Local Property News | Posted by Si Thu Aung
### Zawgyi Version ###
မေရႊ႕ေျပာင္းနိုင္သည့္ ပစၥည္းမ်ားျဖစ္သည့္ အိမ္၊ၿခံ၊ေျမ၊အိုးအိမ္၊တိုက္တာအေျခပစၥည္း အေရာင္းအဝယ္အေပၚဝင္ေငြခြန္ေကာက္ခံသည့္ ႏႈန္းထားမ်ား ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒၾကမ္းတြင္ ေလၽွာ့ခ်လိုက္သည္။
ၾသဂုတ္လ ၇ ရက္ေန႔က ၂၀၁၉ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒၾကမ္းကို ျပည္ေထာင္စုလႊတ္ေတာ္တြင္ စီမံကိန္း ႏွင့္ဘ႑ာေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက တင္သြင္းခဲ့သည္။
ယခင္ႏွစ္က အေျခပစၥည္း တစ္ရပ္ရပ္ကို ဝယ္ယူျခင္း၊တည္ေဆာက္ျခင္း၊ ရယူျခင္းႏွင့္လုပ္ငန္းအသစ္ တည္ေထာင္ျခင္း၊ လုပ္ငန္းထပ္မံတိုးခ်ဲ႕ျခင္းမ်ားအတြက္ အသုံးျပဳမည့္ေငြေၾကးမ်ားအေပၚ ဝင္ေငြခြန္ေကာက္ခံရာတြင္ တစ္က်ပ္မွ က်ပ္သိန္း ၃ဝဝ အထိ ၁၅ ရာခိုင္ႏႈန္း၊က်ပ္သိန္း ၃ဝဝ အထက္မွ က်ပ္သိန္း ၁ဝဝဝ အထိ ၂၀ ရာခိုင္ႏႈန္း၊က်ပ္သိန္း ၁ဝဝဝ အထက္ကို ၃၀ ရာခိုင္ႏႈန္းေကာက္ခံခဲ့သည္။
ယခုႏွစ္တြင္ တစ္က်ပ္မွ က်ပ္သိန္း ၁ဝဝဝ အထိ သုံးရာခိုင္ႏႈန္း၊က်ပ္သိန္း ၁ဝဝဝ အထက္မွ က်ပ္သိန္း ၃ဝဝဝ အထိ ငါးရာခိုင္ႏႈန္း၊က်ပ္သိန္း ၃ဝဝဝ အထက္မွ က်ပ္သိန္း ၃၀,ဝဝဝ အထိ ၁၀ ရာခိုင္ႏႈန္း၊က်ပ္သိန္း ၃၀,ဝဝဝ အထက္ ၃၀ ရာခိုင္ႏႈန္း ေကာက္ခံမည္ဟု အခြန္အေကာက္ဥပေဒၾကမ္းတြင္ ေဖာ္ၿပထားသည္။
ဒုတိယဝန္ႀကီးက ေလၽွာ့ခ်သတ္မွတ္ျခင္း၏ ရည္ရြယ္ခ်က္မွာ ျပည္ေထာင္စုအစိုးရအဖြဲ႕အေနႏွင့္ နိုင္ငံေတာ္၏ လက္ရွိစီးပြားေရးအေျခအေနကို ပိုမိုတိုးတက္ေကာင္း မြန္လာေစရန္ တြန္းအားေပးေဆာင္ရြက္သည့္ အေနျဖင့္ ျပည္တြင္းရင္းႏွီးျမႇုဳပ္ႏွံမႈႏွင့္ စားသုံးမႈမ်ားတိုးျမင့္လာေစရန္အလို႔ငွာ ျပည္သူအမ်ားလက္ဝယ္ရွိ စည္းၾကပ္မႈမွ လြတ္ကင္းေနေသာေငြမ်ား ျပန္လည္ေပၚထြက္လာေစရန္အတြက္ျဖစ္ေၾကာင္း ေျပာထားသည္။
ယခုကဲ့သို႔ ဝင္ေငြခြန္ႏႈန္းထားေလၽွာ့ခ်ေပးျခင္းကို အေျခပစၥည္းတစ္ရပ္ရပ္ဝယ္ယူျခင္း၊တည္ေဆာက္ ျခင္း၊ရယူျခင္းႏွင့္ လုပ္ငန္းအသစ္တည္ေထာင္ျခင္း၊ လုပ္ငန္းထပ္မံတိုးခ်ဲ႕မ်ားအတြက္ အသုံးျပဳမည့္ေငြေၾကးမ်ား အေပၚ၌သာ ခံစားရရွိမည္ျဖစ္သည္။
ယခုကဲ့သို႔ေဆာင္ရြက္သည့္ေနရာတြင္ ေဖာ္ထုတ္တင္ျပသည့္ ေငြသည္တရားမဝင္ပစၥည္းမ်ား ပိုင္ဆိုင္ျခင္း၊ေရာင္းဝယ္ျခင္းတို႔မွ ရရွိသည့္ ဝင္ေငြမ်ားႏွင့္ေငြေၾကးခဝါခ် မႈတိုက္ဖ်က္ေရးဥပေဒအရ အေရးယူေဆာင္ရြက္သည့္ ကိစၥမ်ားႏွင့္သက္ဆိုင္မႈမရွိေၾကာင္း၊၎ေငြေၾကးမ်ားအတြက္ သက္ဆိုင္ရာဥပေဒမ်ားအရသာ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း ေျပာထားသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများဖြစ်သည့် အိမ်၊ခြံ၊မြေ၊အိုးအိမ်၊တိုက်တာအခြေပစ္စည်း အရောင်းအဝယ်အပေါ်ဝင်ငွေခွန်ကောက်ခံသည့် နှုန်းထားများ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် လျှော့ချလိုက်သည်။
