သုံးပုံႏွစ္ပုံသာ တန္ဖိုးမၽွတအိမ္ရာ ဝယ္ယူခြင့္မဲလက္မွတ္ လာေရာက္ လဲလွယ္ထုတ္ယူခဲ့ၿပီး စည္ပင္သာယာတြင္ မဲႏႈိက္ေရြးခ်ယ္ - Property News in Myanmar from iMyanmarHouse.com
793 Views

သုံးပုံႏွစ္ပုံသာ တန္ဖိုးမၽွတအိမ္ရာ ဝယ္ယူခြင့္မဲလက္မွတ္ လာေရာက္ လဲလွယ္ထုတ္ယူခဲ့ၿပီး စည္ပင္သာယာတြင္ မဲႏႈိက္ေရြးခ်ယ္

### Zawgyi Version ###

ယခုႏွစ္တြင္ ဒုတိယအႀကိမ္အျဖစ္ ျမရည္နႏၵာတန္ဖိုးမၽွတအိမ္ရာေရာင္းခ်ေပးရာတြင္ ဝယ္ယူရန္ ေလၽွာက္လႊာတင္သူ ၄၀၀၀ ေက်ာ္ရွိၿပီး သုံးပုံႏွစ္ပုံသာ ဝယ္ယူခြင့္ မဲႏွိုက္ရန္ မဲလက္မွတ္ လာေရာက္ လဲလွယ္ထုတ္ယူခဲ့ေၾကာင္း သိရသည္။

ဇူလိုင္ ၃၀ ရက္က စည္ပင္သာယာေရးေကာ္မတီ ၿမိဳ႕ေတာ္ခန္းမတြင္ တန္ဖိုးမၽွတအိမ္ရာ ဝယ္ယူခြင့္အတြက္ မဲႏႈိက္ေရြးခ်ယ္မႈ ျပဳလုပ္ခဲ့ၿပီး ေလၽွာက္ထားသည့္ ဝန္ထမ္းမ်ားအား လုပ္သက္မ်ားျဖင့္ ေအ၊ ဘီ၊ စီ၊ ဒီ အျဖစ္ အုပ္စုမ်ားခြဲကာ ဝယ္ယူခြင့္အား မဲႏႈိက္ခ်ထားေပးျခင္းျဖစ္ၿပီး မဲလက္မွတ္ထုတ္ယူမႈ နည္းသည့္အတြက္ မဲလက္မွတ္လဲယူ သည့္အခ်ိန္အား ေအ အုပ္စုႏွင့္ ဒီ အုပ္စုမ်ားကို နံနက္ ၇ နာရီမွ မဲမႏွိုက္မီ နံနက္ ၁၀ နာရီအထိ လည္းေကာင္း၊ ဘီ အုပ္စုႏွင့္ စီအုပ္စုမ်ားကို နံနက္ ၇ နာရီမွ မြန္းလြဲ ၁ နာရီအထိ လည္းေကာင္း လက္ခံလဲလွယ္မႈ ျပဳလုပ္ေပးခဲ့သည္။

ထိုေန႔ကတိုက္ခန္းဝယ္ယူခြင့္ မဲႏွိုက္တာ ျဖစ္ၿပီး ေရာင္းခ်မည့္ တိုက္ခန္း ၅၀၀ ေက်ာ္မွာ အၿငိမ္းစားဝန္ ထမ္းမ်ားအတြက္ အခြင့္အေရးပိုေပးၿပီး ခြဲတမ္းခ် ထားေၾကာင္း၊အုပ္စုခြဲသည့္ အခါတြင္အၿငိမ္းစားဝန္ထမ္း၊ ၂၅ ႏွစ္အထက္ လုပ္သက္ရွိ ဝန္ထမ္း၊ ၁၁ ႏွစ္ႏွင့္၂၅ ႏွစ္ လုပ္သက္ရွိ ဝန္ထမ္းႏွင့္လုပ္သက္ ၁၀ ႏွစ္ဝန္ထမ္း ဆိုၿပီး ဝန္ထမ္းအခ်ိဳးႏွင့္တိုက္ခန္းအေရအတြက္အခ်ိဳးကို မွ်ၿပီး ခြဲေဝဝယ္ယူခြင့္ ေပးတာျဖစ္ေၾကာင္း၊မဲႏႈိက္သူမ်ားထဲတြင္ ယခင္ေလွ်ာက္ထားၿပီး ဝယ္ယူခြင့္မရသည့္ ဝန္ထမ္းမ်ားထဲက မဲလက္မွတ္ ျပန္လည္ထုတ္ယူထားသည့္ သူမ်ားလည္းပါေၾကာင္း၊ဝယ္ယူခြင့္အတြက္ ေအာင္ဘာေလစနစ္ႏွင့္ ကံတက္ကုန္း ဘကေက်ာင္းမွ ကေလးမ်ားက မဲႏႈိက္ေပးမွာျဖစ္ေၾကာင္း၊ဝယ္ယူခြင့္ရသူမ်ားအေနႏွင့္ ေနာက္တစ္ႀကိမ္ ကိုယ္ဘယ္အခန္း၊ဘယ္နံပါတ္ က်မလဲ ဆိုသည္ကို မဲမႏႈိက္ခင္ တိုက္ခန္းဖိုး အာမခံစေပၚေငြ ငါးသိန္းက်ပ္ ေပးသြင္းၿပီးမွ ထပ္မံမဲႏႈိက္ရမည္ ျဖစ္ ေၾကာင္းသိရသည္။

