ရေဖြန့်ဖြူးရေးလုပ်ငန်းအတွက် အဆိုပြုလွှာများရောင်းချရာ တစ်ပတ်အတွင်း ပြည်တွင်းပြည်ပ ကုမ္ပဏီ ၃၃ ခုမှဝယ်ယူမှုရှိ - Property News in Myanmar from iMyanmarHouse.com
1188 Views

ရေဖြန့်ဖြူးရေးလုပ်ငန်းအတွက် အဆိုပြုလွှာများရောင်းချရာ တစ်ပတ်အတွင်း ပြည်တွင်းပြည်ပ ကုမ္ပဏီ ၃၃ ခုမှဝယ်ယူမှုရှိ

### Zawgyi Version ###








 

### Unicode Version ###

ဩဂုတ် ၂၈ ရက်က ယင်းစိတ်ဝင်စားမှုအဆိုပြုလွှာကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရောင်းချခဲ့ရာ တစ်ပတ်အတွင်း ပြည်တွင်းပြည်ပ ကုမ္ပဏီ ၃၃ ခုမှဝယ်ယူမှုရှိခဲ့ကြောင်းသိရသည်။

ရန်ကုန်မြို့ အတွင်း ရေပေးဝေရေးလုပ်ငန်းကို (PPP) စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စိတ်ဝင်စားမှုအဆိုပြုလွှာဖိတ်ခေါ်ထားခဲ့ပြီး ဩဂုတ် ၂၈ ရက်က စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

စိတ်ဝင်စားမှုဖော်ပြချက် အဆိုပြုလွှာများအား တင်ဒါကော်မတီက ပဏာမ အရည်အသွေးပြည့်မီသည့် ကုမ္ပဏီများကို လုပ်ငန်းတင်ဒါအဆိုပြုလွှာများဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းသိရသည်။

အောက်တိုဘာ ၂၈ ရက်တွင် အိတ်ပိတ်တင်ဒါများကို ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်း တာဝန်ခံ အဖွဲ့ရုံးသို့ ကိုယ်တိုင်လာရောက် ပေးပို့ရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက်နောက်ကျပါက ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း တင်ဒါကော်မတီက အသိပေးထုတ်ပြန်ထားသည်။

လက်ရှိရေဖြန့်ဖြူးပေးနေမှုတွင် ဝန်ထမ်းမလုံလောက်မှုနှင့်ရေလေလွင့်ဆုံးရှုံးမှုများခြင်းကြောင့် ပုဂ္ဂလိက သို့လုပ်ကိုင်ခွင့်ပေးရန်စီစဉ်ခြင်းဖြစ်ပြီး လုပ်ကိုင်ခွင့်ပေးရာတွင်လည်း ယင်းတို့အနေနှင့် မြို့နယ်၊ရပ်ကွက်အလိုက် စမ်းသပ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောထားသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service