အေဆာက္အအံုမ်ား စစ္ေဆးႀကီးၾကပ္မည့္အဖြဲ႕ ၾသဂုတ္ (၂) ရက္တြင္ ဖြဲ႕စည္း - Property News in Myanmar from iMyanmarHouse.com
749 Views

အေဆာက္အအံုမ်ား စစ္ေဆးႀကီးၾကပ္မည့္အဖြဲ႕ ၾသဂုတ္ (၂) ရက္တြင္ ဖြဲ႕စည္း

### Zawgyi Version ###

ဒု၀န္ႀကီးေဟာင္း ေဒါက္တာေအာင္ေက်ာ္ျမတ္အား ဥကၠ႒တာ၀န္ေပး၍ ၁၂ ထပ္ႏွင့္အထက္ အေဆာက္အအံုႏွင့္ လူ ၅၀၀ ႏွင့္အထက္ အသံုးျပဳမည့္ ေလဆိပ္၊ ေဆး႐ံု စသည့္ အေဆာက္အအံုမ်ား စစ္ေဆးႀကီးၾကပ္မည့္ အဖြဲ႕ကို ေဆာက္လုပ္ေရး၀န္ႀကီးဌာနက ၾသဂုတ္ ၂ ရက္တြင္ ဖြဲ႔စည္းခဲ့သည္။

အဖြဲ႔ဝင္ ၃၃ ဦး ပါဝင္ၿပီး ‘အထပ္ျမင့္ႏွင့္အမ်ားျပည္သူသံုး အေဆာက္အအံုတည္ ေဆာက္ေရးစီမံကိန္းမ်ား ႀကီးၾကပ္စစ္ေဆးေရး ပညာရွင္အဖြဲ႕’ အမည္ျဖင့္ ဖြဲ႔စည္းျခင္းျဖစ္သည္။ယခင္အဖြဲ႔ကို လူစားထိုး၍ အမည္အ သစ္ျဖင့္ ျပန္လည္ဖြဲ႔စည္းျခင္းျဖစ္ေၾကာင္းသိရသည္။

ယခုအဖြဲ႔သည္ တစ္ႏိုင္ငံလံုးကို ကိုင္တြယ္စစ္ေဆးရမည့္ အဖြဲ႔ျဖစ္ေၾကာင္း၊ ယခင္အဖြဲ႕ေဟာင္းသည္ ရန္ကုန္တုိင္းတစ္ခုတည္းအတြက္သာ ျဖစ္ခဲ့သည္။အဖြဲ႕သစ္အေနႏွင့္အထပ္ျမင့္အေဆာက္အအံုမ်ား စစ္ေဆးျခင္းႏွင့္ မေဆာက္ခင္ ဒီဇိုင္းစစ္ျခင္းမ်ား လုပ္ရမည္ျဖစ္ေၾကာင္းသိရသည္။

ယင္းအဖြဲ႕တြင္ ဥကၠ႒တာ၀န္ယူထားသည့္ ေဒါက္တာေအာင္ေက်ာ္ျမတ္သည္ ယခင္ဦးသိန္းစိန္ အစိုးရ လက္ထက္ သိပၸံႏွင့္နည္းပညာ၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီးအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ဖူးသည္။

ထို႔ျပင္ အဆိုပါအဖြဲ႔တြင္ ေနျပည္ေတာ္ေကာင္စီ စည္ပင္သာယာေရးေကာ္မတီ၊အေဆာက္အအံုဦးစီးဌာ န၊မီးသတ္ဦးစီးဌာန၊ပညာေရး၀န္ႀကီးဌာန၊ရန္ကုန္နည္းပညာတကၠသိုလ္၊မႏၲေလးနည္းပညာတကၠသိုလ္၊ ရန္ကုန္ ႏွင့္ မႏၲေလး စည္ပင္သာယာေရးေကာ္မတီ၊အင္ဂ်င္နီယာေကာင္စီ၊ ဗိသုကာ ေကာင္စီ၊အင္ဂ်င္နီယာအသင္းခ်ဳပ္၊ ငလ်င္ေကာ္မတီႏွင့္ ျပင္ပပညာရွင္မ်ား ပါဝင္သည္။

