အိမ္ျခံေျမ အေရာင္းအဝယ္လုပ္ၾကမယ္ဆိုရင္ အြန္လိုင္းစနစ္ကို နားလည္ေစခ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
2799 Views

အိမ္ျခံေျမ အေရာင္းအဝယ္လုပ္ၾကမယ္ဆိုရင္ အြန္လိုင္းစနစ္ကို နားလည္ေစခ်င္

Knowledge | Posted by Aye Myat Thu

### Zawgyi Version ###

အေျခခံဝင္ေငြသာရွိေသာ မိသားစုမ်ားအေနျဖင့္ အိမ္ျခံေျမအေရာင္းအဝယ္ျပဳလုပ္ျခင္းနွင့္ ခပ္စိမ္းစိမ္းသေဘာသာ ရွိေနမည္။

တစ္နွစ္ျပည့္ သို႕မဟုတ္ ေျခာက္လျပည့္မ်ားျဖင့္ ငွါးရမ္းျခင္းစာခ်ဳပ္မ်ားျဖင့္ သာအကၽြမ္းဝင္ေနသည္ဟု ဆိုရမည္။

အကယ္၍မ်ား စာဖတ္သူမ်ားအေနျဖင့္ အိမ္ျခံေျမဝယ္ယူေတာ့မည္ဆိုလွ်င္ အြန္လိုင္းစနစ္ျဖင့္ ျပဳလုပ္ရႏိုင္ေသာ အခ်က္မ်ားကို သိထားသင့္ေပသည္။ ထိုအတြက္ေၾကာင့္ ယခုေဆာင္းပါး ျဖစ္ေပၚလာသည္ဟု ဆိုရမည္။

သာမန္အရပ္သားတစ္ဦးအေနျဖင့္ ဂရန္အသစ္ေလွ်ာက္ထားျခင္း ၊ အိမ္ေဆာက္လုပ္ျခင္း ၊ အမည္ေျပာင္းျခင္းကိစၥမ်ားနွင့္ ပတ္သက္၍ ရန္ကုန္ျမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ျမိဳ႕ျပစီမံကိန္းနင့္ ေျမယာစီမံခန္႕ခြဲမႈဌာန ၊ အင္ဂ်င္နီယာ (အေဆာက္အအံု) (ယာ/အံု) ဌာနတို႕မွာ မည္သို႕ ေဆာင္ရြက္ေပးေနသည္၊ မည္သို႕ ဆက္သြယ္ေဆာင္ရြက္ရမည္ကို သိရွိသူ နည္းပါးပါသည္။

ယင္းသို႕ေသာကိစၥမ်ားကို စာဖတ္သူလည္း သိခ်င္ေနမည္ဟုထင္ျမင္ပါသည္။ ဂရန္ကိစၥနွင့္ အိမ္ေဆာက္ရန္ကိစၥမ်ားကို ရန္ကုန္ျမိဳ႕ေတာ္ခန္းမတြင္ သြားေရာက္လုပ္ကိုင္ရသည္ဟု သိေနၾကသည္။ သို႕ေသာ္ ယခုအခါ ေျမစီမံခန္႕ခြဲမႈဆိုင္ရာ ေလွ်ာက္ထားမႈမ်ားကို ျမိဳ႕ေတာ္ခန္းမသို႕ ကိုယ္တိုင္သြားေရာက္လုပ္ကိုင္စရာမလိုဘဲ အြန္လိုင္းစနစ္ျဖင့္လည္း ေလွ်ာက္ထား၍ ရေနျပီျဖစ္သည္။

ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးနယ္နိမိတ္ ၃၃ ျမိဳ႕နယ္ရွိသည့္အနက္ (၂၁) ျမိဳ႕နယ္တြင္ အြန္လိုင္းစနစ္ျဖင့္ ေလွ်ာက္ထားရယူႏိုင္ေၾကာင္းေလ့လာေတြ႕ရွိခ်က္ကို ေဖာ္ျပလိုက္ပါသည္။

ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အေနျဖင့္ စည္ပင္သာယာနယ္နိမိတ္အတြင္းျမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ ၊ ျမိဳ႕ျပစီမံကိန္းနွင့္ ေျမစီမံခန္႕ခြဲမႈဆိုင္ရာဥပေဒ၊ နည္းဥပေဒ ၊ လုပ္ထံုးလုပ္နည္းနွင့္အညီ စိစစ္ေဆာင္ရြက္ေပးေနသည္ဟုသိရသည္။

အထူးသျဖင့္ ဗဟိုခ်ဳပ္ကိုင္မႈစနစ္ကို ေလွ်ာ့ခ်ရန္လက္ေတြ႕ လုပ္ေဆာင္ေနေၾကာင္းသိရေသာ္လည္း လက္ရွိ အေနအထားအရ ထူးျခားသိသာေလာက္သည့္အထိ ျမန္ဆန္ေကာင္းမြန္သည္ကို မေတြ႕ရဘဲ ေနွးေကြးျမဲေနွးေကြးလ်က္ရွိသည္ကိုေတြ႕ရသည္။

ေျမစီမံခန္႕ခြဲမႈဆိုင္ရာ ေလွ်ာက္ထားမႈ (၉) မ်ိဳရွိ ဝဘ္ဆိုက္တြင္ ၾကည့္ႏိုင္

(၁) ေျမငွါးဂရန္စာခ်ဳပ္ေလွ်ာက္ထားျခင္း (၂) ေျမခ်ပါမစ္ နွင့္လိုင္စင္ခြင့္ျပဳခ်က္ထုတ္ေပးျခင္းမ်ား (၃) ေျမငွါးဂရန္သက္တမ္းတိုးေလွ်ာက္ထားျခင္းမ်ား(၄) ေျမပိုင္ဆိုင္မႈအမည္ေျပာင္းေလွ်ာက္ထားျခင္း ၊ (၅) ေျမငွါးစာခ်ဳပ္ဂရန္မိတၱဴေလွ်ာက္ထားျခင္း (၆) ေျမငွါးဂရန္ခြဲေလွ်ာက္ထားျခင္း (၇) ေျမပို္္င္ဆိုင္မႈ ေျမကြက္ခြဲေလွ်ာက္ထားျခင္း (၈) ေျမတိုင္းတာျခင္ ၊ (၉) သက္ေသခံေျမပံုကူး/ေျမရာဇဝင္ေလွ်ာက္ထားမႈ အမ်ိဳးအစားအလိုက္ သတ္မွတ္ထားရွိခ်က္မ်ားကို ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၏ အင္တာနက္ဝဘ္ဆိုက္တြင္ အမ်ားျပည္သူသိရွိေစရန္ ေဖာ္ျပထားသည္ ဟု သိိရပါသည္။ သို႕ေသာ္ ယင္းဝဘ္ဆိုက္ကိုယေန႕အထိ ဝင္ေရာက္ၾကည့္ရႈသူနည္းေနသည္ကိုေတြ႕ရသည္။

ေပးကာေပး၏ မရသည့္ပံုမမာ

ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီနယ္နိမိတ္အတြင္းရွိ ၃၃ ျမိဳ႔နယ္၏ ေျမစီမံခန္႕ခြဲမႈဆိုင္ရာ အမိ်ဴအစားအလိုက္ သတ္မွတ္ခ်က္မ်ားနွင့္အညီ ေျမစီမံခန္႕ခြဲမႈဆိုင္ရာ ၊ ေလွ်ာက္ထားမႈလုပ္ငန္းစဥ္မ်ားကို ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ၊ ျမိဳ႕ေတာ္ခန္းမ၏ ေျမညီထပ္ခန္းမတြင္ အပတ္စဥ္ တနလၤာ ၊ ဗုဒၶဟူး ၊ ေသာၾကာေန႕မ်ားတြင္ သတ္မွတ္ခ်ိန္အတြင္း One Stop Service အေနျဖင့္ ၂၀၁၃ -၂၀၁၄ ဘ႑ာနွစ္မွာ လက္ရွိအခ်ိန္အထိ ေဆာင္ရြက္ေပးေနပါသည္။ (သို႕ေသာ္လည္း ျပည္သူမ်ားအေနျဖင့္ ကိုယ္တိုင္လာေရာက္ေဆာင္ရြက္ၾကည့္သည့္အခါ ထင္သေလာက္မလြယ္ကူလွပဲ ဌာနမွ ေတာင္းခံသည့္စာရြက္စာတမ္းအျပည့္အစံုကို တစ္ျပိဳင္နက္တင္ျပႏိုင္ျခင္းမရွိသည့္အတြက္ စိတ္ဆင္းရဲစရာမ်ားနွင့္ ၾကံဳေနရဆဲျဖစ္သည္ဟုသိရသည္)

