၂၅ ရာခိုင်နှုန်းပြီးစီးနေပြီး ကျပ်သိန်း ၇ သောင်းကျော် အကုန်ခံ၍ တည်ဆောက်နေသည့် မြဝတီမြို့က ခေတ်မီအဝေးပြေးယာဉ်ရပ်နားစခန်း - Property News in Myanmar from iMyanmarHouse.com
741 Views

၂၅ ရာခိုင်နှုန်းပြီးစီးနေပြီး ကျပ်သိန်း ၇ သောင်းကျော် အကုန်ခံ၍ တည်ဆောက်နေသည့် မြဝတီမြို့က ခေတ်မီအဝေးပြေးယာဉ်ရပ်နားစခန်း

### Zawgyi Version ###





 



 

### Unicode Version ###

ကျပ်သိန်း ၇ သောင်းကျော် အကုန်အကျခံပြီး မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ခေတ်မီ အဝေးပြေးယာဉ်ရပ်နား စခန်းတစ်ခု တည်ဆောက်လျှက်ရှိရာ ၂၅ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါခေတ် မီယာဉ်ရပ်နားစခန်းကို ၂ဝ၁၈ ခုနှစ် ၉ လ ပိုင်းက မြဝတီ မြို့နှင့် ၃ ကီလိုမီ တာအကွာ 'အေးသုခ'ကျေးရွာအနီးတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ "စိမ်းလဲ့မြိုင်" အဝေးပြေးယာဉ်ရပ်နားစခန်း ဟုအမည်ပေးထားပြီးကြောင်း သိရသည်။

အဆိုပါ စိမ်းလဲ့မြိုင်ခေတ်မီအဝးပြေးယာဉ်ရပ်နားစခန်းကို ကရင်ပြည်နယ်လွှတ်တော်၏ အတည်ပြုခွင့် ပြုချက်ရယူပြီးတည်ဆောက်ခြင်းဖြစ်ကြောင်း၊ကျပ်သိန်း ၇ သောင်းကျော်အကုန် ခံတည်ဆောက်တာဖြစ်ပြီး ၂ဝ၂၁ ဧပြီလလောက်တွင် ပြီးစီးဖို့ခန့် မှန်းထားကြောင်း၊ယာဉ်ရပ်နားစခန်ကြီးပြီးသွားလျှင် အိမ်ရာစီမံကိန်းများ ကိုပါတည်ဆောက်သွားမှာဖြစ်ကြောင်း၊ ပြည်သူတွေအနေနှင့် အရစ်ကျစနစ်နှင့်လစဉ်ငွေပေးသွင်းပြီး ပိုင်ဆိုင် မှုရရှိ အောင်ဆောင်ရွက်သွားနိုင်မည့် အစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်ရပ်နားစခန်း၏ ဧရိယာအကျယ်အဝန်းမှာ ၉ ဧကရှိပြီး မော်တော်ယာဉ်ကြီးများအတွက် ၂၅ ပေ၊ ၄ဝ ပေ ၂ ထပ် ဆောင် ၅၃ ခု၊ ယာဉ်ငယ်များအတွက် ၁၅ ပေ၊ ၃ဝ ပေ ၂ ထပ် ဆောင် ၅ဝ ခုတည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

 

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service