လယ္ေျမကို ဂရန္ေျမေလွ်ာက္ထားျခင္း - Property Knowledge in Myanmar from iMyanmarHouse.com
10676 Views

လယ္ေျမကို ဂရန္ေျမေလွ်ာက္ထားျခင္း

Knowledge | Posted by Si Thu Aung

### Zawgyi Version ###

လယ္ေျမကို ဂရန္ေျမအျဖစ္ေလွ်ာက္လို႔ရပါတယ္။ တိုက္႐ိုက္ေတာ့ ေလွ်ာက္ထားလို႔မရပါဘူး။ ေရွးဦးစြာ လယ္ေျမကို လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ပံုစံ (၇)ေလွ်ာက္ထားရန္အတြက္ ေျမပံု/ေျမရာဇ၀င္လို႔ေခၚသည့္ ေျမစာရင္းပံုစံ ၁၀၅/၁၀၆ ေလွ်ာက္ထားရပါမည္။ ေျမစာရင္းပံုစံ-၁၀၅/၁၀၆ ရရွိၿပီးပါက လယ္ယာေျမလုပ္ကိုင္ ခြင့္လက္မွတ္ ပံုစံ (၇) ေလွ်ာက္ထားလို႔ရပါၿပီ ပံုစံ (၇) စိစစ္ရာတြင္ အမွန္တကယ္လယ္ယာလုပ္ကိုင္ျခင္း ရွိ/မရွိကို စိစစ္ပါတယ္။ လယ္ယာလုပ္ကိုင္သည္ဆိုလွ်င္ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြံေရးႏွင့္စာရင္းအင္းဦးစီးဌာနမွ လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ပံုစံ (၇) ထုတ္ေပးပါသည္။ လယ္ယာေျမလုပ္ကိုင္ခြင့္လက္မွတ္ ပံုစံ (၇) ရရွိၿပီးပါက လယ္ယာေျမလုပ္ကိုင္ခြင့္ကို ေရာင္းခ်ျခင္း၊ လႊဲေျပာင္းျခင္း၊ ေပးကမ္းျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း မ်ားကို တရား၀င္ ေဆာင္ရြက္လို႔ ရသြားပါတယ္။

ထိုမွတဆင့္ လယ္ယာေျမအား အျခားနည္းအသံုးျပဳခြင့္ လ/ယ ၃၀ ကို ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲ ေရးႏွင့္စာရင္းအင္းဦးစီးဌာနတြင္ ေလွ်ာက္ထားရမွာျဖစ္ပါသည္။ အျခားနည္းအသံုးျပဳခြင့္ေလွ်ာက္ထားရာတြင္ သံုးစြဲလိုသည့္အေၾကာင္းအရင္းကို ေဖာ္ျပေလွ်ာက္ထားရမွာျဖစ္ပါတယ္။ ေလွ်ာက္ထားျခင္းအမႈတြဲအား ခ႐ိုင္ လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕ႏွင့္ ေနျပည္ေတာ္၊ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္လယ္ယာေျမစီမံခန္႔ခြဲေရး အဖြဲ႕သို႔ အဆင့္ဆင္တင္ျပၿပီးေနာက္ ဗဟိုလယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕သို႔ ဆက္လက္တင္ျပၿပီးေနာက္ လယ္ေျမတြင္ အျခားနည္းသံုးစြဲခြင့္ႏွင့္စပ္လ်ဥ္း၍ ခြင့္ျပဳပါက အသံုးျပဳရန္ခြင့္ျပဳမိန္႔ပံုစံ (၁၅)ထုတ္ေပးပါသည္။ လယ္ေျမအား အျခားနည္းသံုးစြဲခြင့္ လ/ယ ၃၀ ရရွိၿပီးပါက ခြင့္ျပဳသည့္နည္းလမ္းအတိုင္း (၆) လအတြင္း အသံုးျပဳရမွာျဖစ္ပါတယ္။

လ/ယ ပုဒ္မ-၃၁ အရ ခြင့္ျပဳခ်က္ရရွိသည့္ေန႔မွ (၆) လအတြင္း စတင္အသံုးမျပဳလွ်င္ ေသာ္လည္း၊ သတ္မွတ္ကာလအတြင္း လုပ္ငန္းမၿပီးလွ်င္ေသာ္လည္းေကာင္း ဗဟိုလယ္ယာေျမစီမံခန္႔ခြဲေရး အဖြဲ႕သည္ ယင္းလယ္ယာေျမကို ျပန္လည္သိမ္းယူႏိုင္တယ္ျပဌာန္းထားတာပါတယ္။ ဌာနမွ စိစစ္လို႔ေတြ႕ရွိ တယ္ဆိုလွ်င္ လ/ယ ၃၀ ခြင့္ျပဳမိန္႔ ပယ္ဖ်က္ၿပီး စည္းကမ္းပ်က္ေျမကို သိမ္းယူသည္အထိ အေရးယူႏိုင္ပါတယ္ သတိျပဳဖို႔လိုပါတယ္။

