ေျမအခ်ိဳးက် ပိုင္ဆိုင္နုိင္မည့္ မဂၤလာေစ်းအနီး ေရႊျမယာအိမ္ရာ (၂) အေရာင္းျပပြဲကို iMyanmarHouse.com မွ ေအာင္ျမင္စြာက်င္းပနိုင္ခဲ့ - Property News in Myanmar from iMyanmarHouse.com
1039 Views

ေျမအခ်ိဳးက် ပိုင္ဆိုင္နုိင္မည့္ မဂၤလာေစ်းအနီး ေရႊျမယာအိမ္ရာ (၂) အေရာင္းျပပြဲကို iMyanmarHouse.com မွ ေအာင္ျမင္စြာက်င္းပနိုင္ခဲ့

### Zawgyi Version ###

၂၀၁၉ ခုႏွစ္ ၊ ၾသဂုတ္လ ( ၁၇ ၊ ၁၈ ) စေန ၊ တနဂၤေႏြ ရက္မ်ားတြင္ ျမန္မာနိုင္ငံ၏နံပါတ္တစ္ အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ျဖစ္ေသာ iMyanmarHouse.com ( အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း ) မွ ၾကီးမွဴး၍ မဂၤလာေစ်းအနီးရွိ ေရႊျမယာအိမ္ရာ (၂) အေရာင္းျပပြဲကို နံနက္ (၉) နာရီ မွ ညေန (၅) နာရီ အထိ အဆိုပါစီမံကိန္းတည္ရွိရာ အမွတ္ (၁/၂) ၊ ျမန္မာ့ဂုဏ္ရည္လမ္း ၊ မဂၤလာေတာင္ညႊန္႔ျမိဳ႕နယ္တြင္ ေအာင္ျမင္စြာက်င္းပနိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါအေရာင္းျပပြဲအတြင္း ဝယ္ယူသူမ်ားကို အထူးေလွ်ာ့ေစ်းႏႈန္းမ်ားအျပင္ အတိုးမဲ့ ( ၁၂) လ အရစ္က်စနစ္ ၊ ဘဏ္မ်ားနွင့္ ခ်ိတ္ဆက္ျပီး (၂၅) ႏွစ္အထိ အရစ္က်စနစ္မ်ားျဖင့္ ေရာင္းခ်ခဲ့ေၾကာင္းသိရသည္။

ေရႊျမယာအိမ္ရာ (၂) စီမံကိန္းကို Ngapali Construction Company မွ ေျမအက်ယ္အဝန္း (၃) ဧကရွိသည့္ ဂရန္ေျမေပၚတြင္ ၁၀၀% တည္ေဆာက္ထားျပီး ျဖစ္သည္။ အထပ္အျမင့္အေနျဖင့္ (၈) ထပ္ခြဲအေဆာက္အဦးျဖစ္ျပီး (၁) လႊာတြင္ (၁၀) ခန္းပါဝင္သည္။ အခန္းအက်ယ္အဝန္းမ်ားအေနျဖင့္ 1332 sqft မွ 2573 sqft အထိ ေရြးခ်ယ္ဝယ္ယူနိုင္မည္ျဖစ္ေၾကာင္း သိရသည္။ အိပ္ခန္း (၃) ခန္း ၊ ဧည့္ခန္း ၊ မီးဖိုခန္း ၊ ထမင္းစားခန္းမ်ား ဖြဲ႕ေပးထားမည္ျဖစ္ျပီး အခန္းတြင္းျပင္ဆင္မႈမ်ား ျပဳလုပ္ေပးမည္ျဖစ္သည္။

Swimming pool ၊ Gym ၊ Sauna ၊ Billiard room ၊ Function Room ၊ Roof Top Garden ၊ Children Playground ၊ Mini Theatre ၊ Car Parking ၊ 24 Hours Generator Backup System ႏွင့္ 24 Hours CCTV System စသည့္ ကြန္ဒို Facilities အျပည့္အစံုပါဝင္ျပီးအဆင့္ျမင့္ျမင့္အသံုးျပဳနုိင္မည္ျဖစ္သည္။ အနီးအနားတြင္ ကန္ေတာ္ၾကီး ၊ ယုဇနပလာဇာ ၊ မဂၤလာေစ်း ၊ ဂမုန္းပြင့္ ၊ City Mart တုိ႔ တည္ရွိသည္။

