Green Building အိမ်၊ ခြံ၊ မြေများပေါ်ထွက်လာရေး ပူးပေါင်းဆောင်ရွက်သွားမည် - Property News in Myanmar from iMyanmarHouse.com
598 Views

Green Building အိမ်၊ ခြံ၊ မြေများပေါ်ထွက်လာရေး ပူးပေါင်းဆောင်ရွက်သွားမည်

### Zawgyi Version ###








 

### Unicode Version ###

မြန်မာနိုင်ငံတွင် Green Building စွမ်းအင်ချွေတာသည့်အိမ်ခြံမြေများတည်ဆောက်ပေါ် ထွက်လာရေးအတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တွင် ပြုလုပ်သည့် MOU လက်မှတ်ရေးထိုးပွဲမှသိရသည်။

" အခုလို MOU ပူးပေါင်းပြီး လက်မှတ်ရေးထိုးတာဟာကျွန်တော်တို့အင်ဂျင်နီယာပိုင်းက သူတို့ကိုဘယ်လောက်အထောက်အကူပြုနိုင်မယ်၊သူတို့ဘက်ကလည်း ကျွန်တော်တို့အင်ဂျင်နီယာပိုင်းအတွက် အကြံပေးနိုင်မယ်ဆိုတာရေရှည်ကိုဆောင်ရွက်သွားဖို့ အခုလိုဆောင်ရွက်ခြင်းဖြစ်ပါတယ် ။အိမ်ခြံမြေနဲ့ပတ်သက်ပြီး "ဟု မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်ဥက္ကဌ ဦးအောင်မြင့်ကပြောသည်။

အဆောက်အဦးများတွင် စံချိန်စံညွှန်းနှင့် ပတ်သက်ပြီးမည်သို့ဆောင်ရွက်ရမည်ဆိုသည်များကိုမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်အနေဖြင့် စာရင်းပြုစုထားပြီးအဆိုပါ အချက်များအပေါ် အခြေခံကာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် များနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း MOU လက်မှတ်ရေးထိုးပွဲထံမှသိရသည်။

ထို့အပြင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအနေဖြင့် မြန်မာနိုင်ငံအတွင်းဆောက်လုပ်နေသည့် အဆောက်အအုံများအတွက် နေထိုင်သူများ ပိုမိုကောင်းမွန်သော နေထိုင်မှုဖြစ်ပေါ်စေရန်အဆောက်အအုံအရည်အသွေးပိုင်း ကို အကျိုးဆောင်များနားလည်ပြီးအိမ်ရာကောင်းများ ရရှိစေရန် ရည်ရွယ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် မှစတင်ကာ အထပ်မြင့်ဆောက်လုပ်မှုများသိသိသာသာတိုးတက်ခဲ့ပြီး အဆောက်အုံများတွင် နေထိုင်ခွင့်မရသည့်ပြသနာများနှင့် ဝယ်ယူသူနှင့်ရောင်းချသူအကြား ပြသနာများကို အင်ဂျင်နီယာဘက်မှ အကျိုးဆောင်သို့ သိရှိပြီး ဝယ်ယူနိုင်ရန်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ MOU ရေးထိုးပွဲ မှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service