သြဂုတ်လ ၇ ရက်နေ့က ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တင်သွင်းခဲ့သည်။
ယခင်နှစ်က အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊တည်ဆောက်ခြင်း၊ ရယူခြင်းနှင့်လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ခြင်းများအတွက် အသုံးပြုမည့်ငွေကြေးများအပေါ် ဝင်ငွေခွန်ကောက်ခံရာတွင် တစ်ကျပ်မှ ကျပ်သိန်း ၃ဝဝ အထိ ၁၅ ရာခိုင်နှုန်း၊ကျပ်သိန်း ၃ဝဝ အထက်မှ ကျပ်သိန်း ၁ဝဝဝ အထိ ၂၀ ရာခိုင်နှုန်း၊ကျပ်သိန်း ၁ဝဝဝ အထက်ကို ၃၀ ရာခိုင်နှုန်းကောက်ခံခဲ့သည်။
ယခုနှစ်တွင် တစ်ကျပ်မှ ကျပ်သိန်း ၁ဝဝဝ အထိ သုံးရာခိုင်နှုန်း၊ကျပ်သိန်း ၁ဝဝဝ အထက်မှ ကျပ်သိန်း ၃ဝဝဝ အထိ ငါးရာခိုင်နှုန်း၊ကျပ်သိန်း ၃ဝဝဝ အထက်မှ ကျပ်သိန်း ၃၀,ဝဝဝ အထိ ၁၀ ရာခိုင်နှုန်း၊ကျပ်သိန်း ၃၀,ဝဝဝ အထက် ၃၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု အခွန်အကောက်ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
ဒုတိယဝန်ကြီးက လျှော့ချသတ်မှတ်ခြင်း၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့အနေနှင့် နိုင်ငံတော်၏ လက်ရှိစီးပွားရေးအခြေအနေကို ပိုမိုတိုးတက်ကောင်း မွန်လာစေရန် တွန်းအားပေးဆောင်ရွက်သည့် အနေဖြင့် ပြည်တွင်းရင်းနှီးမြှုုပ်နှံမှုနှင့် စားသုံးမှုများတိုးမြင့်လာစေရန်အလို့ငှာ ပြည်သူအများလက်ဝယ်ရှိ စည်းကြပ်မှုမှ လွတ်ကင်းနေသောငွေများ ပြန်လည်ပေါ်ထွက်လာစေရန်အတွက်ဖြစ်ကြောင်း ပြောထားသည်။
ယခုကဲ့သို့ ဝင်ငွေခွန် နှုန်းထားလျှော့ချပေးခြင်းကို အခြေပစ္စည်းတစ်ရပ်ရပ်ဝယ်ယူခြင်း၊တည်ဆောက် ခြင်း၊ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့များအတွက် အသုံးပြုမည့်ငွေကြေးများ အပေါ်၌သာ ခံစားရရှိမည်ဖြစ်သည်။
ယခုကဲ့သို့ဆောင်ရွက်သည့်နေရာတွင် ဖော်ထုတ်တင်ပြသည့် ငွေသည်တရားမဝင်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ရောင်းဝယ်ခြင်းတို့မှ ရရှိသည့် ဝင်ငွေများနှင့်ငွေကြေးခဝါချ မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သည့် ကိစ္စများနှင့်သက်ဆိုင်မှုမရှိကြောင်း၊၎င်းငွေကြေးများအတွက် သက်ဆိုင်ရာဥပဒေများအရသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောထားသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com