ထိုသို႔ အသံုးျပဳၿပီးေနာက္ ဂရန္ေလွ်ာက္ထားရန္အတြက္ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနတြင္ ေျမစာရင္းပံုစံ-၁၀၅/၁၀၆ ေလွ်ာက္ထားရပါမည္။ ပံုစံ-၁၀၅/၁၀၆ ရရွိၿပီးပါက သက္ဆိုင္ရာခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ ဂရန္ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ ေလွ်ာက္ထားသည့္ ေျမဧရိယာသည္ (၁) ဧကအထိျဖစ္ပါက ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ဆံုးျဖတ္ခ်က္ျဖင့္ သတ္မွတ္ ေျမခြန္ေပးသြင္းေစၿပီး ဂရန္ထုတ္ေပးႏိုင္ၿပီး (၁)ဧကအထက္ (၅) ဧကအထိျဖစ္ပါက ေနျပည္ေတာ္၊ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕၏ ဆံုးျဖတ္ခ်က္ျဖင့္ ခ႐ိုင္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သတ္မွတ္ေျမခြန္ေပးသြင္းေစၿပီး ဂရန္ထုတ္ေပးပါသည္။ (၅) ဧကအထက္ျဖစ္ပါက အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန (ရံုးခ်ဳပ္) ၏မွ ၀န္ႀကီးဌာနသို႔ သေဘာထားမွတ္ခ်က္ေတာင္းခံ၍ ၀န္ႀကီးဌာန ခြင့္ျပဳမိန္႔ျဖင့္ ေနျပည္ေတာ္၊ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္လယ္ယာေျမစီမံခန္႔ခြဲေရးအဖြဲ႕မွ သတ္မွတ္ ေျမခြန္ေပးသြင္းေစၿပီး ဂရန္ထုတ္ေပးပါေၾကာင္းသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔

 

### Unicode Version ###

လယ်မြေကို ဂရန်မြေအဖြစ်လျှောက်လို့ရပါတယ်။ တိုက်ရိုက်တော့ လျှောက်ထားလို့မရပါဘူး။ ရှေးဦးစွာ လယ်မြေကို လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ (၇)လျှောက်ထားရန်အတွက် မြေပုံ/မြေရာဇဝင်လို့ခေါ်သည့် မြေစာရင်းပုံစံ ၁၀၅/၁၀၆ လျှောက်ထားရပါမည်။ မြေစာရင်းပုံစံ-၁၀၅/၁၀၆ ရရှိပြီးပါက လယ်ယာမြေလုပ်ကိုင် ခွင့်လက်မှတ် ပုံစံ (၇) လျှောက်ထားလို့ရပါပြီ ပုံစံ (၇) စိစစ်ရာတွင် အမှန်တကယ်လယ်ယာလုပ်ကိုင်ခြင်း ရှိ/မရှိကို စိစစ်ပါတယ်။ လယ်ယာလုပ်ကိုင်သည်ဆိုလျှင် မြို့နယ်လယ်ယာမြေစီမံခန့်ခွံရေးနှင့်စာရင်းအင်းဦးစီးဌာနမှ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ (၇) ထုတ်ပေးပါသည်။ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ (၇) ရရှိပြီးပါက လယ်ယာမြေလုပ်ကိုင်ခွင့်ကို ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း များကို တရားဝင် ဆောင်ရွက်လို့ ရသွားပါတယ်။

ထိုမှတဆင့် လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် လ/ယ ၃၀ ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနတွင် လျှောက်ထားရမှာဖြစ်ပါသည်။ အခြားနည်းအသုံးပြုခွင့်လျှောက်ထားရာတွင် သုံးစွဲလိုသည့်အကြောင်းအရင်းကို ဖော်ပြလျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားခြင်းအမှုတွဲအား ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့နှင့် နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့သို့ အဆင့်ဆင်တင်ပြပြီးနောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့ ဆက်လက်တင်ပြပြီးနောက် လယ်မြေတွင် အခြားနည်းသုံးစွဲခွင့်နှင့်စပ်လျဉ်း၍ ခွင့်ပြုပါက အသုံးပြုရန်ခွင့်ပြုမိန့်ပုံစံ (၁၅)ထုတ်ပေးပါသည်။

လယ်မြေအား အခြားနည်းသုံးစွဲခွင့် လ/ယ ၃၀ ရရှိပြီးပါက ခွင့်ပြုသည့်နည်းလမ်းအတိုင်း (၆) လအတွင်း အသုံးပြု ရမှာဖြစ်ပါတယ်။ လ/ယ ပုဒ်မ-၃၁ အရ ခွင့်ပြုချက်ရရှိသည့်နေ့မှ (၆) လအတွင်း စတင်အသုံးမပြုလျှင် သော်လည်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းမပြီးလျှင်သော်လည်းကောင်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့သည် ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်တယ်ပြဌာန်းထားတာပါတယ်။ ဌာနမှ စိစစ်လို့တွေ့ရှိ တယ်ဆိုလျှင် လ/ယ ၃၀ ခွင့်ပြုမိန့် ပယ်ဖျက်ပြီး စည်းကမ်းပျက်မြေကို သိမ်းယူသည်အထိ အရေးယူနိုင်ပါတယ် သတိပြုဖို့လိုပါတယ်။

ထိုသို့ အသုံးပြုပြီးနောက် ဂရန်လျှောက်ထားရန်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေစာရင်းပုံစံ-၁၀၅/၁၀၆ လျှောက်ထားရပါမည်။ ပုံစံ-၁၀၅/၁၀၆ ရရှိပြီးပါက သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဂရန်လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားသည့် မြေဧရိယာသည် (၁) ဧကအထိဖြစ်ပါက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ် မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးနိုင်ပြီး (၁)ဧကအထက် (၅) ဧကအထိဖြစ်ပါက နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သတ်မှတ်မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးပါသည်။ (၅) ဧကအထက်ဖြစ်ပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ၏မှ ဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံ၍ ဝန်ကြီးဌာန ခွင့်ပြုမိန့်ဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ သတ်မှတ် မြေခွန်ပေးသွင်းစေပြီး ဂရန်ထုတ်ပေးပါကြောင်းသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service