စည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ၀င္ေငြမ်ားအေပၚ အခြန္ႏႈန္းထားေလွ်ာ့ခ်ရာတြင္ အမ်ိဳးအစားေလးမ်ိဳး ခြဲျခားသတ္မွတ္ထားျခင္းကို ငါးမ်ိဳးျပင္ဆင္သတ္မွတ္သင့္ေၾကာင္း ေကာ္မတီတိုက္တြန္း - Property News in Myanmar from iMyanmarHouse.com
981 Views

စည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ၀င္ေငြမ်ားအေပၚ အခြန္ႏႈန္းထားေလွ်ာ့ခ်ရာတြင္ အမ်ိဳးအစားေလးမ်ိဳး ခြဲျခားသတ္မွတ္ထားျခင္းကို ငါးမ်ိဳးျပင္ဆင္သတ္မွတ္သင့္ေၾကာင္း ေကာ္မတီတိုက္တြန္း

### Zawgyi Version ###

စည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ၀င္ေငြမ်ားအေပၚ အခြန္ႏႈန္းထားေလွ်ာ့ခ်ရာတြင္ အမ်ိဳးအစားေလးမ်ိဳး ခြဲျခားသတ္မွတ္ထားျခင္းကို ငါးမ်ိဳးျပင္ဆင္သတ္မွတ္သင့္ေၾကာင္း ဥပေဒၾကမ္းပူးေပါင္းေကာ္မတီကတိုက္တြန္းထားသည္။

စည္းၾကပ္မႈမွ လြတ္ကင္းေနသည့္ ၀င္ေငြမ်ားအေပၚ က်ပ္သိန္းတစ္ေထာင္အထိ ၃ ရာခိုင္ႏႈန္း၊က်ပ္သိန္း တစ္ေထာင္အထက္မွ က်ပ္သိန္း သံုးေထာင္အထိ ၅ ရာခိုင္ႏႈန္း၊က်ပ္သိန္း သံုးေထာင္အထက္မွက်ပ္သိန္း သံုး ေသာင္း အထိ ၁၀ ရာခိုင္ႏႈန္းႏွင့္ က်ပ္သိန္း သံုးေသာင္းႏွင့္အထက္ျဖစ္ပါက ၃၀ ရာခိုင္ႏႈန္း ၀င္ေငြခြန္ေကာက္ခံ ရန္ျဖစ္ အစိုးရအဖြဲ႔က အဆိုျပဳခဲ့သည္။

အဆိုပါ အဆိုျပဳခ်က္ကို ဥပေဒၾကမ္းပူးေပါင္းေကာ္မတီမွ က်ပ္သိန္း သံုးေထာင္အထက္မွ က်ပ္သိန္း တစ္ေသာင္းအထိ ၁၀ ရာခိုင္ႏႈန္း၊ က်ပ္သိန္း တစ္ေသာင္းအထက္မွ က်ပ္သိန္း သံုးေသာင္းအထိ ျဖစ္ပါက ၁၅ ရာခိုင္ႏႈန္း ေကာက္ခံရန္ႏွင့္က်န္အဆင့္မ်ားကို အဆိုျပဳခ်က္အတိုင္းထားရွိရန္တိုက္တြန္းထားသည္။

အဆိုပါ ၀င္ေငြခြန္ႏႈန္းထားမ်ား ေလွ်ာ့ခ်ေပးမည့္ အစီအစဥ္သည္ ႏိုင္ငံစီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျဖစ္ေစျခင္း၊ စည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ၀င္ေငြမ်ားကို ဥပေဒႏွင့္အညီတိက်စြာ အခြန္ထမ္းေဆာင္ႏိုင္ရန္ အခြင့္အလမ္းေဖာ္ထုတ္ေပးျခင္းစသည့္ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္ေၾကာင္း၊ယခု အခြန္ေလွ်ာ့ခ်ျခင္းသည္ ယခင္ႏွစ္သက္သာခြင့္ေပးသည့္ ပံုစံႏွင့္မတူဘဲ အေျခပစၥည္း တစ္ရပ္ရပ္၀ယ္ယူျခင္း၊ တည္ေဆာက္ျခင္း၊ ရယူျခင္း၊ လုပ္ငန္း အသစ္တည္ေထာင္ျခင္း၊ ထပ္မံတိုးခ်ဲ႕ျခင္း စသည့္အမ်ိဳးအစား ႏွစ္ခုအတြက္သာ ခံစားခြင့္ေပးျခင္းျဖစ္ေၾကာင္း ပူးေပါင္းေကာ္မတီတြဲဖက္အတြင္းေရးမွဴး ေဒါက္တာျမတ္ဉာဏစိုးက ေျပာသည္။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ဥပေဒၾကမ္းပူးေပါင္းေကာ္မတီ၏ အစီရင္ခံစာအေပၚထပ္မံေဆြးေႏြးၾကရဦးမည္ ျဖစ္သည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအပေါ် အခွန်နှုန်းထားလျှော့ချရာတွင် အမျိုးအစားလေးမျိုး ခွဲခြားသတ်မှတ်ထားခြင်းကို ငါးမျိုးပြင်ဆင်သတ်မှတ်သင့်ကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီကတိုက်တွန်းထားသည်။

စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေများအပေါ် ကျပ်သိန်းတစ်ထောင်အထိ ၃ ရာခိုင်နှုန်း၊ကျပ်သိန်း တစ်ထောင်အထက်မှ ကျပ်သိန်း သုံးထောင်အထိ ၅ ရာခိုင်နှုန်း၊ကျပ်သိန်း သုံးထောင်အထက်မှကျပ်သိန်း သုံး သောင်း အထိ ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း သုံးသောင်းနှင့်အထက်ဖြစ်ပါက ၃၀ ရာခိုင်နှုန်း ဝင်ငွေခွန်ကောက်ခံ ရန်ဖြစ် အစိုးရအဖွဲ့က အဆိုပြုခဲ့သည်။

အဆိုပါ အဆိုပြုချက်ကို ဥပဒေကြမ်းပူးပေါင်းကော်မတီမှ ကျပ်သိန်း သုံးထောင်အထက်မှ ကျပ်သိန်း တစ်သောင်းအထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်သောင်းအထက်မှ ကျပ်သိန်း သုံးသောင်းအထိ ဖြစ်ပါက ၁၅ ရာခိုင်နှုန်း ကောက်ခံရန်နှင့်ကျန်အဆင့်များကို အဆိုပြုချက်အတိုင်းထားရှိရန်တိုက်တွန်းထားသည်။

အဆိုပါ ဝင်ငွေခွန်နှုန်းထားများ လျှော့ချပေးမည့် အစီအစဉ်သည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေခြင်း၊ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများကို ဥပဒေနှင့်အညီတိကျစွာ အခွန်ထမ်းဆောင်နိုင်ရန် အခွင့်အလမ်းဖော်ထုတ်ပေးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ယခု အခွန်လျှော့ချခြင်းသည် ယခင်နှစ်သက်သာခွင့်ပေးသည့် ပုံစံနှင့်မတူဘဲ အခြေပစ္စည်း တစ်ရပ်ရပ်ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ လုပ်ငန်း အသစ်တည်ထောင်ခြင်း၊ ထပ်မံတိုးချဲ့ခြင်း စသည့်အမျိုးအစား နှစ်ခုအတွက်သာ ခံစားခွင့်ပေးခြင်းဖြစ်ကြောင်း ပူးပေါင်းကော်မတီတွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ်ထပ်မံဆွေးနွေးကြရဦးမည် ဖြစ်သည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service