ေရႊေစ်းႏႈန္း တရွိန္ထိုးျမင့္တက္ျခင္းရဲ႕ေနာက္ကြယ္ - Property News in Myanmar from iMyanmarHouse.com
1480 Views

ေရႊေစ်းႏႈန္း တရွိန္ထိုးျမင့္တက္ျခင္းရဲ႕ေနာက္ကြယ္

### Zawgyi Version ###

ေရႊေစ်းႏႈန္း တရွိန္ထိုးျမွင့္တက္ေနတာေၾကာင့္ ျပည္တြင္းေရႊေစ်းကြက္မွာ အေရာင္းအ၀ယ္ေတြမေကာင္းဘူးလို႔ ျမန္မာႏိုင္ငံေရႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးေက်ာ္၀င္းကေျပာပါတယ္။

ျပည္တြင္းေရႊေစ်းဟာ ဇြန္ တတိယပတ္က စတင္တက္ခဲ့တာျဖစ္ၿပီး ၁၁ သိန္း၀န္းက်င္ခန္႕ကေန လက္ရွိမွာေတာ့ ၁၂ သိန္းေက်ာ္အထိ ေရာက္ရွိေနၿပီျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ေရႊေစ်းကစားျခင္းေတြမရွိေအာင္ ေစ်းကြက္မွာ ထိန္းထိန္းသိမ္းသိမ္းေရာင္းၾကဖို႔နဲ႕ လက္ရွိအေျခအေနေတြကို ေစာင့္ၾကည့္ၾကဖို႔ မွာၾကားထားတယ္လို႔ ဆိုပါတယ္။ “ ေလာေလာဆယ္ေတာ့ ဒီလိုအတက္ေလးေတြ အဆင္းေလးေတြျဖစ္ေနတဲ့အခ်ိန္ေတာ့ ႏိုင္ငံေတာ္ဘက္ကို လက္ရွိျဖစ္ေနတဲ့ အေျခအေနကို ပံုမွန္ေလးတင္ျပေနတာေပါ့ ပံုမွန္ေတာ့တင္ျပေနတယ္။ လိုအပ္ရင္ေတာ့ ႏိုင္ငံေတာ္ဘက္ကလည္း ကၽြန္ေတာ္တို႕ကို ကူညီမွာပါ။” လို႕ ဦးေက်ာ္၀င္းကေျပာပါတယ္။

ဒါဟာ ႏိုင္ငံတကာမွာျဖစ္ေနတဲ့ ကိစၥရပ္ျဖစ္တာေၾကာင့္ ျမန္္မာတစ္ႏိိုင္ငံတည္းကေနလုပ္ေဆာင္လို႕မရဘူးလို႕သိရပါတယ္။

ျမန္မာႏိုင္ငံဟာ ကမာၻ႕ေရႊ၀ယ္ယူမႈအမ်ားဆံုးႏိုင္ငံေတြျဖစ္တဲ့ တရုတ္နဲ႕ အိႏၵိယႏိုင္ငံၾကားမွာ တည္ရွိေနတာေၾကာင့္ ေရႊေစ်းဟာ အတက္ဘက္ကို ဦးတည္ေနတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ တရုတ္-အေမရိကန္ ကုန္သြယ္ေရးပဋိပကၡေၾကာင့္ ေဒၚလာနဲ႕ စေတာ့၀ယ္ယူမႈေတြအစား ေရႊကိုသာ ပိုမို၀ယ္ယူလာတာေၾကာင့္ ကမာၻ႕ေရႊေစ်းဟာ တက္ေနတယ္လို႔ သိရပါတယ္။

လက္ရိွမွာ ျပည္တြင္းေရႊေစ်းနဲ႕ ကမာၻ႕ေရႊေစ်းဟာ က်ပ္ႏွစ္ေသာင္းေက်ာ္ကြာဟေနတာေၾကာင့္ ေစ်းျပန္က်ဖို႔ ခက္ခဲေနၿပီး ေရႊ၀ယ္ယူမႈမွာလည္း က်ဆင္းေနတယ္လို႔ဆိုပါတယ္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရွှေဈေးနှုန်း တရှိန်ထိုးမြှင့်တက်နေတာကြောင့် ပြည်တွင်းရွှေဈေးကွက်မှာ အရောင်းအဝယ်တွေမကောင်းဘူးလို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ဝင်းကပြောပါတယ်။

ပြည်တွင်းရွှေဈေးဟာ ဇွန် တတိယပတ်က စတင်တက်ခဲ့တာဖြစ်ပြီး ၁၁ သိန်းဝန်းကျင်ခန့်ကနေ လက်ရှိမှာတော့ ၁၂ သိန်းကျော်အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒါ့ကြောင့် ရွှေဈေးကစားခြင်းတွေမရှိအောင် ဈေးကွက်မှာ ထိန်းထိန်းသိမ်းသိမ်းရောင်းကြဖို့နဲ့ လက်ရှိအခြေအနေတွေကို စောင့်ကြည့်ကြဖို့ မှာကြားထားတယ်လို့ ဆိုပါတယ်။ “ လောလောဆယ်တော့ ဒီလိုအတက်လေးတွေ အဆင်းလေးတွေဖြစ်နေတဲ့အချိန်တော့ နိုင်ငံတော်ဘက်ကို လက်ရှိဖြစ်နေတဲ့ အခြေအနေကို ပုံမှန်လေးတင်ပြနေတာပေါ့ ပုံမှန်တော့တင်ပြနေတယ်။ လိုအပ်ရင်တော့ နိုင်ငံတော်ဘက်ကလည်း ကျွန်တော်တို့ကို ကူညီမှာပါ။” လို့ ဦးကျော်ဝင်းကပြောပါတယ်။

ဒါဟာ နိုင်ငံတကာမှာဖြစ်နေတဲ့ ကိစ္စရပ်ဖြစ်တာကြောင့် မြန်မာတစ်နိုင်ငံတည်းကနေလုပ်ဆောင်လို့မရဘူးလို့သိရပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ရွှေဝယ်ယူမှုအများဆုံးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြားမှာ တည်ရှိနေတာကြောင့် ရွှေဈေးဟာ အတက်ဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်-အမေရိကန် ကုန်သွယ်ရေးပဋိပက္ခကြောင့် ဒေါ်လာနဲ့ စတော့ဝယ်ယူမှုတွေအစား ရွှေကိုသာ ပိုမိုဝယ်ယူလာတာကြောင့် ကမ္ဘာ့ရွှေဈေးဟာ တက်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြည်တွင်းရွှေဈေးနဲ့ ကမ္ဘာ့ရွှေဈေးဟာ ကျပ်နှစ်သောင်းကျော်ကွာဟနေတာကြောင့် ဈေးပြန်ကျဖို့ ခက်ခဲနေပြီး ရွှေဝယ်ယူမှုမှာလည်း ကျဆင်းနေတယ်လို့ဆိုပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service