၂၀၁၈ -၂၀၁၉ ဘ႑ာႏွစ္ ၾသဂုတ္လအထိ ကုန္သြယ္မႈပမာဏတြင္ ပုဂၢလိက က႑မွ အမ်ားဆုံးေဆာင္ရြက္နိုင္ခဲ့ - Property News in Myanmar from iMyanmarHouse.com
462 Views

၂၀၁၈ -၂၀၁၉ ဘ႑ာႏွစ္ ၾသဂုတ္လအထိ ကုန္သြယ္မႈပမာဏတြင္ ပုဂၢလိက က႑မွ အမ်ားဆုံးေဆာင္ရြက္နိုင္ခဲ့

### Zawgyi Version ###

ဒုတိယသမၼတဦးျမင့္ေဆြက ၂၀၁၈ -၂၀၁၉ ဘ႑ာႏွစ္ ၾသဂုတ္လအထိ ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ ဘီလီယံ ၃၀ ေက်ာ္အထိရွိခဲ့ၿပီး ပုဂၢလိကက႑မွ အမ်ားဆုံးေဆာင္ရြက္နိုင္ခဲ့ေၾကာင္း ၾသဂုတ္၂၄ ရက္က ရန္ကုန္ၿမိဳ႕ကုန္သည္/စက္မႈအသင္းခ်ဳပ္၌ျပဳလုပ္ခဲ့သည့္ သက္ဆိုင္ရာျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ ျမန္မာစီးပြားေရးလုပ္ငန္းရွင္မ်ား (၂၉) ႀကိမ္ေျမာက္ ပုံမွန္ေတြ႕ဆုံေဆြးေႏြးပြဲ၌ ေျပာၾကားခဲ့သည္။

ဒုတိယသမၼတက ပုဂၢလိက က႑ဖြံ႔ၿဖိဳးတိုးတက္ေရး မူေဘာင္ပါကိစၥရပ္မ်ားကို ပိုမိုထိေရာက္စြာ အ ေကာင္အထည္ေဖာ္ေဆာင္ရြက္ႏိုင္ေစရန္အတြက္ " ပုဂၢလိကက႑ဖြံ႔ၿဖိဳးတိုးတတ္ေရးေကာ္မတီ”ကို ႏိုင္ငံေတာ္ သမၼတရုံးမွ ၂၀၁၆ ခုႏွစ္ေအာက္တိုဘာ ၂၄ ရက္တြင္ အဖြဲ႔ဝင္ ၂၀ ျဖင့္ စတင္ဖြဲ႔စည္းခဲ့ရာ သက္တမ္းသုံးႏွစ္နီးပါး ရွိၿပီျဖစ္ေၾကာင္း ၊စီးပြားေရးလုပ္ငန္းရွင္မ်ား၏ အခက္အခဲမ်ားကို ၂၀၁၆ ဒီဇင္ဘာလမွစတင္ၿပီးေျဖရွင္းေပးလ်က္ ရွိရာ (၂၈) ႀကိမ္ေျမာက္ ေတြ႔ဆုံေဆြးေႏြးပြဲအထိ စီးပြားေရးလုပ္ငန္းရွင္မ်ား၏ အခက္အခဲ အႀကံျပဳတင္ျပခ်က္ေပါင္း ၃၅၃ ခ်က္ကို ျမန္မာနိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္မွတစ္ဆင့္ သက္ဆိုင္ရာ စီးပြားေရးလုပ္ငန္းရွင္မ်ားထံ အေၾကာင္းျပန္ၾကားေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ျပန္ၾကားခ်က္မ်ားတြင္ လုံးဝၿပီး ျပတ္ေအာင္ ေဆာင္ရြက္ေပးနိုင္ခဲ့သည္မ်ား ရွိသကဲ့သို႔ တခ်ိဳ႕အခ်က္မ်ားသည္ ေရရွည္ေဆာင္ရြက္ေပးရမည့္ လုပ္ငန္းမ်ားျဖစ္ေၾကာင္း ေျပာထားသည္။

တခ်ိဳ႕ဆက္လက္ေျဖရွင္းေဆာင္ရြက္ေပးရမည့္လုပ္ငန္းမ်ားကိုလည္း လုပ္ငန္းေကာ္မတီ (၅)ရပ္က တာဝန္ရွိသူမ်ားအေနျဖင့္ သက္ဆိုင္သည့္ ဝန္ႀကီးဌာနမ်ားႏွင့္ ပုဂၢလိကစီးပြားေရးလုပ္ငန္းရွင္မ်ားေတြ႔ဆုံ၍ ေဆြးေႏြး ပြဲ (Public Private Dialogue) မ်ားျပဳလုပ္၍ ၿပီးျပတ္သည္အထိ အဆင့္ဆင့္ေျဖရွင္းေဆာင္ရြက္ေပးလ်က္ရွိ ေၾကာင္းေျပာထားသည္။