အြန္လိုင္းစနစ္ျဖင့္ ေလွ်ာက္ထားႏိုင္ေသာျမိဳ႕နယ္ (၁၆) ခု

ထို႕ျပင္ ၂.၁.၂၀၁၅ ရက္ေန႕မွစ၍ Online System ျဖင့္ မိမိေနအိမ္မွလည္းေကာင္း ၊ သက္ဆိုင္ရာျမိဳ႕နယ္ စည္ပင္သာယာအုပ္ခ်ဳပ္ေရးမွဴးမွ လည္းေကာင္း ေျမစီမံခန္႕ခြဲမႈဆိုင္ရာ ေလွ်ာက္ထားမႈကို ေဆာင္ရြက္ေပးေနသည္ဟု သိရပါသည္။ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာနယ္နိမိတ္အတြင္းရွိ ျမိဳ႕နယ္ ၃၃ ျမိဳ႕နယ္အနက္ Online System တြင္ပါဝင္ေနေသာ ျမိဳ႕နယ္မ်ားမွာ ေတာင္ဒဂံု ၊ ေျမာက္ဒဂံု ၊ အေရွ႕ဒဂံု ၊ ဒဂံု (ဆိပ္ကမ္း) ၊ ၾကည့္ျမင္တိုင္ ၊ သာေကတ၊ ဒလ ၊ ဆိပ္ၾကီးခေနာင္တို၊ မဂၤလာေတာင္ညြန္႕၊ တာေမြ ၊ ရန္ကင္း၊ အင္းစိန္ ၊ မဂၤလာဒံု ၊ ေရႊျပည္သာ ၊ လိႈင္သာယာနွင့္ မရမ္းကုန္းျမိဳ႕နယ္တို႕ျဖစ္ေၾကာင္းသိရသည္။

အြန္လိုင္းစနစ္တိုးခ်ဲ႕ေဆာင္ရြက္ေပးသည့္ျမိဳ႕နယ္ (၅) ခုရွိ

အလားတူ ၁.၉.၂၀၁၇ ရက္ကျမိဳ႕နယ္ ငါးခုကိုလည္း အြန္လိုင္းစနစ္ျဖင့္ တိုးခ်ဲ႔ေဆာင္ရြက္ေနသည္ဟု သိရသည္။ အဆိုပါျမိ႕နယ္မ်ားမွာသဃၤန္းကၽြန္းျမိဳ႕နယ္ ၊ ေတာင္ဥကၠလာပျမိဳ႕နယ္ ၊ ေျမာက္ဥကၠလာပျမိဳ႕နယ္ ၊ လိႈင္ျမိဳ႕နယ္ နွင့္ကမာရြတ္ျမိဳ႕နယ္တို႕ျဖစ္သည္။

အြန္လိုင္းစနစ္ထင္သေလာက္ခရီးမေရာက္

ယင္းျမိဳ႕နယ္အတြင္း ေနထိုင္သူမ်ားအေနျဖင့္ Online System ျဖင့္ လက္ေတြ႕ေဆာင္ရြက္ၾကည့္သည့္အခါ အင္တာနက္လိုင္းမေကာင္းသျဖင့္ ေနွာင့္ေနွးၾကန္႕ၾကာမႈမ်ားၾကံဳေတြ႕ရကာ ေနာက္ဆံုးေတာ့လည္း ရန္ကုန္ျမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီိဝဘ္ဆိုက္တြင္ေဖာ္ျပထားသည့္အတိုင္း သတ္မွတ္ကာလတြင္ ခြင့္ျပဳေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္မ်ားကို စိစစ္ေဆာင္ရြက္ေပးသည္ဟု သိရျပန္သည္။

