ေခတ္မီစနစ္က်ေသာ ၿမိဳ႕ျပအိမ္ရာလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္နိုင္ရန္ ပဲခူးျမစ္ကူးတံတား (ၿမိဳ႕ဦးကင္း)ကို ေဖေဖာ္ဝါရီလကတည္းက တည္ေဆာက္မႈစတင္ခဲ့ - Property News in Myanmar from iMyanmarHouse.com
865 Views

ေခတ္မီစနစ္က်ေသာ ၿမိဳ႕ျပအိမ္ရာလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္နိုင္ရန္ ပဲခူးျမစ္ကူးတံတား (ၿမိဳ႕ဦးကင္း)ကို ေဖေဖာ္ဝါရီလကတည္းက တည္ေဆာက္မႈစတင္ခဲ့

### Zawgyi Version ###

ပဲခူးၿမိဳ႕နယ္ အတြင္းရွိ ျပည္သူမ်ား သြားလာေရး အဆင္ေျပလြယ္ကူေစရန္ႏွင့္ ေခတ္မီစနစ္က်ေသာ ၿမိဳ႕ျပအိမ္ရာႀကီးတစ္ခု အေကာင္အထည္ေဖာ္ေဆာင္ရြက္နိုင္ရန္အတြက္ ပဲခူးျမစ္ကူးတံတား(ၿမိဳ႕ဦးကင္း) တည္ေဆာက္ေရးစီမံကိန္းကို ေဖေဖာ္ဝါရီလကတည္းက အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သိရသည္။

တံတားဦးစီးဌာန၊ တည္ေဆာက္ေရးအဖြဲ႕ (၃)၊ တံတားအထူးအဖြဲ႕ (၉) က တာဝန္ယူၿပီး ပဲခူးၿမိဳ႕ စိန္သာေလ်ာင္းဘုရားလမ္းႏွင့္ သမိန္ဗရမ္းလမ္းအား ဆက္သြယ္သည့္လမ္းေပၚရွိ ပဲခူးျမစ္ကိုျဖတ္သန္း၍ တည္ေဆာက္ေနေသာတံတားျဖစ္သည္။

ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႔က တံတားတည္ေဆာက္ရန္အတြက္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ခြင့္ျပဳရန္ပုံေငြ က်ပ္သန္းေပါင္း ၁၇၅၇ ဒသမ ၇၉ သန္းအကုန္အက်ခံ တည္ေဆာက္မည္ျဖစ္သည္။

တံတားစီမံကိန္းတာဝန္ခံျဖစ္သည့္ ဒုတိယ ညႊန္ၾကားေရးမႉး(ၿမိဳ႕ျပ) ဦးေက်ာ္မ်ိဳးက တံတားတည္ေဆာက္ေရးလုပ္ငန္းပိုင္း၌ တံတားအထူး အဖြဲ႕ (၉)မွ ကၽြမ္းက်င္အင္ဂ်င္နီယာ ရွစ္ဦးေက်ာ္ႏွင့္ ကာယဉာဏလုပ္သား ၈၀ ေက်ာ္ တို႔ျဖင့္ လုပ္ငန္းမ်ားေဆာင္ရြက္ေနေၾကာင္း ေျပာသည္။

အဆိုပါတံတားတြင္ လူသြားလမ္းအက်ယ္ တစ္ဖက္လၽွင္ ေျခာက္ေပစီ ႏွင့္ ယာဥ္သြားလမ္းအက်ယ္ ၂၈ ေပ စုစုေပါင္း တံတားအက်ယ္ေပ ၄၀ ရွိ၍ အရွည္ေပ ၅၁၈ ဒသမ ၄ ေပရွိၿပီး သံကူကြန္ကရစ္တံတားျဖစ္ေၾကာင္း၊ ခြင့္ျပဳယာဥ္အေလးခ်ိန္မွာ ယာဥ္တစ္စီးခ်င္း တန္ ၆၀ ျဖစ္ၿပီး တံတားေအာက္ ေရလမ္းကင္းလြတ္ အက်ယ္ ၃၉ မီ တာႏွင့္ တံတားေအာက္ ေရလမ္းကင္းလြတ္အျမင့္ သုံးမီတာရွိေၾကာင္း၊လက္ရွိ ၁ ဒသမ ၂ မီတာအခ်င္းရွိ သံကူ ကြန္ကရစ္ လြန္တူးပိုင္လုပ္ငန္းမ်ား၊ ပိုင္တိုင္ ထိပ္အုပ္ငါးခု၊ ကမ္းကပ္ခုံ ကိုယ္ထည္တစ္ခုႏွင့္ ေရလယ္တိုင္ တစ္ခုတို႔ ေဆာင္ရြက္ၿပီးစီးေနၿပီ ျဖစ္ေၾကာင္း သိရသည္။

