ရန်ကုန်ရေပေးဝေမှု ပုဂ္ဂလိကသို့လွှဲပြောင်းနိုင်ရန်တင်ဒါခေါ်ယူမည် - Property News in Myanmar from iMyanmarHouse.com
1173 Views

ရန်ကုန်ရေပေးဝေမှု ပုဂ္ဂလိကသို့လွှဲပြောင်းနိုင်ရန်တင်ဒါခေါ်ယူမည်

### Zawgyi Version ###







 

### Unicode Version ###

ရန်ကုန်တိုင်းအတွင်းရေပေးဝေမှုကို ပုဂ္ဂလိကသို့လွှဲပြောင်းနိုင်ရန် ယခုလအတွင်း တင်ဒါခေါ်ယူမည် ဖြစ်ကြောင်း ဩဂုတ်လ ၁၉ ရက် ရန်ကုန်မြို့တော်ခန်းမတွင်ပြုလုပ်သော ရန်ကုန်စည်ပင်သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော်ဝင် ဦးမောင်မောင်စိုးကပြောသည်။

အစိုးရဝန်ထမ်းနှင့် ရေမသမာမှုလုပ်သူအပေးအယူမရှိစေရန် ပုဂ္ဂလိကထံပေးချင်ကြောင်း၊ပုဂ္ဂလိကအနေနှင့် ဈေးနှုန်းကန့်သတ်ပြီးလုပ်နိုင်မှုရှိလျှင် ရေအလေအလွင့်နည်းပြီး ဈေးတတ်သည်ကို ကာကွယ်တောင့်ခံထားနိုင်မည်ဖြစ်ကြောင်း၊လူထုအနေနှင့်လည်း မှန်မှန်ကန်ကန်သုံးစွဲနိုင်မှာဖြစ်ကြောင်း၊ဈေးမတတ်စေရန်ဟန့်တားနိုင်သည့်အတွက် ပုဂ္ဂလိကစိတ်ဝင်စားသူများလုပ်နိုင်စေရန် တင်ဒါအဆိုပြုလွှာ (EOI) ခေါ်မည် ဖြစ်၍ စိတ်ဝင်စားသူများလျှောက်ထားနိုင်ကြောင်း ပြောထားသည်။

ရေခိုးသွယ်မှုများရှိပြီး စည်ပင်ဝန်ထမ်းအင်အားဖြင့် မထိန်းသိမ်းနိုင်သည့်အတွက် ရေလေလွင့်မှု ရာခိုင်နှုန်း ၅၀ အထိရှိကြောင်း၊ထို့ကြောင့် ရေပေးဝေမှုကို ပုဂ္ဂလိကသို့ပေးရန်စီစဉ်ရခြင်းဖြစ်ကြောင်း၊ရေဖြန့်ဖြူးမှုကို ပုဂ္ဂလိကသို့လွှဲပြီး မြို့နယ်၊ရပ်ကွက်အလိုက် စမ်းသပ်ဆောင်ရွက်မည်ဖြစ်ကြောင်းပြောထားသည်။

ရန်ကုန်တိုင်းအတွင်း လက်ရှိရေမီတာကောက်ခံမှုမှာ အိမ်သုံးတစ်ယူနစ် ၈၈ ကျပ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းသုံး တစ်ယူနစ် ၁၂၀ ကျပ်ဖြစ်ကြောင်းသိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service