အမႈတြဲမ်ားလက္ခံေပးေနတဲ့ ျမိဳ႕နယ္စည္ပင္အုပ္ခ်ဳပ္ေရးမွဴးရုံး

ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ ၂.၄.၂၀၁၅ ရက္ေန႕မွစ၍ ျမိဳ႕ေတာ္ခန္းမတြင္ သာမက ၊ ျမိဳ႕နယ္စည္ပင္သာယာအုပ္ခ်ဳပ္ေရးမွဴးရုံးမ်ားတြင္ပါ အမႈတြဲမ်ားကို လက္ခံေဆာက္ရြက္ေပးေနသည္ဟုသိရသည္။

ပါမစ္ကိစၥနွင့္စပ္လ်ဥ္း၍ သံုးထပ္နွင့္အထက္ အေဆာက္အဦးမ်ားကို လုပ္ထံုးလုပ္နည္းအတိုင္း ျပည့္စံုစြာတင္ျပလာသည့္အခါ အမႈတြဲမ်ားကို သတ္မွတ္ခ်ိန္အတြင္း ေဆာင္ရြက္ေပးသကဲ့သို႕ ေလးထပ္နွင့္အထက္ အေဆာက္အဦးမ်ား ေဆာင္လုပ္ခြင့္တြင္လည္း ပမာဏအဆိုျပဳပံုစံတင္ျပျပီးမွသာ ခြင့္ျပဳျပီး ပံုစံၾကီးေဆာင္ရြက္ေပးသည္ဟု သိရသည္။

တင္ျပသူသည္ ေဆာင္ရြက္ရမည့္အပိုင္းေၾကာင့္ ၾကန္႔ၾကာမႈမ်ားရွိႏိုင္ပါသည္။ ဌာနမ်ား အေနျဖင့္ လုပ္ငန္းေဆာင္ရြက္ခ်ိန္ၾကာျမင့္သည္နွင့္ ပတ္သက္၍ ျမန္ဆန္စြာေဆာင္ရြက္ေပးႏိုင္ရန္ကိုလည္း SOP မ်ားေရးဆြဲကာဝဘ္ဆိုက္တြင္ ေဖာ္ျပထားသည္ဟုဆိုသည္။ အခ်ိန္ကာလသတ္မွတ္ထားသည့္အျပင္ ခြင့္ျပဳခ်က္မ်ားကို ျမိဳ႕နယ္အထိ ခ်ေပးထားျပီးျဖစ္သည္ဟုသိရသည္။

အခ်ိန္ၾကန္႕ၾကာရသည့္အေၾကာင္းရင္း

ျမိဳ႕နယ္နွင့္ ရုံးခ်ဳပ္မွ်တေစရန္ ေဆာင္ရြက္ရသည္မ်ားလည္းရွိသည္။ ခြင့္ျပဳခ်က္မဲ ေဆာက္လုပ္ထားသည္ အေဆာက္အဦးအခ်ိဳ႕ကို စစ္ေဆးရျခင္းေၾကာင့္ အခ်ိန္အနည္းငယ္ၾကန္႔ၾကာျခင္းျဖစ္ေပၚေသာ္လည္း က်န္ရွိသည္မ်ားကို အခ်ိန္နွင့္တေျပးညီ ေဆာက္ရြက္ေပးေနေၾကာင္းရန္ကုန္တို္င္းေဒသၾကီး စည္ပင္သာယာေရးဝန္ၾကီးဌာနဝန္ၾကီး ၊ ရန္ကုန္ျမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးက ေျဖၾကားသြားပါသည္။

အထက္ပါ ကိစၥရပ္မ်ားကို ဖတ္ရႈျခင္းျဖင့္ စာဖတ္သူမ်ားအေနျဖင့္ အိမ္ျခံေျမအေရာင္းအဝယ္မျပဳလုပ္ခင္နွင့္ျပဳလုပ္ျပီး အခ်ိန္မ်ားတြင္ ဌာနဆိုင္ရာမ်ားနွင့္ ခ်ိတ္ဆက္ေနေသာ အြန္လိုင္းမ်ားမွ တဆင့္ သိရွိႏိုင္မည္ျဖစ္ပါေၾကာင္း ေရးသားလိုက္ရပါသည္။