တိုက္ခန္း ၅၄၂ ခန္းအတြက္ ေလၽွာက္လႊာတင္သြင္းသည့္ စုစုေပါင္း အေရအတြက္ ၄၀၈၉ ခုရွိၿပီး ယင္းအ ထဲမွ ဝယ္ယူခြင့္ မဲႏွႈိက္ရန္အတြက္ မဲလက္မွတ္နံပါတ္ လာေရာက္ ထုတ္ယူသူမွာ ဇူလိုင္ ၂၉ ရက္အထိ ၂၅၄၀ ဦး သာရွိေၾကာင္း၊ေလၽွာက္လႊာတင္သြင္းမႈႏွင့္ မဲလက္မွတ္ လာေရာက္ထုတ္ယူမႈ နည္းျခင္းမွာ စေပၚေငြက်ပ္ငါးသိန္း ေပးသြင္းရမည့္အေပၚ အခက္အခဲျဖစ္မႈမ်ားေၾကာင့္ ျဖစ္ေၾကာင္း၊မဲေပါက္၍ ဝယ္ယူခြင့္ရသူမ်ားအေနျဖင့္ ေငြက်ပ္ ငါးသိန္း ေပးသြင္းၿပီး လာမည့္ ၾသဂုတ္ ၆ ရက္တြင္ တိုက္ခန္းနံပါတ္၊ အလႊာ၊ အခန္းနံပါတ္မ်ားကို မဲႏွႈိက္ရမည္ ျဖစ္ေၾကာင္း သိရသည္။

၎အိမ္ရာ တိုက္ခန္း တစ္ခန္းလၽွင္ အက်ယ္ ၆၆၁ စတုရန္းေပ က်ယ္ဝန္းၿပီး ယခုႏွစ္ေဈးႏႈန္း သတ္မွတ္ မႈအရ ေျမညီထပ္တစ္ခန္းလၽွင္ က်ပ္ ၂၆၇ သိန္းေက်ာ္၊ပထမထပ္ ၂၄၇ သိန္းေက်ာ္၊ဒုတိယထပ္ ၂၂၆ သိန္းေက်ာ္၊ တတိယထပ္ ၂၁၆ သိန္းေက်ာ္၊ စတုတၳထပ္ ၂၀၆ သိန္းေက်ာ္၊ ပဥၥမထပ္ ၁၉၅ သိန္းေက်ာ္ သတ္မွတ္ထားေၾကာင္း သိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

### Unicode Version ###

ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာရောင်းချပေးရာတွင် ဝယ်ယူရန် လျှောက်လွှာတင်သူ ၄၀၀၀ ကျော်ရှိပြီး သုံးပုံနှစ်ပုံသာ ဝယ်ယူခွင့် မဲနှိုက်ရန် မဲလက်မှတ် လာရောက် လဲလှယ်ထုတ်ယူခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၀ ရက်က စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမတွင် တန်ဖိုးမျှတအိမ်ရာ ဝယ်ယူခွင့်အတွက် မဲနှိုက်ရွေးချယ်မှု ပြုလုပ်ခဲ့ပြီး လျှောက်ထားသည့် ဝန်ထမ်းများအား လုပ်သက်များဖြင့် အေ၊ ဘီ၊ စီ၊ ဒီ အဖြစ် အုပ်စုများခွဲကာ ဝယ်ယူခွင့်အား မဲနှိုက်ချထားပေးခြင်းဖြစ်ပြီး မဲလက်မှတ်ထုတ်ယူမှု နည်းသည့်အတွက် မဲလက် မှတ်လဲယူ သည့်အချိန်အား အေ အုပ်စုနှင့် ဒီ အုပ်စုများကို နံနက် ၇ နာရီမှ မဲမနှိုက်မီ နံနက် ၁၀ နာရီအထိ လည်းကောင်း၊ ဘီ အုပ်စုနှင့် စီအုပ်စုများကို နံနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီအထိ လည်းကောင်း လက်ခံလဲလှယ်မှု ပြုလုပ်ပေးခဲ့သည်။