ပဲခူးျမစ္ကူးတံတား (ၿမိဳ႕ဦးကင္း) တည္ေဆာက္ေရးစီမံကိန္းကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလမွ စတင္ေဆာင္ ရြက္ခဲ့ၿပီး ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ကုန္ပိုင္းတြင္ တံတားလုပ္ငန္းမ်ားအၿပီးသတ္ တည္ေဆာက္ရန္ လ်ာထား ေၾကာင္း ၊ တံတားတည္ေဆာက္ၿပီးစီးပါက ပဲခူး ၿမိဳ့တြင္း ယာဥ္ေၾကာပိတ္ဆို႔မႈ ေလ်ာ့နည္း သြားမည္ျဖစ္ၿပီး ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္းလာေစမည္ျဖစ္ကာ ကုန္စည္စီးဆင္းမႈမ်ား ပိုမိုျမန္ဆန္လာမည္ျဖစ္ေၾကာင္း သိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန်နှင့် ခေတ်မီစနစ်ကျသော မြို့ပြအိမ်ရာကြီးတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း) တည်ဆောက်ရေးစီမံကိန်းကို ဖေဖော်ဝါရီလကတည်းက အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၃)၊ တံတားအထူးအဖွဲ့ (၉) က တာဝန်ယူပြီး ပဲခူးမြို့ စိန်သာလျောင်းဘုရားလမ်းနှင့် သမိန်ဗရမ်းလမ်းအား ဆက်သွယ်သည့်လမ်းပေါ်ရှိ ပဲခူးမြစ်ကိုဖြတ်သန်း၍ တည်ဆောက်နေသောတံတားဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က တံတားတည်ဆောက်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၁၇၅၇ ဒသမ ၇၉ သန်းအကုန်အကျခံ တည်ဆောက်မည်ဖြစ်သည်။

တံတားစီမံကိန်းတာဝန်ခံဖြစ်သည့် ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးက တံတားတည်ဆောက်ရေးလုပ်ငန်းပိုင်း၌ တံတားအထူး အဖွဲ့ (၉)မှ ကျွမ်းကျင်အင်ဂျင်နီယာ ရှစ်ဦးကျော်နှင့် ကာယဉာဏလုပ်သား ၈၀ ကျော် တို့ဖြင့် လုပ်ငန်းများဆောင်ရွက်နေကြောင်း ပြောသည်။

အဆိုပါတံတားတွင် လူသွားလမ်းအကျယ် တစ်ဖက်လျှင် ခြောက်ပေစီ နှင့် ယာဉ်သွားလမ်းအကျယ် ၂၈ ပေ စုစုပေါင်း တံတား အကျယ်ပေ ၄၀ ရှိ၍ အရှည်ပေ ၅၁၈ ဒသမ ၄ ပေရှိပြီး သံကူကွန်ကရစ်တံတားဖြစ်ကြောင်း၊ ခွင့်ပြုယာဉ်အလေးချိန်မှာ ယာဉ်တစ်စီးချင်း တန် ၆၀ ဖြစ်ပြီး တံတားအောက် ရေလမ်းကင်းလွတ် အကျယ် ၃၉ မီ တာနှင့် တံတားအောက် ရေလမ်းကင်းလွတ်အမြင့် သုံးမီတာရှိကြောင်း၊လက်ရှိ ၁ ဒသမ ၂ မီတာအချင်းရှိ သံကူ ကွန်ကရစ် လွန်တူးပိုင်လုပ်ငန်းများ၊ ပိုင်တိုင် ထိပ်အုပ်ငါးခု၊ ကမ်းကပ်ခုံ ကိုယ်ထည်တစ်ခုနှင့် ရေလယ်တိုင် တစ်ခုတို့ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း) တည်ဆောက်ရေးစီမံကိန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ဆောင် ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်ပိုင်းတွင် တံတားလုပ်ငန်းများအပြီးသတ် တည်ဆောက်ရန် လျာထား ကြောင်း ၊ တံတားတည်ဆောက်ပြီးစီးပါက ပဲခူး မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့နည်း သွားမည်ဖြစ်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းလာစေမည်ဖြစ်ကာ ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service