 

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

 

### Unicode Version ###

အခြေခံဝင်ငွေသာရှိသော မိသားစုများအနေဖြင့် အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်းနှင့် ခပ်စိမ်းစိမ်းသဘောသာ ရှိနေမည်။

တစ်နှစ်ပြည့် သို့မဟုတ် ခြောက်လပြည့်များဖြင့် ငှါးရမ်းခြင်းစာချုပ်များဖြင့် သာအကျွမ်းဝင်နေသည်ဟု ဆိုရမည်။

အကယ်၍များ စာဖတ်သူများအနေဖြင့် အိမ်ခြံမြေဝယ်ယူတော့မည်ဆိုလျှင် အွန်လိုင်းစနစ်ဖြင့် ပြုလုပ်ရနိုင်သော အချက်များကို သိထားသင့်ပေသည်။ ထိုအတွက်ကြောင့် ယခုဆောင်းပါး ဖြစ်ပေါ်လာသည်ဟု ဆိုရမည်။

သာမန်အရပ်သားတစ်ဦးအနေဖြင့် ဂရန်အသစ်လျှောက်ထားခြင်း ၊ အိမ်ဆောက်လုပ်ခြင်း ၊ အမည်ပြောင်းခြင်းကိစ္စများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနင့် မြေယာစီမံခန့်ခွဲမှုဌာန ၊ အင်ဂျင်နီယာ (အဆောက်အအုံ) (ယာ/အုံ) ဌာနတို့မှာ မည်သို့ ဆောင်ရွက်ပေးနေသည်၊ မည်သို့ ဆက်သွယ်ဆောင်ရွက်ရမည်ကို သိရှိသူ နည်းပါးပါသည်။

ယင်းသို့သောကိစ္စများကို စာဖတ်သူလည်း သိချင်နေမည်ဟုထင်မြင်ပါသည်။ ဂရန်ကိစ္စနှင့် အိမ်ဆောက်ရန်ကိစ္စများကို ရန်ကုန်မြို့တော်ခန်းမတွင် သွားရောက်လုပ်ကိုင်ရသည်ဟု သိနေကြသည်။ သို့သော် ယခုအခါ မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှုများကို မြို့တော်ခန်းမသို့ ကိုယ်တိုင်သွားရောက်လုပ်ကိုင်စရာမလိုဘဲ အွန်လိုင်းစနစ်ဖြင့်လည်း လျှောက်ထား၍ ရနေပြီဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ် ၃၃ မြို့နယ်ရှိသည့်အနက် (၂၁) မြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားရယူနိုင်ကြောင်းလေ့လာတွေ့ရှိချက်ကို ဖော်ပြလိုက်ပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့် စည်ပင်သာယာနယ်နိမိတ်အတွင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေ၊ နည်းဥပဒေ ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်ပေးနေသည်ဟုသိရသည်။

အထူးသဖြင့် ဗဟိုချုပ်ကိုင်မှုစနစ်ကို လျှော့ချရန်လက်တွေ့ လုပ်ဆောင်နေကြောင်းသိရသော်လည်း လက်ရှိ အနေအထားအရ ထူးခြားသိသာလောက်သည့်အထိ မြန်ဆန်ကောင်းမွန်သည်ကို မတွေ့ရဘဲ နှေးကွေးမြဲနှေးကွေးလျက်ရှိသည်ကိုတွေ့ရသည်။

မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှု (၉)မျိုရှိ ဝဘ်ဆိုက်တွင် ကြည့်နိုင်

