တန္ဖိုးနည္းအိမ္ရာမ်ားကို က်ဴးေက်ာ္မ်ားႏွင့္ ဝန္ထမ္းမ်ားအတြက္ေဆာက္ေပးမည္ဆိုပါက အစိုးရကေျမအခမဲ့ေပးမည္ - Property News in Myanmar from iMyanmarHouse.com
5697 Views

တန္ဖိုးနည္းအိမ္ရာမ်ားကို က်ဴးေက်ာ္မ်ားႏွင့္ ဝန္ထမ္းမ်ားအတြက္ေဆာက္ေပးမည္ဆိုပါက အစိုးရကေျမအခမဲ့ေပးမည္

### Zawgyi Version ###

ရန္ကုန္ၿမိဳ႕ စက္မႈဇုန္ မ်ားအနီးတြင္ရွိေသာ က်ဴးေက်ာ္မ်ားႏွင့္အစိုးရဝန္ထမ္းမ်ားအတြက္ တန္ဖိုးနည္းအိမ္ရာေဆာက္ေပးမည္ဆိုပါက အစိုးရက ေျမအခမဲ့ေပးမည္ျဖစ္ေၾကာင္း ၾသဂုတ္လ ၁၉ ရက္ေန႔ မြန္းလြဲပိုင္းက ရန္ကုန္ၿမိဳ႕ေတာ္ခန္းမတြင္ျပဳသည့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ သတင္းစာရွင္းလင္းပြဲတြင္ ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုးက ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

တန္ဖိုးနည္းအိမ္ရာတြင္ က်ဴးေက်ာ္မ်ားအတြက္အိမ္ရာႏွင့္ ဝန္ထမ္းမ်ားအတြက္ဆိုၿပီး အိမ္ရာႏွစ္မ်ိဳးခြဲထားမွာျဖစ္ေၾကာင္း၊အခန္းခ၊ငွားရမ္းခက ေစ်းႀကီးသျဖင့္ ဝန္ထမ္းအိမ္ရာအတြက္ မေဆာက္၍မရေၾကာင္း၊က်ဴးေက်ာ္မ်ားအတြက္ သပ္သပ္ေဆာက္မွာျဖစ္ေၾကာင္း၊အဓိကမွာေျမေဈးႀကီးသည့္အတြက္တိုက္ခန္းခ ျမင့္ျခင္း ျဖစ္ေၾကာင္း၊ရန္ကုန္တိုင္းအစိုးအေနႏွင့္ ေျမကို သုံညရာခိုင္ႏႈန္းထားေပးမွာျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ဝန္ကေျပာထားသည္။

ေျမဧက ၃ ဧက ႏွင့္ ၃ ဧကႏွင့္အထက္ ေျမယာမ်ား ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ လက္ေအာက္တြင္ရွိေနရာ တန္ဖိုးနည္းအိမ္ရာမ်ားကို အဆိုပါေျမမ်ားေပၚတြင္ေဆာက္လုပ္မည္ဆိုပါက ေျမဖိုးကုန္က်မႈမရွိေၾကာင္း သိရသည္။

ရန္ကုန္တြင္က်ဴးေက်ာ္ အေဆာက္အအုံေပါင္း ၁သိန္းခြဲရွိၿပီး ၎တို႔အတြက္တန္ဖိုးအနည္းဆုံးႏွင့္ ျပန္လည္ ေနရာခ်ထားေပးရန္ ဒဂုံၿမိဳ႕သစ္ ေလးၿမိဳ႕နယ္ႏွင့္ လႈိင္သာယာ၊ ေရႊျပည္သာ စသည့္ ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္တြင္ ျပည္သူလူထူအေျချပဳအေနႏွင့္ စီစဥ္ေဆာင္ရြက္ေနပါေၾကာင္း၊ဝန္ထမ္းမ်ား၊အလုပ္သမားမ်ားအတြက္ သက္ဆိုင္ရာ စက္မႈဇုံေတြႏွင့္အနီးဆုံးမွာရွိသည့္ ေျမမ်ားေပၚတြင္ရင္းႏွီးျမႇုဳပ္ႏွံၿပီးေဆာက္လုပ္ေပးမည့္ ကုမၸဏီမ်ားကို EOI ေခၚၿပီး ေဆာက္လုပ္ဖို႔စီစဥ္ေနေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ အတြင္းေရးမွဴးက ေျပာထားသည္။