အဖြဲ႕အေနႏွင့္ ၁၂ ထပ္ႏွင့္ အထက္ရွိေသာ အေဆာက္အအံုမ်ားႏွင့္ လူ ၅၀၀ ႏွင့္အထက္ အသံုးျပဳမည့္ ေလဆိပ္မ်ား၊ေဆး႐ံုမ်ား စသည့္ စီမံကိန္းမ်ားႏွင့္ပတ္သက္၍ ေအာက္ပါအခ်က္မ်ား ေဆာင္ရြက္ရမည္ျဖစ္သည္။

စံခ်ိန္စံႏႈန္းမ်ား စိစစ္ျခင္း၊ အေဆာက္အအံုမ်ား ဒီဇုိင္းတြက္ခ်က္ရာတြင္ လိုက္နာရမည့္ လမ္းၫႊန္ခ်က္ မ်ား သတ္မွတ္ျခင္း၊ ၿမိဳ့ျပပတ္၀န္းက်င္ထိခိုက္မႈ မျဖစ္ေစေရးႏွင့္ အေဆာက္အအံုအရည္အေသြးထိန္းသိမ္းေရး အတြက္ စီမံကိန္းပိုင္ရွင္၊ စီမံခန္႔ခြဲသူမ်ားႏွင့္ အင္ဂ်င္နီယာမ်ား လုိက္နာရမည့္ လမ္းၫႊန္ခ်က္မ်ားေရးဆြဲျခင္းႏွင့္ ဒီဇုိင္းမ်ားသည္ သတ္မွတ္ထားေသာ လမ္းၫႊန္ခ်က္မ်ားႏွင့္ ကိုက္ညီမႈရွိ မရွိ၊ ႏိုင္ငံတကာ က်င့္ထံုးမ်ားအရ လက္ခံႏုိင္မႈရွိ မရွိ စစ္ေဆးရန္ ပါ၀င္သည္။

အဖြဲ႕သည္ တည္ေဆာက္ေရးလုပ္ငန္းခြင္သို႔ သြားေရာက္ၿပီး ပံုမွန္စစ္ေဆးရန္၊ အရည္အေသြးအတြက္ အႀကံေပးရန္၊ ဌာနဆိုင္ရာမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ျခင္း၊ နည္းပညာျမင့္မားသည့္ အေဆာက္အအံုမ်ားကို စိစစ္ရန္ လိုအပ္လာပါက စီမံကိန္းတိုင္းအတြက္ ျပင္ပကၽြမ္းက်င္ပညာရွင္ကို အခေၾကးေငြျဖင့္ ငွားရမ္း၍ တာ၀န္ေပးအပ္ျခင္းႏွင့္ အေဆာက္အအုံမ်ား တည္ေဆာက္ဆဲကာလတြင္ ေဘးအႏၲရာယ္ကင္းရွင္းေရး လိုက္နာမႈ ရွိ မရွိ စစ္ေဆးရမည္ဟုလည္း တာ၀န္ေပးထားေၾကာင္း သိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

### Unicode Version ###

 

ဒုဝန်ကြီးဟောင်း ဒေါက်တာအောင်ကျော်မြတ်အား ဥက္ကဋ္ဌတာဝန်ပေး၍ ၁၂ ထပ်နှင့်အထက် အဆောက်အအုံနှင့် လူ ၅၀၀ နှင့်အထက် အသုံးပြုမည့် လေဆိပ်၊ ဆေးရုံ စသည့် အဆောက်အအုံများ စစ်ဆေးကြီးကြပ်မည့် အဖွဲ့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက သြဂုတ် ၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။

အဖွဲ့ဝင် ၃၃ ဦး ပါဝင်ပြီး ‘အထပ်မြင့်နှင့်အများပြည်သူသုံး အဆောက်အအုံတည် ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့’ အမည်ဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်။ယခင်အဖွဲ့ကို လူစားထိုး၍ အမည်အ သစ်ဖြင့် ပြန်လည်ဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရသည်။