(၁) မြေငှါးဂရန်စာချုပ်လျှောက်ထားခြင်း (၂) မြေချပါမစ် နှင့်လိုင်စင်ခွင့်ပြုချက်ထုတ်ပေးခြင်းများ (၃) မြေငှါးဂရန်သက်တမ်းတိုးလျှောက်ထားခြင်းများ(၄) မြေပိုင်ဆိုင်မှုအမည်ပြောင်းလျှောက်ထားခြင်း ၊ (၅) မြေငှါးစာချုပ်ဂရန်မိတ္တူလျှောက်ထားခြင်း (၆) မြေငှါးဂရန်ခွဲလျှောက်ထားခြင်း (၇) မြေပို်င်ဆိုင်မှု မြေကွက်ခွဲလျှောက်ထားခြင်း (၈) မြေတိုင်းတာခြင် ၊ (၉) သက်သေခံမြေပုံကူး/မြေရာဇဝင်လျှောက်ထားမှု အမျိုးအစားအလိုက် သတ်မှတ်ထားရှိချက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ အင်တာနက်ဝဘ်ဆိုက်တွင် အများပြည်သူသိရှိစေရန် ဖော်ပြထားသည် ဟု သိရပါသည်။ သို့သော် ယင်းဝဘ်ဆိုက်ကိုယနေ့အထိ ဝင်ရောက်ကြည့်ရှုသူနည်းနေသည်ကိုတွေ့ရသည်။

ပေးကာပေး၏ မရသည့်ပုံမမာ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ ၃၃ မြို့နယ်၏ မြေစီမံခန့်ခွဲမှုဆိုင်ရာ အမျိူအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြေစီမံခန့်ခွဲမှုဆိုင်ရာ ၊ လျှောက်ထားမှုလုပ်ငန်းစဉ်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ မြို့တော်ခန်းမ၏ မြေညီထပ်ခန်းမတွင် အပတ်စဉ် တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာနေ့များတွင် သတ်မှတ်ချိန်အတွင်း One Stop Service အနေဖြင့် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်မှာ လက်ရှိအချိန်အထိ ဆောင်ရွက်ပေးနေပါသည်။ (သို့သော်လည်း ပြည်သူများအနေဖြင့် ကိုယ်တိုင်လာရောက်ဆောင်ရွက်ကြည့်သည့်အခါ ထင်သလောက်မလွယ်ကူလှပဲ ဌာနမှ တောင်းခံသည့်စာရွက်စာတမ်းအပြည့်အစုံကို တစ်ပြိုင်နက်တင်ပြနိုင်ခြင်းမရှိသည့်အတွက် စိတ်ဆင်းရဲစရာများနှင့် ကြုံနေရဆဲဖြစ်သည်ဟုသိရသည်)

အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်သောမြို့နယ် (၁၆) ခု

ထို့ပြင် ၂.၁.၂၀၁၅ ရက်နေ့မှစ၍ Online System ဖြင့် မိမိနေအိမ်မှလည်းကောင်း ၊ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးမှ လည်းကောင်း မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှုကို ဆောင်ရွက်ပေးနေသည်ဟု သိရပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်အနက် Online System တွင်ပါဝင်နေသော မြို့နယ်များမှာ တောင်ဒဂုံ ၊ မြောက်ဒဂုံ ၊ အရှေ့ဒဂုံ ၊ ဒဂုံ (ဆိပ်ကမ်း) ၊ ကြည့်မြင်တိုင် ၊ သာကေတ၊ ဒလ ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာတောင်ညွန့်၊ တာမွေ ၊ ရန်ကင်း၊ အင်းစိန် ၊ မင်္ဂလာဒုံ ၊ ရွှေပြည်သာ ၊ လှိုင်သာယာနှင့် မရမ်းကုန်းမြို့နယ်တို့ဖြစ်ကြောင်းသိရသည်။

အွန်လိုင်းစနစ်တိုးချဲ့ဆောင်ရွက်ပေးသည့်မြို့နယ် (၅)ခုရှိ

အလားတူ ၁.၉.၂၀၁၇ ရက်ကမြို့နယ် ငါးခုကိုလည်း အွန်လိုင်းစနစ်ဖြင့် တိုးချဲ့ဆောင်ရွက်နေသည်ဟု သိရသည်။ အဆိုပါမြိ့နယ်များမှာသင်္ဃန်းကျွန်းမြို့နယ် ၊ တောင်ဥက္ကလာပမြို့နယ် ၊ မြောက်ဥက္ကလာပမြို့နယ် ၊ လှိုင်မြို့နယ် နှင့်ကမာရွတ်မြို့နယ်တို့ဖြစ်သည်။