ထိုနေ့ကတိုက်ခန်းဝယ်ယူခွင့် မဲနှိုက်တာ ဖြစ်ပြီး ရောင်းချမည့် တိုက်ခန်း ၅၀၀ ကျော်မှာ အငြိမ်းစားဝန် ထမ်းများအတွက် အခွင့်အရေးပိုပေးပြီး ခွဲတမ်းချ ထားကြောင်း၊အုပ်စုခွဲသည့် အခါတွင်အငြိမ်းစားဝန်ထမ်း၊ ၂၅ နှစ်အထက် လုပ်သက်ရှိ ဝန်ထမ်း၊ ၁၁ နှစ်နှင့်၂၅ နှစ် လုပ်သက်ရှိ ဝန်ထမ်းနှင့်လုပ်သက် ၁၀ နှစ်ဝန်ထမ်း ဆိုပြီး ဝန်ထမ်းအချိုးနှင့်တိုက်ခန်းအရေအတွက်အချိုးကို မျှပြီး ခွဲဝေဝယ်ယူခွင့် ပေးတာဖြစ်ကြောင်း၊မဲနှိုက်သူများထဲတွင် ယခင်လျှောက်ထားပြီး ဝယ်ယူခွင့်မရသည့် ဝန်ထမ်းများထဲက မဲလက်မှတ် ပြန်လည်ထုတ်ယူထားသည့် သူများလည်းပါကြောင်း၊ဝယ်ယူခွင့်အတွက် အောင်ဘာလေစနစ်နှင့် ကံတက်ကုန်း ဘကကျောင်းမှ ကလေးများက မဲနှိုက်ပေးမှာဖြစ်ကြောင်း၊ဝယ်ယူခွင့်ရသူများအနေနှင့် နောက်တစ်ကြိမ် ကိုယ်ဘယ်အခန်း၊ဘယ်နံပါတ် ကျမလဲ ဆိုသည်ကို မဲမနှိုက်ခင် တိုက်ခန်းဖိုး အာမခံစပေါ်ငွေ ငါးသိန်းကျပ် ပေးသွင်းပြီးမှ ထပ်မံမဲနှိုက်ရမည် ဖြစ် ကြောင်းသိရသည်။

တိုက်ခန်း ၅၄၂ ခန်းအတွက် လျှောက်လွှာတင်သွင်းသည့် စုစုပေါင်း အရေအတွက် ၄၀၈၉ ခုရှိပြီး ယင်းအ ထဲမှ ဝယ်ယူခွင့် မဲနှှိုက်ရန်အတွက် မဲလက်မှတ်နံပါတ် လာရောက် ထုတ်ယူသူမှာ ဇူလိုင် ၂၉ ရက်အထိ ၂၅၄၀ ဦး သာရှိကြောင်း၊လျှောက်လွှာတင်သွင်းမှုနှင့် မဲလက်မှတ် လာရောက်ထုတ်ယူမှု နည်းခြင်းမှာ စပေါ်ငွေကျပ်ငါးသိန်း ပေးသွင်းရမည့်အပေါ် အခက်အခဲဖြစ်မှုများကြောင့် ဖြစ်ကြောင်း၊မဲပေါက်၍ ဝယ်ယူခွင့်ရသူများအနေဖြင့် ငွေကျပ် ငါးသိန်း ပေးသွင်းပြီး လာမည့် သြဂုတ် ၆ ရက်တွင် တိုက်ခန်းနံပါတ်၊ အလွှာ၊ အခန်းနံပါတ်များကို မဲနှှိုက်ရမည် ဖြစ်ကြောင်း သိရသည်။

၎င်းအိမ်ရာ တိုက်ခန်း တစ်ခန်းလျှင် အကျယ် ၆၆၁ စတုရန်းပေ ကျယ်ဝန်းပြီး ယခုနှစ်ဈေးနှုန်း သတ်မှတ် မှုအရ မြေညီထပ်တစ်ခန်းလျှင် ကျပ် ၂၆၇ သိန်းကျော်၊ပထမထပ် ၂၄၇ သိန်းကျော်၊ဒုတိယထပ် ၂၂၆ သိန်းကျော်၊ တတိယထပ် ၂၁၆ သိန်းကျော်၊ စတုတ္ထထပ် ၂၀၆ သိန်းကျော်၊ ပဉ္စမထပ် ၁၉၅ သိန်းကျော် သတ်မှတ်ထားကြောင်း သိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service