အစိုးရကထောက်ခံချက်ပေးသည့်ပုံစံဖြင့် SME လုပ်ငန်း ၁၀၀ ကျော်ကို ချေးငွေရရှိစေရန်ပြင်ဆင်ဆောင်ရွက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
858 Views

အစိုးရကထောက်ခံချက်ပေးသည့်ပုံစံဖြင့် SME လုပ်ငန်း ၁၀၀ ကျော်ကို ချေးငွေရရှိစေရန်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

 ### Zawgyi Version ###









Credit: iMyanmarHouse.com ### Unicode Version ###

ဩဂုတ် ၂၈ ရက်က ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် အငယ်စား၊အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းပေါင်း ၁၀၀ ကျော်ကိုအစိုးရထောက်ခံချက်ပေးသည့် ပုံစံဖြင့် ချေးငွေရရှိရန်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပြောခဲ့သည်။

“ ပထမအဆင့် အနေနဲ့ SME လုပ်ငန်း ၁၀၀ ကိုစုပြီး ဒီအထဲက ချေးငွေမရသေးသူတွေကို ဝန်ကြီးက ထောက်ခံပေးပြီး ချေးငွေရအောင်လုပ်ပေးပါတယ်။နောက်ထပ် ၁၀၀ ကိုလည်း ချေးငွေထပ်ပေးနိုင်အောင် ပြင်ဆင်ပါမယ်” ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။ ချေးငွေပေးရာတွင် အပေါင်ခံပစ္စည်းပေးရသည့် ချေးငွေနှင့် အပေါင်ခံပစ္စည်းပေးစရာမလိုသည့် ချေးငွေ အဖြစ် နှစ်မျိုးခွဲပေးသွားမှာဖြစ်ကြောင်းသိရသည်။ အပေါင်ခံပစ္စည်းမပါသည့်ချေးငွေအား လုပ်ငန်းအခြေအနေပေါ်မူတည်ပြီး ကျပ်သိန်း ၂၀၀ မှ သိန်း ၅၀၀ အထိသာချေးငွေရရှိပြီး အပေါင်ခံမပေးနိုင်ခြင်းကြောင့် ဘဏ်တိုးအပြင် အာမခံအတွက် သုံးရာခိုင်နှုန်းပါ ထပ်မံ ပေးရမည်ဖြစ်ကြောင်း၊အပေါင်းခံပစ္စည်းပေးပါက ၎င်းတန်ဖိုးအပေါ်မူတည်ပြီး ကျပ်သိန်း ၂၀၀၀ မှ ၃၀၀၀ ခန့် အထိ အများဆုံးထုတ်ချေးကြောင်းသိရသည်။ ချေးငွေပေးရန်ရွေးချယ်ထားသည့် SME လုပ်ငန်းများတွင် အလားအလာရှိသည့် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း၊လက်မှုလုပ်ငန်း၊ပန်းပုနှင့်ယွန်းထည်လုပ်ငန်း၊ငါးမွေးမြူရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေကို ဦးစားပေးအနေနှင့်ရွေးချယ်ထားကြောင်းသိရသည်။

ချေးငွေယူမယ့် MSME လုပ်ငန်းများမှာ ကုန်ကျစရိတ်နှင့်လုပ်ငန်းအစီအစဉ်များကို တင်ပြရမှာဖြစ်ပြီး ချေးငွေအပေါ်ပြန်ဆပ်နိုင်မည့် အခြေအနေနှင့်လုပ်ငန်းအောင်မြင်နိုင်မှုအခြေအနေပေါ်မှာ မူတည်ပြီး သက်ဆိုင် ရာဘဏ်များက ချေးငွေထုတ်ချေးပေးမှာဖြစ်သည်။

မှတ်ပုံတင်ထားသည့် SME လုပ်ငန်းပေါင်း တစ်နိုင်ငံလုံးတွင် ၆၀၃၀၀ ကျော်ရှိပြီး စက်မှုလုပ်ငန်း ၄၇၀၀၀ ကျော်ရှိကြောင်းသိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service