အွန်လိုင်းစနစ်ထင်သလောက်ခရီးမရောက်

ယင်းမြို့နယ်အတွင်း နေထိုင်သူများအနေဖြင့် Online System ဖြင့် လက်တွေ့ဆောင်ရွက်ကြည့်သည့်အခါ အင်တာနက်လိုင်းမကောင်းသဖြင့် နှောင့်နှေးကြန့်ကြာမှုများကြုံတွေ့ရကာ နောက်ဆုံးတော့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝဘ်ဆိုက်တွင်ဖော်ပြထားသည့်အတိုင်း သတ်မှတ်ကာလတွင် ခွင့်ပြုဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စိစစ်ဆောင်ရွက်ပေးသည်ဟု သိရပြန်သည်။

အမှုတွဲများလက်ခံပေးနေတဲ့ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးရုံး

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂.၄.၂၀၁၅ ရက်နေ့မှစ၍ မြို့တော်ခန်းမတွင် သာမက ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများတွင်ပါ အမှုတွဲများကို လက်ခံဆောက်ရွက်ပေးနေသည်ဟုသိရသည်။ ပါမစ်ကိစ္စနှင့်စပ်လျဉ်း၍ သုံးထပ်နှင့်အထက် အဆောက်အဦးများကို လုပ်ထုံးလုပ်နည်းအတိုင်း ပြည့်စုံစွာတင်ပြလာသည့်အခါ အမှုတွဲများကို သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ပေးသကဲ့သို့ လေးထပ်နှင့်အထက် အဆောက်အဦးများ ဆောင်လုပ်ခွင့်တွင်လည်း ပမာဏအဆိုပြုပုံစံတင်ပြပြီးမှသာ ခွင့်ပြုပြီး ပုံစံကြီးဆောင်ရွက်ပေးသည်ဟု သိရသည်။

တင်ပြသူသည် ဆောင်ရွက်ရမည့်အပိုင်းကြောင့် ကြန့်ကြာမှုများရှိနိုင်ပါသည်။ ဌာနများ အနေဖြင့် လုပ်ငန်းဆောင်ရွက်ချိန်ကြာမြင့်သည်နှင့် ပတ်သက်၍ မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရန်ကိုလည်း SOP များရေးဆွဲကာဝဘ်ဆိုက်တွင် ဖော်ပြထားသည်ဟုဆိုသည်။ အချိန်ကာလသတ်မှတ်ထားသည့်အပြင် ခွင့်ပြုချက်များကို မြို့နယ်အထိ ချပေးထားပြီးဖြစ်သည်ဟုသိရသည်။

အချိန်ကြန့်ကြာရသည့်အကြောင်းရင်း

မြို့နယ်နှင့် ရုံးချုပ်မျှတစေရန် ဆောင်ရွက်ရသည်များလည်းရှိသည်။ ခွင့်ပြုချက်မဲ ဆောက်လုပ်ထားသည် အဆောက်အဦးအချို့ကို စစ်ဆေးရခြင်းကြောင့် အချိန်အနည်းငယ်ကြန့်ကြာခြင်းဖြစ်ပေါ်သော်လည်း ကျန်ရှိသည်များကို အချိန်နှင့်တပြေးညီ ဆောက်ရွက်ပေးနေကြောင်းရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး ၊ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ဖြေကြားသွားပါသည်။

အထက်ပါ ကိစ္စရပ်များကို ဖတ်ရှုခြင်းဖြင့် စာဖတ်သူများအနေဖြင့် အိမ်ခြံမြေအရောင်းအဝယ်မပြုလုပ်ခင်နှင့်ပြုလုပ်ပြီး အချိန်များတွင် ဌာနဆိုင်ရာများနှင့် ချိတ်ဆက်နေသော အွန်လိုင်းများမှ တဆင့် သိရှိနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

 

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service