မဟာဗႏၶဳလအငွားအိမ္ရာ ခိုင္ခန္႕မွဳအားနည္းခ်က္မ်ားေၾကာင့္ ဒီဇင္ဘာမွစတင္ေနထိုင္ခြင့္ျပဳမည္ - Property News in Myanmar from iMyanmarHouse.com
797 Views

မဟာဗႏၶဳလအငွားအိမ္ရာ ခိုင္ခန္႕မွဳအားနည္းခ်က္မ်ားေၾကာင့္ ဒီဇင္ဘာမွစတင္ေနထိုင္ခြင့္ျပဳမည္

### Zawgyi Version ###

ရန္ကုန္တိုင္း ေဒသႀကီးအစုိးရအစီအစဥ္ျဖင့္ ၂၀၁၆ ခုနွစ္က မဲနွိဳက္ကာ ငွားရမ္းခဲ့သည့္ မဟာဗႏၶဳလအငွားအိမ္ရာကုိ လာမည့္ ဒီဇင္ဘာလ၀န္းက်င္းမွသာ အခန္းေနထိုင္ခြင့္ရရွိသူမ်ားကုိ ေနထိုင္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာန၊ ျမိဳ႕ျပနွင့္အိမ္ရာဖြံျဖိဳးေရးဦးစီးဌာနမွ သိရသည္။

“ အေဆာက္အဦးေတြမွာ ေရေရရာရာ ခိုင္ခန့္မွဳမရွိတာေၾကာင့္ ျပဳျပင္မွဳေတြျပဳလုပ္ရတာပါ။ ဒီအိမ္ရာက မဲနွိဳက္ထားတာလဲ ၃ နွစ္ေလာက္ရွိေနျပီ။ အခုထိလဲေနလို႕မရ ေသးဘူးဆိုေတာ့ ျပည္သူေတြဘက္က လာေျပာတာေတြလည္းရွိေနခဲ့လို အျမန္ဆံုးေနလို႕ရေအာင္ လုပ္ေနပါတယ္”’ဟု ဒဂံုျမိဳ႕သစ္ေတာင္ပုိင္းျမိဳ႕နယ္ အမွတ္ ၁ မဲဆႏၵနယ္မွ လႊတ္ေတာ္ကုိယ္စားလွယ္ဦးညီညီက ရွင္းျပသည္။

အဆိုပါအငွားအိမ္ရာကုိ ေတာင္ဒဂံုျမိဳ႕နယ္ ေျမတိုင္းရပ္ကြက္ (၁၄/၂) အမွတ္ ၂ လမ္းမႀကီးနွင့္ မဟာဗႏၶဳလလမ္းေထာင့္တြင္ေဆာက္လုပ္ထားျခင္းျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရမွ ၂၀၁၆ ခုနွစ္ မတ္လ အတြင္း အခန္းေပါင္း ၁၁၅၂ မွ ပထမ တန္းစီဇယားတြင္ ပါ၀င္သူ ၂၅၀ ဦးနွင့္ မဲနွိဳက္ေရြးခ်ယ္သူ ၁၄၀၀ ကုိ မဲစနစ္ျဖင့္ ငွားရမ္းေနထိုင္ခြင့္ရရွိသူမ်ားကုိ ေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွသိရသည္။

အငွားအိမ္ရာမ်ားမွ က်န္ရွိသည့္အခန္းမ်ားကုိ ေနထိုင္ခြင့္ျပဳထားျပီး ျဖစ္ျပီး အဆိုပါအခန္းမ်ားမွလည္း အေပၚဆံုးအထပ္မ်ားမွမ်က္နွာက်က္ျပိဳက်ျခင္း၊ မိုးေရယိုျခင္းတို႕ေၾကာင့္ ေနထိုင္သူတခ်ိဳ႕ထိခိုက္ဒါဏ္ရာရမွဳမ်ားျဖစ္ေပၚခဲ့ ျပီး လူေနထိုင္သည့္အခန္းမ်ားကိုလည္း ေနာက္ပိုင္းတြင္ ျပန္လည္ျပင္ဆင္မွဳမ်ားျပဳလုပ္မည္ဟု ဦးညီညီထံမွ သိရသည္။

