာတ်အားခပေးဆောင်မှုအနေဖြင့် အခြေခံလူတန်းစားများအနေဖြင့် တစ်ယူနစ်မှ ၇၅ ယူနစ်အထိမီးအသုံးပြုသူ ၂၆ ရာခိုင်နှုန်းရှိပြီး ၁၁၇၅ ကျပ်သာ ပိုမိုကျခံရကြောင်း၊လူလတ်တန်းစားများ အနေဖြင့် ၇၅ ယူနစ်မှ ၂၀၀ ယူနစ်အထိ အသုံးပြုသူ ၃၈ ရာခိုင်နှုန်းခန့် ရှိပြီး အနည်းဆုံး ၂၂၅၀ မှ အများဆုံး ၁၀၀၅၀ ကျပ်သာ ပိုမိုပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

၂၀၀ယူနစ် အထက် သုံးစွဲသူမှာ ၃၆ ရာခိုင်နှုန်းရှိပြီး အိမ်သုံးမဟုတ်သည့် အမျိုးအစားဖြင့် ဓာတ်အားခပေးဆောင်မှုတွင် တစ်ယူနစ်မှ ၅၀၀ ယူနစ်အထိ သုံးစွဲသူ ၆၉ ရာခိုင်နှုန်း၊၅၀၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ သုံးစွဲသူ ၂၅ ရာခိုင်နှုန်းနှင့် ၅၀၀၀ ယူနစ်အထက်သုံးစွဲသူ တစ်ရာခိုင်နှုန်းနှင့် နှစ်ရာခိုင်နှုန်းကြားသာရှိကြောင်းသိရသည်။

ဈေးနှုန်းပြင်လိုက်ခြင်းကြောင့် အကျိုးကျေးဇူးရှိပါကြောင်း၊လာမည့်နွေရာသီအတွက်ရည်မှန်းပြီး ၁၀၀၀ မဂ္ဂါဝပ် ဝယ်လာနိုင်ကြောင်း၊ယခင်ကမဝယ်နိုင်ပါကြောင်း YESC ၏ ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်ကျော်ဦးက ပြောသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service