ဘိုးရင္းေလယာဥ္ႀကီးမ်ားပါ ဆင္းသက္ႏိုင္ရန္ထပ္မံတိုးခ်ဲ႕မည့္ ပခုကၠဴေလဆိပ္ - Property News in Myanmar from iMyanmarHouse.com
1084 Views

ဘိုးရင္းေလယာဥ္ႀကီးမ်ားပါ ဆင္းသက္ႏိုင္ရန္ထပ္မံတိုးခ်ဲ႕မည့္ ပခုကၠဴေလဆိပ္

### Zawgyi Version ###

ပခုကၠဴ ေလဆိပ္ကိုသာ ႏိုင္ငံတကာေလဆိပ္အျဖစ္ အဆင့္ျမႇင့္တင္သြားမည္ျဖစ္ၿပီး Boeing 737-800 ေလယာဥ္မ်ားအထိ ဆင္းသက္ႏိုင္ရန္ အဆင့္ျမႇင့္တင္သြားမည္ျဖစ္ၿပီး ပုဂံ-ေညာင္ဦးေလဆိပ္ကိုမူ အဆင့္ျမႇင့္တင္ဦးမည္မဟုတ္ေသးေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနမွ သိရသည္။

ပုဂံယဥ္ေက်းမႈ အေမြအႏွစ္ေဒသအား ကမၻာ့အေမြအႏွစ္စာရင္းဝင္အျဖစ္ သတ္မွတ္ခံရၿပီးျဖစ္၍ ႏိုင္ငံတ ကာခရီးသြားမ်ားပိုမိုဝင္ေရာက္လာႏိုင္ၿပီး အထူးသျဖင့္ ေလယာဥ္ျဖင့္ လာေရာက္မည့္ခရီး သည္အေရအတြက္ တိုးတက္မ်ားျပားလာႏိုင္သည့္အေပၚ ပုဂံ-ေညာင္ဦးေလဆိပ္သို႔ ေလယာဥ္ႀကီးမ်ား ဆင္း/တက္ျခင္းကိုခြင့္မျပဳဘဲ လက္ရွိ ျပည္တြင္းေလေၾကာင္းလိုင္းမ်ားတြင္ အသံုးျပဳေနေသာ ေလယာဥ္မ်ားျဖစ္သည့္ Embraer-190 ႏွင့္ ATR-72 ေလယာဥ္မ်ားကိုသာ ဆက္လက္ဆင္းသက္အသံုးျပဳသြားေစမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေလဆိပ္၏ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ေကာင္းမြန္စြာေဆာင္ရြက္မည္ျဖစ္ၿပီး ေလဆိပ္အေဆာက္အအုံကို အႀကီးစားမြမ္းမံျပင္ဆင္မည္ျဖစ္ေၾကာင္း သိရသည္။

