အကျိုးဆောင်လိုင်စင်မရှိသူများ ဒါဏ်ရိုက်မည့်သတင်း အတည်ပြုချက်မဟုတ်သေးဟုဆို - Property News in Myanmar from iMyanmarHouse.com
2271 Views

အကျိုးဆောင်လိုင်စင်မရှိသူများ ဒါဏ်ရိုက်မည့်သတင်း အတည်ပြုချက်မဟုတ်သေးဟုဆို

### Zawgyi Version ###








 

### Unicode Version ###

အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များလိုင်စင်မရှိသူများ ငွေဒါဏ်နှင့်ထောင်ဒါဏ် ရိုက်မည့် ကိစ္စ အတည်ပြုချက် မရရှိသေးသည့် ဥပဒေမူကြမ်း အဆင့်သာရှိသေးကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်းမှသိရသည်။

“ချက်ချင်းကြီးဒါကိုလိုက်နာရမယ။် မလုပ်ရင် ထောင်ကျမယ် ဆိုတာမျိုးမဟုတ်ဘူး။ ဒါကလဲတကယ် တရားဝင်ဖြစ်ချင် မှဖြစ်အုန်းမယ် ပြောင်းလဲပြီးသတ်မှတ်တာမျိုးလဲ လုပ်နိုင်သေးတယ်။ အခုမှလွှတ်တော်မှာတောင် တင်ထားရုံပဲရှိသေးတယ်”ဟု မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်းမှ ဗဟိုအလုပ်မှုဆောင်ဥက္ကဌဦးတင်မောင်က ပြောသည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လိုင်စင်မရှိသူများ ဒါဏ်ငွေ သိန်း ၃၀ နှင့် ထောင်ဒါဏ် ၆ လကျခံရမည့် ဖြေကြားမှုများကြောင်း အကျိုးဆောင်ဈေးကွက်တွင် စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ခြင်းကို ဦးတင်မောင်ကပြန်လည် ဖြေရှင်းပြောဆိုခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါ အကျိုးဆောင်လိုင်စင်အတွက် တရားဝင်လိုင်စင်များကို ဗဟိုဝန်ဆောင်မှုကြီးကြပ်ကော်မတီ ကသာ ထုတ်ပေးရမည်ဖြစ်ပြီး မည်သည့်အသင်းအဖွဲ့ကမှ တရားဝင်လိုင်စင်ထုတ်ပေးခွင့်မပြုထားကြောင်း၊ သင်တန်းပို့ချမှုကိုလည်း သက်ဆိုင်ရာကော်မတီကမှ ပို့ချမှုများပြုလုပ်နိုင်မည်ဖြစ်ကြောင်း ဦးတင်မောင်ထံမှ သိရသည်။ အဆိုပါ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုဥပဒေကို ၂၀၁၆ ခုနှစ် စက်တင်ဘာလကစတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီမှ လွှတ်တော်တွင် ၂၀၁၈ ခုနှစ် ဇွန်က ၁၅ ရက်နေ့က တစ်ကြိမ်သာ ကြေငြာခြင်းပြုလုပ်ခဲ့ကြောင်း အဆိုပါအသင်းမှသိရသည်။

ဥပဒေမူကြမ်းတွင် အိမ်၊ ခြံ၊ မြေ လုပ်ကိုင်သူများကို တစ်နှစ်အတွင်း မှတ်ပုံတင်ထုတ်ပေးမည်ဖြစ်ပြီး လိုင်စင်သက်တမ်း သုံးနှစ်ပေးမည်ဖြစ်ပြီး သုံးလသက်ဆိုင်ရာ ဝန်ကြီးဌာနကဖွင့်လစ်သည့် သင်တန်းများတက်ရောက်ရမည့်အချက်များပါဝင်ပြီး ဥပဒေတွင် အပိုဒ် ၁၃ ခုပါဝင်ကြောင်း ကြေးမှုံစာမျက်နှာတွင်ပါဝင်ခဲ့သည့် ဥပဒေမူကြမ်းအရသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service