နိုင္ငံေတာ္၏ စီးပြားေရးဖြံ႔ၿဖိဳးတိုးတက္ေအာင္ ေဆာင္ရြက္သည့္ေနရာတြင္ ကုန္သြယ္ေရးက႑သည္ အေရးႀကီးသည့္ အခန္းက႑၌တည္ရွိၿပီး ႏွစ္စဥ္ကုန္သြယ္မႈပမာဏတိုးတက္ေအာင္ အစိုးရႏွင့္ပုဂၢလိက က႑မ်ား ကတက္ညီလက္ညီ ပူးေပါင္းေဆာင္ရြက္ေနသည့္အတြက္ ၂၀၁၈ -၂၀၁၉ ဘ႑ာႏွစ္ (ၾသဂုတ္ ၉ ရက္အထိ) ကိန္းဂဏန္းမ်ားအရ ကုန္သြယ္မႈပမာဏသည္ အေမရိကန္ေဒၚလာ (၃၀ ဒသမ ဝ၃၈ ) ဘီလီယံ ရွိခဲ့ၿပီး ၎ကုန္သြယ္မႈ ပမာဏတြင္ ပုဂၢလိက က႑က ေဆာင္ရြက္နိုင္မႈသည္ အေမရိကန္ ေဒၚလာ (၂၅ ဒသမ ၁၉၆ )ဘီလီယံ ပါဝင္သည့္ အတြက္ ၈၄ ရာခိုင္ႏႈန္း အထိေဆာင္ရြက္နိုင္သည္ကိုေတြ႕ရေၾကာင္း ဒုတိယသမၼတကေျပာထားသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

ဒုတိယသမ္မတဦးမြင့်ဆွေက ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ်လအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်အထိရှိခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှ အများဆုံးဆောင်ရွက်နိုင်ခဲ့ကြောင်း သြဂုတ်၂၄ ရက်က ရန်ကုန်မြို့ကုန်သည်/စက်မှုအသင်းချုပ်၌ပြုလုပ်ခဲ့သည့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာစီးပွား ရေးလုပ်ငန်းရှင် များ (၂၉) ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

ဒုတိယသမ္မတက ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ပါကိစ္စရပ်များကို ပိုမိုထိရောက်စွာ အ ကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက် " ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတတ်ရေးကော်မတီ”ကို နိုင်ငံတော် သမ္မတရုံးမှ ၂၀၁၆ ခုနှစ်အောက်တိုဘာ ၂၄ ရက်တွင် အဖွဲ့ဝင် ၂၀ ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ သက်တမ်းသုံးနှစ်နီးပါး ရှိပြီဖြစ်ကြောင်း ၊စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို ၂၀၁၆ ဒီဇင်ဘာလမှစတင်ပြီးဖြေရှင်းပေးလျက် ရှိရာ (၂၈) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲ အကြံပြုတင်ပြချက်ပေါင်း ၃၅၃ ချက်ကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံ အကြောင်းပြန်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ပြန်ကြားချက်များတွင် လုံးဝပြီး ပြတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်များ ရှိသကဲ့သို့ တချို့အချက်များသည် ရေရှည်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ကြောင်း ပြောထားသည်။

တချို့ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးရမည့်လုပ်ငန်းများကိုလည်း လုပ်ငန်းကော်မတီ (၅)ရပ်က တာ ဝန်ရှိသူများအနေဖြင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ၍ ဆွေးနွေး ပွဲ (Public Private Dialogue) များပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်းပြောထားသည်။

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ကုန်သွယ်ရေးကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍ၌တည်ရှိပြီး နှစ်စဉ်ကုန်သွယ်မှုပမာဏတိုးတက်အောင် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍများ ကတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နေသည့်အတွက် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် (သြဂုတ် ၉ ရက်အထိ) ကိန်းဂဏန်းများအရ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၃၀ ဒသမ ဝ၃၈ ) ဘီလီယံ ရှိခဲ့ပြီး ၎င်းကုန်သွယ်မှု ပမာဏတွင် ပုဂ္ဂလိက ကဏ္ဍက ဆောင်ရွက်နိုင်မှုသည် အမေရိကန် ဒေါ်လာ (၂၅ ဒသမ ၁၉၆ )ဘီလီယံ ပါဝင်သည့် အတွက် ၈၄ ရာခိုင်နှုန်း အထိဆောင်ရွက်နိုင်သည်ကိုတွေ့ရကြောင်း ဒုတိယသမ္မတကပြောထားသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service