စံႏႈန္းမ်ားႏွင့္ကိုက္ညီမႈရွိ မရွိ အထပ္ျမင့္အေဆာက္အအုံမ်ားတည္ေဆာက္ေနစဥ္ ေရွာင္တခင္စစ္ေဆးမႈလုပ္ - Property News in Myanmar from iMyanmarHouse.com
696 Views

စံႏႈန္းမ်ားႏွင့္ကိုက္ညီမႈရွိ မရွိ အထပ္ျမင့္အေဆာက္အအုံမ်ားတည္ေဆာက္ေနစဥ္ ေရွာင္တခင္စစ္ေဆးမႈလုပ္

### Zawgyi Version ###

သတ္မွတ္ထားသည့္စံႏႈန္းမ်ား ႏွင့္ကိုက္ညီမႈရွိမရွိကို အထပ္ျမင့္အေဆာက္အအုံ တည္ေဆာက္ေနစဥ္အတြင္း ေရွာင္တခင္ဝင္ေရာက္ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ (အေဆာက္အအုံဌာန) အေနႏွင့္ေျပာထားရာတြင္ ေျပာၿပီးမွစစ္ေဆးတာမ်ိဳးလည္းရွိေၾကာင္း၊အျပင္သြားရင္းႏွင့္ဝင္စစ္တာမ်ိဳးလည္းရွိေၾကာင္း၊သတ္မွတ္စံႏႈန္းႏွင့္မညီဘဲ တခ်ိဳ႕တေလ ေဖာက္ဖ်က္တာမ်ိဳးလည္းရွိေၾကာင္း၊အေရးယူမႈလည္းရွိေၾကာင္း၊မစစ္ေဆးဘဲမေနေၾကာင္း သိရသည္။

ခြင့္ျပဳေပးထားသည့္ အထပ္ျမင့္အေဆာက္အအုံမ်ားကို ဌာနအေနႏွင့္ေရွာင္တခင္စစ္ေဆးမႈမ်ား တစ္ပတ္လၽွင္ ႏွစ္ႀကိမ္ (သို႔မဟုတ္) သုံးႀကိမ္ နံနက္ ၆ နာရီမွ ညေန ၆ နာရီအတြင္း ျပဳလုပ္လ်က္ရွိေၾကာင္းသိရသည္။

သတ္မွတ္ထားသည့္စံႏႈန္းမ်ားမွာ လူေန အိမ္ေျခေနရာမ်ား တစ္ခန္းလၽွင္တစ္စီး ရာခိုင္ႏႈန္း ၂၀ ထပ္ ေပါင္းေပးရန္၊ စီးပြားေရး ႏွင့္ဆိုင္ေသာေနရာမ်ားျဖစ္သည့္ ႐ုံးခန္းမ်ား ထားရွိမည့္အေဆာက္အအုံမ်ား ၁၀ဝ Meter Square လၽွင္ တစ္စီး၊ ေဈးဆိုင္ခန္းမ်ား ၁၀ဝ Meter Square လၽွင္ တစ္စီး၊ စားေသာက္ ဆိုင္မ်ား ၅၀ Meter Square လၽွင္ တစ္စီး၊ ဟိုတယ္မ်ား ၂၀ဝ Meter Square လၽွင္ တစ္စီး၊ ႐ုပ္ရွင္႐ုံမ်ား၊ ျပဇာတ္႐ုံမ်ားထိုင္ခုံ ၁၀ ခုံလၽွင္ တစ္စီး ႏွင့္ ဂိုေဒါင္ကုန္တင္ကုန္ခ်ေနရာ ၈၀ဝ Meter Square လၽွင္ တစ္စီးသတ္မွတ္ ထားသည္။

သတ္မွတ္ထားသည့္ စံႏႈန္းမ်ားကို ေဖာက္ဖ်က္ပါက ပထမအႀကိမ္ႏွင့္ ဒုတိယအႀကိမ္တြင္ သတိေပးမႈ မ်ားျပဳလုပ္ၿပီး ေနာက္ဆုံးအႀကိမ္၌ ေဆာက္လုပ္ခြင့္ ရပ္ဆိုင္းမည္ျဖစ္ေၾကာင္း သိရသည္။

 

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

သတ်မှတ်ထားသည့်စံနှုန်းများ နှင့်ကိုက်ညီမှုရှိမရှိကို အထပ်မြင့်အဆောက်အအုံ တည်ဆောက်နေစဉ်အတွင်း ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (အဆောက်အအုံဌာန) အနေနှင့်ပြောထားရာတွင် ပြောပြီးမှစစ်ဆေးတာမျိုးလည်းရှိကြောင်း၊အပြင်သွားရင်းနှင့်ဝင်စစ်တာမျိုးလည်းရှိကြောင်း၊သတ်မှတ်စံနှုန်းနှင့်မညီဘဲ တချို့တလေ ဖောက်ဖျက်တာမျိုးလည်းရှိကြောင်း၊အရေးယူမှုလည်းရှိကြောင်း၊မစစ်ဆေးဘဲမနေကြောင်း သိရသည်။

ခွင့်ပြုပေးထားသည့် အထပ်မြင့်အဆောက်အအုံများကို ဌာနအနေနှင့်ရှောင်တခင်စစ်ဆေးမှုများ တစ်ပတ်လျှင် နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ပြုလုပ်လျက်ရှိကြောင်းသိရသည်။

သတ်မှတ်ထားသည့်စံနှုန်းများမှာ လူနေ အိမ်ခြေနေရာများ တစ်ခန်းလျှင် တစ်စီး ရာခိုင်နှုန်း ၂၀ ထပ် ပေါင်းပေးရန်၊ စီးပွားရေး နှင့်ဆိုင်သောနေရာများဖြစ်သည့် ရုံးခန်းများ ထားရှိမည့်အဆောက်အအုံများ ၁၀ဝMeter Square လျှင် တစ်စီး၊ ဈေးဆိုင်ခန်းများ ၁၀ဝMeter Square လျှင် တစ်စီး၊ စားသောက် ဆိုင်များ ၅၀Meter Square လျှင် တစ်စီး၊ ဟိုတယ်များ ၂၀ဝ Meter Square လျှင် တစ်စီး၊ ရုပ်ရှင်ရုံများ၊ ပြဇာတ်ရုံများထိုင်ခုံ ၁၀ ခုံလျှင် တစ်စီး နှင့် ဂိုဒေါင်ကုန်တင်ကုန်ချနေရာ ၈၀ဝ Meter Square လျှင် တစ်စီးသတ်မှတ် ထားသည်။

သတ်မှတ်ထားသည့် စံနှုန်းများကို ဖောက်ဖျက်ပါက ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် သတိပေးမှု များပြုလုပ်ပြီး နောက်ဆုံးအကြိမ်၌ ဆောက်လုပ်ခွင့် ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။

 

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service