လက္ရွိတြင္ အဆိုပါအငွားအိမ္ရာအတြင္းရွိ အေဆာက္အဦး ၉ လံုးသည္ လိုအပ္ခ်က္မ်ားရွိေနျပီး ျပန္လည္ျပင္ဆင္ရန္ လုပ္ငန္းမ်ားေဆာင္ရြက္ေနသည့္အတြက္ ေဖာ္ျပပါအေဆာက္အအံုမ်ားတြင္ ငွားရမ္းေနထုိင္ခြင့္ရရွိ သူမ်ားကုိလာမည့္ဒီဇင္ဘာလမွသာ ေနထိုင္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ျမိဳ႕ျပနွင့္အိမ္ရာဖြံျဖိဳးေရးဦးစီးဌာနက ထုတ္ျပန္ေၾကျငာခ်က္တြင္ေဖာ္ျပထားသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ၂၀၁၆ ခုနှစ်က မဲနှိုက်ကာ ငှားရမ်းခဲ့သည့် မဟာဗန္ဓုလအငှားအိမ်ရာကို လာမည့် ဒီဇင်ဘာလဝန်းကျင်းမှသာ အခန်းနေထိုင်ခွင့်ရရှိသူများကို နေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ သိရသည်။

“ အဆောက်အဦးတွေမှာ ရေရေရာရာ ခိုင်ခန့်မှုမရှိတာကြောင့် ပြုပြင်မှုတွေပြုလုပ်ရတာပါ။ ဒီအိမ်ရာက မဲနှိုက်ထားတာလဲ ၃ နှစ်လောက်ရှိနေပြီ။ အခုထိလဲနေလို့မရ သေးဘူးဆိုတော့ ပြည်သူတွေဘက်က လာပြောတာတွေလည်းရှိနေခဲ့လို အမြန်ဆုံးနေလို့ရအောင် လုပ်နေပါတယ်”’ဟု ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးညီညီက ရှင်းပြသည်။

အဆိုပါအငှားအိမ်ရာကို တောင်ဒဂုံမြို့နယ် မြေတိုင်းရပ်ကွက် (၁၄/၂) အမှတ် ၂ လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်တွင်ဆောက်လုပ်ထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ၂၀၁၆ ခုနှစ် မတ်လ အတွင်း အခန်းပေါင်း ၁၁၅၂ မှ ပထမ တန်းစီဇယားတွင် ပါဝင်သူ ၂၅၀ ဦးနှင့် မဲနှိုက်ရွေးချယ်သူ ၁၄၀၀ ကို မဲစနစ်ဖြင့် ငှားရမ်းနေထိုင်ခွင့်ရရှိသူများကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။

အငှားအိမ်ရာများမှ ကျန်ရှိသည့်အခန်းများကို နေထိုင်ခွင့်ပြုထားပြီး ဖြစ်ပြီး အဆိုပါအခန်းများမှလည်း အပေါ်ဆုံးအထပ်များမှမျက်နှာကျက်ပြိုကျခြင်း၊ မိုးရေယိုခြင်းတို့ကြောင့် နေထိုင်သူတချို့ထိခိုက်ဒါဏ်ရာရမှုများဖြစ်ပေါ်ခဲ့ ပြီး လူနေထိုင်သည့်အခန်းများကိုလည်း နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်မှုများပြုလုပ်မည်ဟု ဦးညီညီထံမှ သိရသည်။

လက်ရှိတွင် အဆိုပါအငှားအိမ်ရာအတွင်းရှိ အဆောက်အဦး ၉ လုံးသည် လိုအပ်ချက်များရှိနေပြီး ပြန်လည်ပြင်ဆင်ရန် လုပ်ငန်းများဆောင်ရွက်နေသည့်အတွက် ဖော်ပြပါအဆောက်အအုံများတွင် ငှားရမ်းနေထိုင်ခွင့်ရရှိ သူများကို လာမည့်ဒီဇင်ဘာလမှသာ နေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ကြေငြာချက်တွင်ဖော်ပြထားသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service