Local Property News | Posted by Hnin Ei Khin
### Zawgyi Version ###
ဩဂုတ္ ၂၅ ရက္က စစ္ကိုင္းျမိဳ႕ ေရႊမင္းဝံရပ္ကြက္တြင္ ေရႊမင္းဝံ အဆင့္ျမင့္ႏွစ္ထပ္ေဈးသစ္ႀကီးကို တိုင္းေဒသ ႀကီးလႊတ္ေတာ္ဥကၠ႒ ဦးသန္းႏွင့္ တိုင္းေဒသႀကီး လံုၿခံဳေရးႏွင့္နယ္ စပ္ေရးရာဝန္ႀကီး၊စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး၊ စည္ပင္သာယာေရးဝန္ႀကီး၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာန၊စာရင္းစစ္ခ်ဳပ္ႏွင့္ စစ္ကိုင္းၿမိဳ႕နယ္ျပည္သူ႔ လႊတ္ေတာ္ႏွင့္အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေဈးအသစ္ႀကီးအား ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးၾကၿပီး တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္က ေဈးဆိုင္းဘုတ္အား စက္ခလုတ္ ႏွိပ္ဖြင့္လွစ္ေပးခဲ့သည္။
ေရႊမင္းဝံပ်ံက်ေဈးကို အဆင့္ျမွင့္တင္ၿပီး ႏွစ္ထပ္ေဈးႀကီးအျဖစ္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ယခင္က စစ္ကိုင္းၿမိဳ႕မေဈးသာရွိခဲ့ရာ ယခုအခါ ေရႊမင္းဝံေဈးႏွင့္ပါဆုိ ေဈးႏွစ္ေဈးျဖစ္လာမွာျဖစ္ေၾကာင္းသိရသည္။
ေရႊမင္းဝံႏွစ္ထပ္ေဈးသစ္ႀကီးမွာ အဂၤလိပ္အကၡရာ “U”ပုံသဏၭာန္ရွိၿပီး အေမ့နန္းေတာ္ ကုမၸဏီတို႔မွ ၂၀၁၈ ခု ဇြန္ ၉ ရက္ မွစတင္၍ ေျမ ၂ ဒသမ ၅၇ ဧက ေပၚ၌ အလ်ား ၂၇၃ ေပ၊ အနံ ၁၇၈ ေပ၊ အျမင့္ ၂၃ ေပအာစီ ႏွစ္ ထပ္ေဈးႀကီးျဖစ္ၿပီး အခန္းေပါင္း ၂၂၂ ခန္းပါဝင္ကာ ေငြက်ပ္သိန္း ၁၄၁၀ဝ အကုန္အက်ခံေဆာင္ရြက္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။
ေဈးသစ္ႀကီး၏ ေျမညီထပ္တြင္ အတြင္းလွည့္ဆိုင္ခန္း ၁၂၈ ခန္း၊ ပထမထပ္တြင္ ၁၀ ေပပတ္လည္ ၅၃ ခန္း၊ အတြင္းဘက္တြင္ အကာမဲ့ပ်ံက်ေဈး႐ံု ေလး႐ံု၌ အခန္းေပါင္း ၉၆ ခန္း၊ ပထမထပ္၌ လူ ၃၀ဝ ဆံ့ခန္းမတို႔ပါ ဝင္သည္။
ဆိုင္ခန္းေဈးႏႈန္းမ်ားအေနႏွင့္ က်ပ္သိန္း၂၀၀၊ က်ပ္သိန္း ၁၅၀၊ က်ပ္ ၇၅ သိန္းႏွင့္ အမိုးအကာမဲ့ ဆိုင္ခန္း တစ္ခန္းလွ်င္ က်ပ္ ၁၅ သိန္းျဖင့္ေရာင္းခ်ေပးေနေၾကာင္းသိရသည္။
လက္ရွိ ေဈးေရာင္းခ်ေနသူမ်ားကိုဦးစားေပး အရစ္က်စနစ္ျဖင့္ေရာင္းခ်ေပးေၾကာင္း သိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဩဂုတ် ၂၅ ရက်က စစ်ကိုင်မြို့ရွှေမင်းဝံရပ်ကွက်တွင် ရွှေမင်းဝံ အဆင့်မြင့်နှစ်ထပ်ဈေးသစ်ကြီးကို တိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊စာရင်းစစ်ချုပ်နှင့် စစ်ကိုင်းမြို့နယ်ပြည်သူ့ လွှတ်တော်နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ဈေးအသစ်ကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဈေးဆိုင်းဘုတ်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
ရွှေမင်းဝံပျံကျဈေးကို အဆင့်မြှင့်တင်ပြီး နှစ်ထပ်ဈေးကြီးအဖြစ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခင်က စစ်ကိုင်းမြို့မဈေးသာရှိခဲ့ရာ ယခုအခါ ရွှေမင်းဝံဈေးနှင့်ပါဆို ဈေးနှစ်ဈေးဖြစ်လာမှာဖြစ်ကြောင်းသိရသည်။
ရွှေမင်းဝံနှစ်ထပ်ဈေးသစ်ကြီးမှာ အင်္ဂလိပ်အက္ခရာ “U”ပုံသဏ္ဌာန်ရှိပြီး အမေ့နန်းတော် ကုမ္ပဏီတို့မှ ၂၀၁၈ ခု ဇွန် ၉ ရက် မှစတင်၍ မြေ ၂ ဒသမ ၅၇ ဧက ပေါ်၌ အလျား ၂၇၃ ပေ၊ အနံ ၁၇၈ ပေ၊ အမြင့် ၂၃ ပေအာစီ နှစ် ထပ်ဈေးကြီးဖြစ်ပြီး အခန်းပေါင်း ၂၂၂ ခန်းပါဝင်ကာ ငွေကျပ်သိန်း ၁၄၁၀ဝ အကုန်အကျခံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဈေးသစ်ကြီး၏ မြေညီထပ်တွင် အတွင်းလှည့်ဆိုင်ခန်း ၁၂၈ ခန်း၊ ပထမထပ်တွင် ၁၀ ပေပတ်လည် ၅၃ ခန်း၊ အတွင်းဘက်တွင် အကာမဲ့ပျံကျဈေးရုံ လေးရုံ၌ အခန်းပေါင်း ၉၆ ခန်း၊ ပထမထပ်၌ လူ ၃၀ဝ ဆံ့ခန်းမတို့ပါ ဝင်သည်။
ဆိုင်ခန်းဈေးနှုန်းများအနေနှင့် ကျပ်သိန်း၂၀၀၊ ကျပ်သိန်း ၁၅၀၊ ကျပ် ၇၅ သိန်းနှင့် အမိုးအကာမဲ့ ဆိုင်ခန်း တစ်ခန်းလျှင် ကျပ် ၁၅ သိန်းဖြင့်ရောင်းချပေးနေကြောင်းသိရသည်။လက်ရှိ ဈေးရောင်းချနေသူများကို ဦးစားပေး အရစ်ကျစနစ်ဖြင့်ရောင်းချပေးကြောင်း သိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com