“ ယေန႔က်င္းပေနတဲ့ အေရာင္းပြဲမွာ မဂၤလာေစ်းအနီးမွာရွိတဲ့  ေရႊျမယာအိမ္ရာ (၂) က ကြန္ဒိုအခန္းေတြကို ေရာင္းခ်ေပးတာျဖစ္ပါတယ္။ မၾကာခင္ဖြင့္လွစ္ေတာ့မဲ့ ရန္ကုန္ျမိဳ႕ရဲ႕အၾကီးဆံုး ဂမုန္းပြင့္ Shopping Mall ေရွ႕တည့္တည့္မွာ တည္ရွိပါတယ္။ ဒီပြဲအတြင္းဝယ္ယူပါက Company Plan နဲ႔ အတိုးမဲ့ ေပးေခ်ႏိုင္သလို AYA ၊ KBZ ၊ MAB ၊ YOMA စတဲ့ ဘဏ္မ်ားနဲ႔လည္း (၂၅) ႏွစ္အထိ အရစ္က်စနစ္မ်ားနဲ႔ ဝယ္ယူႏိုင္မွာပါ။ ” ဟု ျပပြဲစီစဥ္က်င္းပသည့္ iMyanmarHouse.com ၏ မန္ေနဂ်င္းဒါရိုက္တာျဖစ္သူ ဦးေနမင္းသူမွ ေျပာၾကားသြားသည္။

“ ကြ်န္ေတာ္တို႔ အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္းဟာ ျမန္မာနိုင္ငံသားတိုင္း အိမ္ပိုင္ဆိုင္နိုင္ေစရမယ္ဆိုတဲ့ ေဆာင္ပုဒ္နဲ႔အညီ အမ်ားျပည္သူေတြ အလြယ္တကူ အိမ္ပိုင္ဆိုင္ႏိုင္ေစဖို႔ အိမ္ျခံေျမေလာကထဲမွာ အစြမ္းကုန္ ၾကိဳးစားေဆာင္ရြက္ေနပါတယ္။ ရန္ကုန္ ၊ မႏၱေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ အစရွိတဲ့ ျမန္မာတစ္နိုင္ငံလံုးမွာရွိတဲ့ အိမ္ျခံေျမေတြအျပင္ ျပည္ပႏိုင္ငံေတြမွာရွိတဲ့ အိမ္ျခံေျမမ်ားကိုလည္း ေရာင္းခ်ေပးေနပါတယ္။ အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္းက ေရာင္းခ်ေပးတဲ့ အိမ္ရာစီမံကိန္းတိုင္းနီးပါး ေရာင္းအားေကာင္းေကာင္းနဲ႔ ေအာင္ျမင္တာကို ေတြ႔ရပါတယ္။ ဒီလိုေအာင္ျမင္တာကလည္း ကြ်န္ေတာ္တို႔ကို တခဲနက္ ယံုၾကည္အားေပးတဲ့ပရိသတ္ႀကီးနဲ႔ ေခတ္မွီဆန္းသစ္တဲ့ ေစ်းကြက္ထိုးေဖာက္မႈ နည္းဗ်ဴဟာေတြ ေၾကာင့္ပါ။ စီမံကိန္းတစ္ခုေအာင္ျမင္ဖို႔အတြက္ ထိေရာက္တဲ့ အႀကံဥာဏ္ေတြ ေပးၿပီး ေစ်းကြက္ထိုးေဖာက္မႈ နည္းဗ်ဴဟာေပါင္းစံုနဲ႔ ေရာင္းခ်ေပးပါတယ္။ အခုဆိုရင္ အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္းဝဘ္ဆိုက္နဲ႔ ဖုန္းအက္ပလီေကးရွင္းေတြကို လစဥ္ ဝင္ေရာက္အသံုးျပဳေနသူေပါင္း (၃.၈) သန္းေက်ာ္ရွိပါတယ္။ iMyanmarHouse.com ကို ျမန္မာျပည္တြင္းသာမက ျပည္ပကပါဝင္ေရာက္ အသံုးျပဳကာ အိမ္ျခံေျမေတြရွာေဖြေနၾကပါတယ္။ ကြ်န္ေတာ္တို႔နဲလက္တြဲျပီး အလုပ္လုပ္ေနတဲ့ အက်ိဳးေဆာင္လုပ္ငန္းေပါင္း (၂၃၀၀) ေက်ာ္၊ ေဆာက္လုပ္ေရးကုမၸဏီေပါင္း (၇၀၀) ေက်ာ္ ရွိပါတယ္။ ကြ်န္ေတာ္တုိ႔နဲ႔ပူးေပါင္းေဆာင္႐ြက္လိုတဲ့ အိမ္ၿခံေျမနဲ႔ ေဆာက္လုပ္ေရး လုပ္ငန္းမ်ားအားလံုးကိုၾကိဳဆိုပါတယ္။” ဟု ဦးေနမင္းသူမွ ျဖည့္စြက္ေျပာၾကားသြားခဲ့သည္။

iMyanmarHouse.com

အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း

ျမန္မာႏိုင္ငံ၏နံပါတ္တစ္ အိမ္ၿခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္

