မြေတန်ဖိုးမပါဘဲရောင်းချနိုင်မည့် ဒဂုံမြို့သစ်မြောက်ပိုင်း U9 ပြည်သူ့အိမ်ရာစီမံကိန်း အဆိုပြုလွှာဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
1836 Views

မြေတန်ဖိုးမပါဘဲရောင်းချနိုင်မည့် ဒဂုံမြို့သစ်မြောက်ပိုင်း U9 ပြည်သူ့အိမ်ရာစီမံကိန်း အဆိုပြုလွှာဖိတ်ခေါ်

### Zawgyi Version ###









 

### Unicode Version ###

 

ဒဂုံမြို့သစ်မြောက်ပိုင်း U9 ပြည်သူ့အိမ်ရာစီမံကိန်းဖော်ဆောင်ရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အဆိုပြုလွှာဖိတ်ခေါ်ထားကြောင်းနိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် တန်ဖိုးနည်း၊တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းများအား အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုပုံစံဖြင့် ရည်ရွယ်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ ဒဂုံမြို့သစ်မြောက်ပိုင်း ဗိုလ်မင်းရောင်လမ်းပေါ်ရှိ မြေတိုင်းရပ်ကွက်အမှတ် (၄၈/U9) ၊မြေဧရိယာ အကျယ်အဝန်း(၂၆) ဧကခန့်ပေါ်တွင် U9 အိမ်ရာစီမံကိန်းအား ရှေ့ပြေးစီမံကိန်းတစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါစီမံကိန်းအားကြီးကြပ်ဆောင်ရွက်ရန် Tender Coordinator အဖြစ် Yangon Metropolitan Development Public Co.,Ltd ကိုတာဝန်ပေးအပ်ထားကြောင်းသိရသည်။

U9 စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အစိုးရမှ စီမံကိန်းမြေအား ပေးအပ်မည်ဖြစ်သည်။၎င်းစီမံကိန်၏ Master Plan ပါဝင်သော တန်ဖိုးနည်း၊တန်ဖိုးသင့်အိမ်ရာများ၊ဘက်စ်ကားမှတ်တိုင်နှင့် အခြေခံအဆောက်အအုံများတည်ဆောက်ပြီး ပြည်သူလူထုကို ရောင်းချရာတွင် မြေတန်ဖိုးထည့်သွင်းစဉ်းစားရန်မလိုဘဲ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက အဆိုပါစီမံကိန်းအတွက် စိတ်ဝင်စားသော ပြည်တွင်း ပြည်ပကုမ္ပဏီ များအား စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI)ဖိတ်ခေါ်ထားသည်။

အဆိုပြုလွှာတင်သွင်းနိုင်ရန် တင်ဒါလျှောက်လွှာများအား ယခုဩဂုတ်လ ၁၉ ရက်မှ ၃၀ ရက်အတွင်း ဝယ်ယူနိုင်ပြီး စက်တင်ဘာ ၁၇ ရက်နောက်ဆုံးထားပေးပိုရမည်ဖြစ်ကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service