တန္ဖိုးနည္းအိမ္ရာတိုက္ခန္းမ်ားကို အက်ယ္ ၁၅ ေပ၊ အလ်ား ၃၅ ေပ ရွိေသာ ပဏာမဒီဇိုင္းမ်ားဆြဲထားၿပီးျဖစ္ေၾကာင္းလည္း သိရသည္။

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

### Unicode Version ###

ရန်ကုန်မြို့ စက်မှုဇုန်များအနီးတွင်ရှိသော ကျူးကျော်များနှင့်အစိုးရဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာဆောက်ပေးမည်ဆိုပါက အစိုးရက မြေအခမဲ့ပေးမည်ဖြစ်ကြောင်း သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့တော်ခန်းမတွင်ပြုသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တန်ဖိုးနည်းအိမ်ရာတွင် ကျူးကျော်များအတွက်အိမ်ရာနှင့် ဝန်ထမ်းများအတွက်ဆိုပြီး အိမ်ရာနှစ်မျိုးခွဲထားမှာဖြစ်ကြောင်း၊အခန်းခ၊ငှားရမ်းခက ဈေးကြီးသဖြင့် ဝန်ထမ်းအိမ်ရာအတွက် မဆောက်၍မရကြောင်း၊ကျူးကျော်များအတွက် သပ်သပ်ဆောက်မှာဖြစ်ကြောင်း၊အဓိကမှာမြေဈေးကြီးသည့်အတွက်တိုက်ခန်းခ မြင့်ခြင်း ဖြစ်ကြောင်း၊ရန်ကုန်တိုင်းအစိုးအနေနှင့် မြေကို သုံညရာခိုင်နှုန်းထားပေးမှာဖြစ်ကြောင်း မြို့တော်ဝန်ကပြောထားသည်။

မြေဧက ၃ ဧက နှင့် ၃ ဧကနှင့်အထက် မြေယာများ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လက်အောက်တွင်ရှိနေရာ တန်ဖိုးနည်းအိမ်ရာများကို အဆိုပါမြေများပေါ်တွင်ဆောက်လုပ်မည်ဆိုပါက မြေဖိုးကုန်ကျမှုမရှိကြောင်း သိရသည်။

ရန်ကုန်တွင်ကျူးကျော် အဆောက်အအုံပေါင်း ၁သိန်းခွဲရှိပြီး ၎င်းတို့အတွက်တန်ဖိုးအနည်းဆုံးနှင့် ပြန်လည် နေရာချထားပေးရန် ဒဂုံမြို့သစ် လေးမြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာ စသည့် မြို့နယ် ၆ မြို့နယ်တွင် ပြည်သူလူထူအခြေပြုအနေနှင့် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ဝန်ထမ်းများ၊အလုပ်သမားများအတွက် သက်ဆိုင်ရာ စက်မှုဇုံတွေနှင့်အနီးဆုံးမှာရှိသည့် မြေများပေါ်တွင်ရင်းနှီးမြှုုပ်နှံပြီးဆောက်လုပ်ပေးမည့် ကုမ္ပဏီများကို EOI ခေါ်ပြီး ဆောက်လုပ်ဖို့စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူးက ပြောထားသည်။

တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများကို အကျယ် ၁၅ ပေ၊ အလျား ၃၅ ပေ ရှိသော ပဏာမဒီဇိုင်းများဆွဲထားပြီးဖြစ်ကြောင်းလည်း သိရသည်။ ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

Upcoming Property Events

119-mdy
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service