ျမန္မာႏိုင္ငံသားတိုင္း အိမ္ပိုင္ဆိုင္ႏိုင္ေစရမည္

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

 ### Unicode Version ###

၂၀၁၉ ခုနှစ် ၊ သြဂုတ်လ ( ၁၇ ၊ ၁၈ ) စနေ ၊ တနင်္ဂနွေ ရက်များတွင် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ မင်္ဂလာဈေးအနီးရှိ ရွှေမြယာအိမ်ရာ (၂) အရောင်းပြပွဲကို နံနက် (၉) နာရီ မှ ညနေ (၅) နာရီ အထိ အဆိုပါစီမံကိန်းတည်ရှိရာ အမှတ် (၁/၂) ၊ မြန်မာ့ဂုဏ်ရည်လမ်း ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအရောင်းပြပွဲအတွင်း ဝယ်ယူသူများကို အထူးလျှော့ဈေးနှုန်းများအပြင် အတိုးမဲ့ ( ၁၂) လ အရစ်ကျစနစ် ၊ ဘဏ်များနှင့် ချိတ်ဆက်ပြီး (၂၅) နှစ်အထိ အရစ်ကျစနစ်များဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။

ရွှေမြယာအိမ်ရာ (၂) စီမံကိန်းကို Ngapali Construction Company မှ မြေအကျယ်အဝန်း (၃) ဧကရှိသည့် ဂရန်မြေပေါ်တွင် ၁၀၀% တည်ဆောက်ထားပြီး ဖြစ်သည်။ အထပ်အမြင့်အနေဖြင့် (၈) ထပ်ခွဲအဆောက်အဦးဖြစ်ပြီး (၁) လွှာတွင် (၁၀) ခန်းပါဝင်သည်။ အခန်းအကျယ်အဝန်းများအနေဖြင့် 1332 sqft မှ 2573 sqft အထိ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ အိပ်ခန်း (၃) ခန်း ၊ ဧည့်ခန်း ၊ မီးဖိုခန်း ၊ ထမင်းစားခန်းများ ဖွဲ့ပေးထားမည်ဖြစ်ပြီး အခန်းတွင်းပြင်ဆင်မှုများ ပြုလုပ်ပေးမည်ဖြစ်သည်။

Swimming pool ၊ Gym ၊ Sauna ၊ Billiard room ၊ Function Room ၊ Roof Top Garden ၊ Children Playground ၊ Mini Theatre ၊ Car Parking ၊ 24 Hours Generator Backup System နှင့် 24 Hours CCTV System စသည့် ကွန်ဒို Facilities အပြည့်အစုံပါဝင်ပြီး အဆင့်မြင့်မြင့်အသုံးပြုနိုင်မည်ဖြစ်သည်။ အနီးအနားတွင် ကန်တော်ကြီး ၊ ယုဇနပလာဇာ ၊ မင်္ဂလာဈေး ၊ ဂမုန်းပွင့် ၊ City Mart တို့ တည်ရှိသည်။

“ ယနေ့ကျင်းပနေတဲ့ အရောင်းပွဲမှာ မင်္ဂလာဈေးအနီးမှာရှိတဲ့ ရွှေမြယာအိမ်ရာ (၂) က ကွန်ဒိုအခန်းတွေကို ရောင်းချပေးတာဖြစ်ပါတယ်။ မကြာခင်ဖွင့်လှစ်တော့မဲ့ ရန်ကုန်မြို့ရဲ့ အကြီးဆုံး ဂမုန်းပွင့် Shopping Mall ရှေ့တည့်တည့်မှာ တည်ရှိပါတယ်။ ဒီပွဲအတွင်းဝယ်ယူပါက Company Plan နဲ့ အတိုးမဲ့ ပေးချေနိုင်သလို AYA ၊ KBZ ၊ MAB ၊ YOMA စတဲ့ ဘဏ်များနဲ့လည်း (၂၅) နှစ်အထိ အရစ်ကျစနစ်များနဲ့ ဝယ်ယူနိုင်မှာပါ။ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

“ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူ အိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတိုင်းနီးပါး ရောင်းအားကောင်းကောင်းနဲ့ အောင်မြင်တာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်တာကလည်း ကျွန်တော်တို့ကို တခဲနက် ယုံကြည်အားပေးတဲ့ပရိသတ်ကြီးနဲ့ ခေတ်မှီဆန်းသစ်တဲ့ ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာတွေ ကြောင့်ပါ။ စီမံကိန်းတစ်ခုအောင်မြင်ဖို့အတွက် ထိရောက်တဲ့ အကြံဉာဏ်တွေ ပေးပြီး ဈေးကွက်ထိုးဖောက်မှု နည်းဗျူဟာပေါင်းစုံနဲ့ ရောင်းချပေးပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဝဘ်ဆိုက်နဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို လစဉ် ဝင်ရောက်အသုံးပြုနေသူပေါင်း (၃.၈) သန်းကျော်ရှိပါတယ်။ iMyanmarHouse.com ကို မြန်မာပြည်တွင်းသာမက ပြည်ပကပါဝင်ရောက် အသုံးပြုကာ အိမ်ခြံမြေတွေရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၇၀၀) ကျော် ရှိပါတယ်။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကိုကြိုဆိုပါတယ်။” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service