ယခုအဖွဲ့သည် တစ်နိုင်ငံလုံးကို ကိုင်တွယ်စစ်ဆေးရမည့် အဖွဲ့ဖြစ်ကြောင်း၊ ယခင်အဖွဲ့ဟောင်းသည် ရန်ကုန်တိုင်းတစ်ခုတည်းအတွက်သာ ဖြစ်ခဲ့သည်။အဖွဲ့သစ်အနေနှင့်အထပ်မြင့်အဆောက်အအုံများ စစ်ဆေး ခြင်းနှင့် မဆောက်ခင် ဒီဇိုင်းစစ်ခြင်းများ လုပ်ရမည်ဖြစ်ကြောင်းသိရသည်။

ယင်းအဖွဲ့တွင် ဥက္ကဋ္ဌတာဝန်ယူထားသည့် ဒေါက်တာအောင်ကျော်မြတ်သည် ယခင်ဦးသိန်းစိန် အစိုးရ လက်ထက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ထို့ပြင် အဆိုပါအဖွဲ့တွင် နေပြည်တော်ကောင်စီ စည်ပင်သာယာရေးကော်မတီ၊အဆောက်အအုံဦးစီးဌာ န၊မီးသတ်ဦးစီးဌာန၊ပညာရေးဝန်ကြီးဌာန၊ရန်ကုန်နည်းပညာတက္ကသိုလ်၊မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန် နှင့်မန္တလေး စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာကောင်စီ၊ ဗိသုကာ ကောင်စီ၊အင်ဂျင်နီယာအသင်းချုပ်၊ ငလျင်ကော်မတီနှင့် ပြင်ပပညာရှင်များ ပါဝင်သည်။

အဖွဲ့အနေနှင့် ၁၂ ထပ်နှင့် အထက်ရှိသော အဆောက်အအုံများနှင့် လူ ၅၀၀ နှင့်အထက် အသုံးပြုမည့် လေဆိပ်များ၊ဆေးရုံများ စသည့် စီမံကိန်းများနှင့်ပတ်သက်၍ အောက်ပါအချက်များ ဆောင်ရွက်ရမည်ဖြစ်သည်။

စံချိန်စံနှုန်းများ စိစစ်ခြင်း၊ အဆောက်အအုံများ ဒီဇိုင်းတွက်ချက်ရာတွင် လိုက်နာရမည့် လမ်းညွှန်ချက် များ သတ်မှတ်ခြင်း၊ မြို့ပြပတ်ဝန်းကျင်ထိခိုက်မှု မဖြစ်စေရေးနှင့် အဆောက်အအုံအရည်အသွေးထိန်းသိမ်းရေး အတွက် စီမံကိန်းပိုင်ရှင်၊ စီမံခန့်ခွဲသူများနှင့် အင်ဂျင်နီယာများ လိုက်နာရမည့် လမ်းညွှန်ချက်များရေးဆွဲခြင်းနှင့် ဒီဇိုင်းများသည် သတ်မှတ်ထားသော လမ်းညွှန်ချက်များနှင့် ကိုက်ညီမှုရှိ မရှိ၊ နိုင်ငံတကာ ကျင့်ထုံးများအရ လက်ခံနိုင်မှုရှိ မရှိ စစ်ဆေးရန် ပါဝင်သည်။

အဖွဲ့သည် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ပြီး ပုံမှန်စစ်ဆေးရန်၊ အရည်အသွေးအတွက် အကြံပေးရန်၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာမြင့်မားသည့် အဆောက်အအုံများကို စိ စစ်ရန် လိုအပ်လာပါက စီမံကိန်းတိုင်းအတွက် ပြင်ပကျွမ်းကျင်ပညာ ရှင်ကို အခကြေးငွေဖြင့် ငှားရမ်း၍ တာဝန် ပေးအပ်ခြင်းနှင့် အဆောက်အအုံများ တည်ဆောက်ဆဲကာလတွင် ဘေးအန္တရာယ်ကင်းရှင်းရေး လိုက်နာမှု ရှိ မရှိ စစ်ဆေးရမည်ဟုလည်း တာဝန် ပေးထားကြောင်းသိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service