ပုဂံ-ေညာင္ဦးေလဆိပ္ႏွင့္ (၂၂) မိုင္ခန္႔ကြာေဝးေသာ ပခုကၠဴေလဆိပ္အား Master Plan ေရးဆြဲ၍ ေရရွည္စီမံကိန္းအေနျဖင့္ ႏိုင္ငံတကာမွ Boeing 737-800 ေလယာဥ္မ်ားအထိ ဆင္းသက္အသံုးျပဳႏိုင္ေရးအတြက္ ႏိုင္ငံတကာေလဆိပ္အျဖစ္အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ပခုကၠဴေလဆိပ္သည္ ေျမဧရိယာ စုစုေပါင္းမွာ ( ၉၆၅ ဒသမ၃၅) ဧကရွိၿပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ေပ ၃၅၀ တြင္ရွိသည္။ေလယာဥ္ေျပးလမ္း ၈၅၀၀ ေပ၊အက်ယ္ ေပ ၁၀၀ ရွိၿပီးႏိုင္လြန္ကတၱရာအမ်ိဳးအစားေျပးလမ္းျဖစ္ေၾကာင္း၊ ၂၀၁၅ခုႏွစ္ မတ္လ၃ရက္ေန႔တြင္ ၎ေလဆိပ္အတြက္ ေလ်ာ္ေၾကးေပးေခ်ရမည့္ ယာေျမ စုစုေပါင္း (၉၃၅ဒသမ၉၃) ဧကအတြက္တိုင္းေဒသႀကီး ေျမအသံုးခ်မႈစီမံခန္႔ခြဲေရးေကာ္မတီမွအတည္ျပဳသတ္မွတ္ႏႈန္းထားအတိုင္း စုစုေပါင္းေလ်ာ္ေၾကးေငြက်ပ္ ၁၄၀၃ ဒသမ ၈၉၅ သန္းအား ေတာင္သူမ်ားအားေပးေလ်ာ္ၿပီးျဖစ္ေၾကာင္းလည္း သိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ပခုက္ကူလေဆိပ်ကိုသာ နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး Boeing 737-800 လေယာဉ်များအထိ ဆင်းသက်နိုင်ရန် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး ပုဂံ-ညောင်ဦးလေဆိပ်ကိုမူ အဆင့်မြှင့်တင်ဦးမည်မဟုတ်သေးကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီးဖြစ်၍ နိုင်ငံတ ကာခရီးသွားများပိုမို ဝင်ရောက်လာနိုင်ပြီး အထူးသဖြင့် လေယာဉ်ဖြင့် လာရောက်မည့်ခရီး သည်အရေအတွက် တိုးတက်များပြားလာနိုင်သည့်အပေါ် ပုဂံ-ညောင်ဦးလေဆိပ်သို့ လေယာဉ်ကြီးများ ဆင်း/တက်ခြင်းကိုခွင့်မပြုဘဲ လက်ရှိ ပြည်တွင်းလေကြောင်းလိုင်းများတွင် အသုံးပြုနေသော လေယာဉ်များဖြစ်သည့် Embraer-190 နှင့် ATR-72 လေယာဉ်များကိုသာ ဆက်လက်ဆင်းသက် အသုံးပြုသွားစေမည်ဖြစ်ကြောင်းသိရသည်။ထို့ကြောင့် လေဆိပ်၏ဝန်ဆောင်မှုလုပ်ငန်းများကို ကောင်းမွန်စွာဆောင်ရွက်မည်ဖြစ်ပြီး လေဆိပ်အဆောက်အအုံကို အကြီးစားမွမ်းမံပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။

ပုဂံ-ညောင်ဦးလေဆိပ်နှင့် (၂၂) မိုင်ခန့်ကွာဝေးသော ပခုက္ကူလေဆိပ်အား Master Plan ရေးဆွဲ၍ ရေ ရှည်စီမံကိန်းအနေဖြင့် နိုင်ငံတကာမှ Boeing 737-800 လေယာဉ်များအထိ ဆင်းသက်အသုံးပြုနိုင်ရေးအတွက် နိုင်ငံတကာလေဆိပ်အဖြစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပခုက္ကူလေဆိပ်သည် မြေဧရိယာ စုစုပေါင်းမှာ (၉၆၅ ဒသမ၃၅) ဧကရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၀ တွင်ရှိသည်။လေယာဉ်ပြေးလမ်း ၈၅၀၀ ပေ၊အကျယ် ပေ ၁၀၀ ရှိပြီးနိုင်လွန်ကတ္တရာအမျိုးအစားပြေးလမ်းဖြစ်ကြောင်း၊ ၂၀၁၅ခုနှစ် မတ်လ၃ရက်နေ့တွင် ၎င်းလေဆိပ်အတွက် လျော်ကြေးပေးချေရမည့် ယာမြေ စုစုပေါင်း (၉၃၅ဒသမ၉၃) ဧကအတွက်တိုင်းဒေသကြီး မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီမှအတည်ပြုသတ်မှတ်နှုန်းထားအတိုင်း စုစုပေါင်း လျော်ကြေးငွေကျပ် ၁၄၀၃ ဒသမ၈၉၅သန်းအား တောင်သူများအားပေးလျော်ပြီးဖြစ်ကြောင်းလည်း သိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service