SME လုပ္ငန္းမ်ားအတိုးႏႈန္း ၈ ဒႆမ ၅ ရာခိုင္ႏႈန္းျဖင့္ ဂ်ပန္ JICA ေခ်းေငြေပးမည္ - Property News in Myanmar from iMyanmarHouse.com
1854 Views

SME လုပ္ငန္းမ်ားအတိုးႏႈန္း ၈ ဒႆမ ၅ ရာခိုင္ႏႈန္းျဖင့္ ဂ်ပန္ JICA ေခ်းေငြေပးမည္

### Zawgyi Version ###

အေသးစားႏွင့္အလတ္စားလုပ္ငန္းမ်ားကို ဂ်ပန္ႏိုင္ငံ JICA မွ SME ေခ်းေငြအျဖစ္ အတိုးႏႈန္း ၈ ဒႆမ၅ ရာခိုင္ႏႈန္း ျဖင့္ ၅ ႏွစ္သက္တမ္းေခ်းေငြမ်ား ေပးသြားမည္ဟု ျမန္မာႏိုင္ငံစားေသာက္ကုန္ထုတ္လုပ္ေရာင္းခ်သူ မ်ားအသင္း မွသိရသည္။

“ အဓိကသြင္းကုန္အစားထိုးလုပ္ငန္းမ်ားအတြက္ဦးစားေပးေခ်းသြားမယ္ ေခ်းေငြသက္တမ္းကို ၅ႏွစ္သတ္မွတ္ေပးသြားမယ္ သူတို႔ေတာင္းတဲ့အခ်က္အလက္ျပည့္စုံတဲ့သူေတြအကုန္လုံးေခ်းလို႔ရႏိုင္မယ္”ဟု ျမန္မာႏိုင္ငံစားေသာက္ကုန္ထုတ္လုပ္ေရာင္းခ်သူမ်ားအသင္းမွ ဒုတိယဥကၠ႒ဦးေအာင္ေ႐ႊကေျပာသည္။

အဆိုပါေခ်းေငြရယူလိုသူမ်ားအေနျဖင့္ လုပ္ငန္းမ်ား၏ ဝင္ေငြအဝင္အထြက္စာရင္း၊ လၽွပ္စစ္မီးသြယ္တန္းမႈ၊ မီးေဘးအႏၲရာယ္ႀကိဳတင္ျပင္ဆင္မႈ၊ FDA ရရွိမႈ၊ အစိုးရအနည္းဆုံး ၃ႏွစ္ေဆာင္ထားသည့္ဝင္ေငြခြန္စာ႐ြက္မ်ားျဖင့္ ေလၽွာက္ထားရမည္ျဖစ္ေၾကာင္းအဆိုပါအသင္းမွသိရသည္။

အဆိုပါေခ်းေငြမ်ားကို စားေသာက္ကုန္ထုတ္လုပ္ေရာင္းခ်သူမ်ားအသင္း၊ ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းႏွင့္ စက္မႈကုန္ထုတ္လုပ္ငန္း (MIA) တို႔တြင္ေလၽွာက္ထားႏိုင္မည္ျဖစ္သည္။

လက္ရွိျမန္မာႏိုင္ငံတြင္ SME ေခ်းေငြမ်ားကို ျပည္တြင္းရွိပုဂၢလိကဘဏ္မ်ားမွ တစ္ႏွစ္လၽွင္အတိုးႏႈန္း ၁၃ ရာခိုင္ႏႈန္း၊ လယ္ယာစိုက္ပ်ိဳးေရးက႑အတြင္းရွိ SME လုပ္ငန္းမ်ားအတြက္ USAID CGI ေခ်းေငြျဖင့္ ၁၃ ရာခိုင္ႏႈန္း၊ ေဈးဆိုင္၊ သက္ဆိုင္ရာၿမိဳ႕နယ္အတြင္းရွိဆိုင္ခန္းမ်ားျဖင့္ ေရာင္းခ်ေသာ ေဈးဆိုင္လုပ္ငန္းရွင္မ်ားအတြက္ SHOP OWNER ေခ်းေငြျဖင့္ ၁၃ရာခိုင္ႏႈန္း၊ လုပ္ငန္းလည္ပတ္ရန္အတြက္ Working Capital ေခ်းေငြျဖင့္ ၁၂ ရာခိုင္ႏႈန္း ေခ်းေပးလ်က္ရွိေၾကာင္း ပုဂၢလိကဘဏ္မ်ားမွသိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

အသေးစားနှင့်အလတ်စားလုပ်ငန်းများကို ဂျပန်နိုင်ငံ JICA မှ SMEချေးငွေအဖြစ် အတိုးနှုန်း ၈ ဒဿမ၅ ရာခိုင်နှုန်း ဖြင့် ၅ နှစ်သက်တမ်းချေးငွေများ ပေးသွားမည်ဟု မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်ရောင်းချသူ များအသင်း မှသိရသည်။

“ အဓိကသွင်းကုန်အစားထိုးလုပ်ငန်းများအတွက်ဦးစားပေးချေးသွားမယ် ချေးငွေသက်တမ်းကို ၅နှစ်သတ်မှတ်ပေးသွားမယ် သူတို့တောင်းတဲ့အချက်အလက်ပြည့်စုံတဲ့သူတွေအကုန်လုံးချေးလို့ရနိုင်မယ်”ဟု မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်ရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌဦးအောင်ရွှေကပြောသည်။

အဆိုပါချေးငွေရယူလိုသူများအနေဖြင့် လုပ်ငန်းများ၏ ဝင်ငွေအဝင်အထွက်စာရင်း၊ လျှပ်စစ်မီးသွယ်တန်းမှု၊ မီးဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှု၊ FDA ရရှိမှု၊ အစိုးရအနည်းဆုံး ၃နှစ်ဆောင်ထားသည့်ဝင်ငွေခွန်စာရွက်များဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်းအဆိုပါအသင်းမှသိရသည်။

အဆိုပါချေးငွေများကို စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများအသင်း၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် စက်မှုကုန်ထုတ်လုပ်ငန်း (MIA) တို့တွင်လျှောက်ထားနိုင်မည်ဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် SME ချေးငွေများကို ပြည်တွင်းရှိပုဂ္ဂလိကဘဏ်များမှ တစ်နှစ်လျှင်အတိုးနှုန်း ၁၃ ရာခိုင်နှုန်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွင်းရှိ SME လုပ်ငန်းများအတွက် USAID CGI ချေးငွေဖြင့် ၁၃ ရာခိုင်နှုန်း၊ ဈေးဆိုင်၊ သက်ဆိုင်ရာမြို့နယ်အတွင်းရှိဆိုင်ခန်းများဖြင့် ရောင်းချသော ဈေးဆိုင်လုပ်ငန်းရှင်များအတွက် SHOP OWNER ချေးငွေဖြင့် ၁၃ရာခိုင်နှုန်း၊ လုပ်ငန်းလည်ပတ်ရန်အတွက် Working Capital ချေးငွေဖြင့် ၁၂ ရာခိုင်နှုန်း ချေးပေးလျက်ရှိကြောင်း ပုဂ္ဂလိကဘဏ်များမှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service